နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပွဲကြိုသုံးသပ်ချက် | တော့တင်ဟမ်ဟော့စပါး – အဲဗာတန် (ပရီးမီးယားလိဂ်)

တော့တင်ဟမ်ဟော့စပါး အဲဗာတန်

အခုတစ်ပတ် စနေနေ့မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၁ အဖြစ် တော့တင်ဟမ်ဟော့စပါးနဲ့ အဲဗာတန်တို့ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ ဒါကြောင့် ဒီပွဲနဲ့ ပတ်သတ်တဲ့ ပွဲကြို အချက်အလက်တချို့နဲ့

အန်တိုနီယို ကွန်တီရဲ့ စပါးက ချန်ပီယံလိဂ်မှာ နိုင်ပွဲ ပြန်ရခဲ့ပြီး စိတ်ဓာတ်ပိုင်း အရတော့ တော်တော်လေး အားကောင်းသွားတဲ့ သဘော ရှိပါတယ်။ ဆွန်ဟောင်မင်နဲ့ ကိန်းတို့ ပြိုင်တူ ဂိုးသွင်းနိုင်ခဲ့တာ ကလည်း ကျေနပ်စရာပါ။ ပရီးမီးယားလိဂ်မှာ အာဆင်နယ်ကို ရှုံးပြီးတဲ့နောက် စပါးက ၃ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိ ကစားထားနိုင်ခဲ့ပါတယ်။ နောက်ပြီး အားထားရတဲ့ ကူလူဆက်ဗ်စကီးလည်း ဒဏ်ရာကနေ ပြန်လည် သက်သာလာပြီမို့ ဒီပွဲကို ပါဝင် ကစားနိုင်တော့မှာပါ။ ဒီပွဲမှာ ပွဲပယ်ခံထားရတဲ့ အီမာဆင်က လွဲရင် စပါးက လူစုံတက်စုံ အသုံးပြုနိုင်မှာပါ။

ပရီးမီးယားလိဂ်မှာ ရလဒ်တွေ တောက်လျှောက် ကောင်းလာတဲ့ အဲဗာတန်က ယူနိုက်တက်ကို အိမ်ကွင်းမှာ အရေးနိမ့်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၂ နေရာမှာ ရပ်တည်နေတဲ့ အဲဗာတန်

ပရီးမီးယားလိဂ်မှာ ရလဒ်တွေ တောက်လျှောက် ကောင်းလာတဲ့ အဲဗာတန်က ယူနိုက်တက်ကို အိမ်ကွင်းမှာ အရေးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့် အဲဗာတန်ရဲ့ ခြေစွမ်းကတော့ မညံ့ခဲ့ပါဘူး။ ဦးဆောင်ဂိုး ရအောင် ကစားနိုင်ခဲ့ပြီး ဖိအားပေးတာတွေပါ လုပ်နိုင်ခဲ့ပါတယ်။ လမ်းပတ် လက်ထက်မှာ အဲဗာတန်က ပြန်လည် တည်ငြိမ်လာပြီး ဒဏ်ရာရ ကစားသမားတွေ ရှိနေတဲ့ကြားက အကောင်းဆုံး လုပ်ပြနေတာပါ။ ဒီပွဲမှာ ဘန်ဂေါ့ဖရေး၊ တောင်းဆန်၊ ပီတာဆန်တို့ ကစားနိုင်ဖို့ အခွင့်အရေး နည်းပါးနေပြီး မီနာနဲ့ ဟိုးလ်ဂိတ် တို့လည်း အနားယူနေရတုန်းပါ။ အန်သိုနီ ဂေါ်ဒွန်လည်း အဝါကတ် ၅ ကြိမ် ပြည့်သွားလို့ မပါဝင်နိုင်တာ ကတော့ အဲဗာတန် အတွက် စိတ်ပျက်စရာ ဖြစ်ပါတယ်။


