နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဇူဘီမန်ဒီ အတွက် စာချုပ်ဖျက်သိမ်းကြေး ပေးရင်ကို လက်လွှတ်သွားမယ့် ဆိုစီဒက် | ပရီးမီးယားလိဂ်

ရီးရဲလ်ဆိုစီဒက် ကတော့ သူတို့ အသင်းရဲ့ စပိန် ကွင်းလယ်လူ မာတင် ဇူဘီမန်ဒီကို ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် အသင်းထံ ရောင်းချဖို့ အတွက် သဘောတူညီမှု ရရှိလိမ့်မယ်လို့ မျှော်လင့်နေကြောင်း သိရပါတယ်။ ဒီသတင်း ကိုတော့ The Athletic သတင်းထောက် ဒေးဗစ် အွန်စတိုင်းက ဖော်ပြခဲ့တာ ဖြစ်ပြီး ဆိုစီဒက် အနေနဲ့ စပိန်သား အတွက် သူတို့ လိုချင်တဲ့ ပြောင်းရွှေ့ကြေး အတိုင်း လစ်ဗာပူးလ် ဘက်က ပေးချေဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ 

  လစ်ဗာပူးလ်ဟာ သူတို့ အသင်း အလိုရှိနေတဲ့ ကွင်းလယ် နေရာ အတွက် စပိန် ကွင်းလယ်လူ ဇူဘီမန်ဒီကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ခေါ်ယူဖို့ စတင် ကြိုးပမ်းလာခဲ့တာ ဖြစ်ပါတယ်။ ဒီမတိုင်ခင် ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက် ကလည်း ဇူဘီမန်ဒီကို စိတ်ဝင်စားခဲ့ပါသေးတယ်။ သတင်းတွေ အရ ဆိုရင် ဆိုစီဒက်က ဇူဘီမန်ဒီ အတွက် စာချုပ်လျော်ကြေး ယူရို သန်း ၆၀ သတ်မှတ်ထားပြီး ခေါ်ယူချင်တဲ့ အသင်းတွေ အနေနဲ့ အပြည့်အဝ ပေးချေဖို့ လိုလားနေတာ ဖြစ်ပါတယ်။ အကယ်၍ ဒီစာချုပ်ဖျက်သိမ်းကြေးထက် နည်းပါးတဲ့ ပမာဏနဲ့ ကမ်းလှမ်းလာခဲ့မယ် ဆိုရင်တော့ ဆွေးနွေးမှုတောင် ပြုလုပ်သွားမှာ မဟုတ်ကြောင်း သူတို့ရဲ့ ဆန္ဒကို ပြတ်ပြတ်သားသား ပြသထားတာ ဖြစ်ပါတယ်။ 

တစ်ဖက်မှာတော့ ဆိုစီဒက်က ဇူဘီမန်ဒီ အနေနဲ့ အသင်း ကနေ ထွက်ခွာဖို့ တောင်းဆိုလာခဲ့မယ် ဆိုရင်တော့ တားဆီးသွားမှာ မဟုတ်ပဲ ကစားသမားရဲ့ ဆန္ဒကို ဦးစားပေးသွားမယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် သူတို့ သတ်မှတ်ထားတဲ့ စာချုပ်ဖျက်သိမ်းကြေး အတိုင်း မဖြစ်မနေ ကမ်းလှမ်းဖို့ လိုအပ်ကြောင်း The Athletic က ဆက်လက် ဖော်ပြထားပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး လစ်ဗာပူးလ် ကတော့ အခုနွေရာသီ အပြောင်းအရွှေ့ ကာလမှာ ကစားသမားသစ် ခေါ်ယူ အားဖြည့်မှု လုံးဝ မပြုလုပ်ရသေးတဲ့ အသင်း ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ ပြီးခဲ့တဲ့ ရာသီ အကုန်မှာ ခံစစ်က ဂျိုဝဲလ် မက်တစ်ပ်၊ ကွင်းလယ်က သီယာဂိုနဲ့ ဂိုးသမား အက်ဒရီယန် တို့ကို လက်လွှတ်ထားခဲ့ရပြီး ကစားသမား အဝင်တော့ အခုချိန်ထိ မမြင်တွေ့ရသေးပါဘူး။ ဒါပေမယ့်လည်း နည်းပြသစ် ဆလော့တ် ကတော့ ကလော့ပ် တည်ဆောက်ခဲ့တဲ့ အသင်း အတိုင်း ဟန်ချက် မပျက်အောင် ထိန်းထားနိုင်တာ တွေ့ရပြီး ဒါကိုလည်း ရာသီကြို ခြေစမ်းပွဲတွေမှာ မြင်တွေ့ခဲ့ရပါတယ်။

လစ်ဗာပူးလ်ဟာ လက်တလောမှာ ကွင်းလယ် နေရာ အတွက် အဓိက အင်အားဖြည့်တင်းဖို့သာ အစဉ်တစိုက် ကြိုးပမ်းလာခဲ့တာ ဖြစ်ပြီး အစောပိုင်းမှာ ဂျူဗင်တပ်စ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးထားတဲ့ အက်ဒရီယန် ရာဘီယော့တ်နဲ့ သတင်းတွေ ထွက်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ရာဘီယော့တ်က အသက်အရွယ်ကြီးနေပြီ ဖြစ်တာကြောင့် အသက် ၂၅ နှစ် အရွယ်သာ ရှိနေသေးတဲ့ ဇူဘီမန်ဒီကို ပြောင်းလဲ ကြိုးပမ်းဖို့သာ ဆုံးဖြတ်ခဲ့ပုံရပါတယ်။ 

ဒေးဗစ် အွန်စတိုင်းနဲ့ ဖာဘရီဇီယို ရိုမာနို တို့လို မှန်ကန်တဲ့ အပြောင်းအရွှေ့ သတင်းတွေ အမြဲတမ်း ဖော်ပြနေသူတွေရဲ့ ပြောကြားချက် အရ လစ်ဗာပူးလ်ဟာ ဇူဘီမန်ဒီကို ခေါ်ယူဖို့ စတင် စုံစမ်း ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် ဆိုစီဒက်နဲ့ မကြာခင်မှာ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ရှိနေခဲ့တယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်