ဖြစ်နိုင်ဖွယ် လူစာရင်း

စပါး – လိုရစ်၊ ရိုမဲယို၊ ဒိုင်ယာ၊ ဒေးဗီးစ်၊ ဒိုဟာတီ၊ ဟွိုက်ဘယက်ဂျ်၊ ဘန်တန်ကာ၊ ပါရီဆစ်၊ ရစ်ချာလီဆင်၊ ဟယ်ရီကိန်း၊ ဆွန်ဟောင်မင်

အဲဗာတန် – ပစ်ခ်ဖို့ဒ်၊ ကိုးမန်း၊ တာကောစကီး၊ ကိုဒီ၊ မိုင်ကိုလန်ကို၊ အိုနာနာ၊ ဂေးဟီ၊ အီဝိုဘီ၊ မက်နေးလ်၊ မူပေး၊ ဂရေး

ပရီးမီးယား လိဂ်
မန်ချက်စတာ ယူနိုက်တက်
ခရစ္စတယ်ပဲလေ့စ်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်

ဒီနှစ်သင်း နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၅ ပွဲမှာ ၁ ပွဲစီ နိုင်ပြီး သရေ ၃ ပွဲကျခဲ့ပါတယ်။ ဒါပေမယ့် စပါးကွင်းမှာ ပြီးခဲ့တဲ့ ရာသီက ရင်ဆိုင်ခဲ့ရချိန်မှာ ၅ ဂိုးပြတ်နဲ့ စပါးတို့ အနိုင်ရထားပါတယ်။ စပါးက ပရီးမီးယားလိဂ် နောက်ဆုံး ၉ ပွဲမှာ အာဆင်နယ် တစ်သင်းတည်းကိုသာ အရေးနိမ့်ထားခဲ့ပြီး ၆ ပွဲ အနိုင်ရခဲ့ပါတယ်။ အဲဗာတန် ကတော့ ၁-၁ သရေပွဲတွေ အများဆုံး ကစားခဲ့ပြီး နောက်ဆုံး ၉ ပွဲမှာ နိုင်ပွဲ ၂ ပွဲ ရှိခဲ့ကာ ၄ ပွဲ သရေကျပြီး ၃ ပွဲ ရှုံးခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

ဒီပွဲမှာ 1X2 ရဲ့ ပေးထားပုံအရ စပါး နိုင်ရင် ၁.၅ ဆ၊ အဲဗာတန် နိုင်ရင် ၅.၂၅ ဆ ရမှာပါ။ သရေ ဆိုရင်တော့ ၄.၇၅ ဆ အထိ ရပါလိမ့်မယ်။ Handicap မှာ ဆိုရင် စပါးက ၁ လုံး သရေကနေ စပေးပြီး ၁ လုံး ၅၀ ရှုံး အထိ ပေါက်နေပါတယ်။ ဂိုးပေါင်း ကိုတော့ ၃ လုံး ၅၀ နိုင် တစ်ခုတည်း ဖွင့်လှစ်ထားပါတယ်။ လက်ရှိ ခြေစွမ်းနဲ့ ကစားသမား စုဖွဲ့မှုအရ ဆိုရင် စပါးက အနိုင်ရရင်တောင် ဂိုးပြတ်ဖို့ မလွယ်ပါဘူး။ ဒါပေမယ့် အဲဗာတန်မှာ အားထားနေရတဲ့ ဂေါ်ဒွန် မပါနိုင်တာက လမ်းပတ်ကို အင်အား နည်းစေပါလိမ့်မယ်။ အိမ်ကွင်းမှာ ဆိုရင် ဖိဖိစီးစီးနဲ့ ကစားတတ်ပြီး နိုင်ပွဲ မရရအောင် ယူတတ်တဲ့ စပါးရဲ့ ပုံစံကြောင့် အနိုင်ရဖို့ပဲ ရှိပါတယ်။ အဓိကကတော့ အဲဗာတန်မှာ အဓိက ကစားသမား တချို့ မပါနိုင်တာမို့ စပါး ကိုပဲ ရွေးချယ်ချင်ပါတယ်။

ခန့်မှန်းရလဒ်

တော့တင်ဟမ်ဟော့စပါး ၁-၀ အဲဗာတန်

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်