မန်ချက်စတာစီးတီး – ဘရန့်ဖို့ဒ်
အခုတစ်ပတ် ကြားရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ ရဲ့ ပွဲကောင်းတွေ ဆက်လက် ကစားဖို့ ရှိနေပြီး မန်ချက်စတာစီးတီးနဲ့ ဘရန်ဖို့ဒ် တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှု နဲ့ ပတ်သတ်လို့ သုံးသပ်ချက်တွေကို ဖော်ပြပေးချင်ပါတယ်။
မန်ချက်စတာစီးတီး ကတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်မှာ အာဆင်နယ်နဲ့ သူတပြန် ကိုယ်တပြန် ဖြစ်နေပါတယ်။ အာဆင်နယ်နဲ့ ၂ မှတ် ကွာဟနေပြီး ဖိအားတွေ ဆက်တိုက်ပေးထားနိုင်ဆဲ ဖြစ်ပါတယ်။ ဖူလ်ဟမ်နဲ့ ပွဲမှာ ဟာလန်းက ပွဲထွက်မပါခဲ့ပေမယ့် ဒီပွဲ ကိုတော့ ပါဝင်လာဖို့ ရှိနေပါတယ်။ ကမ္ဘာ့ဖလား မတိုင်ခင် ကစားရမယ့် ဒီပွဲတွေကို မန်စီးတီးက အမှားခံမှာ မဟုတ်လို့ လူစုံထုတ် အသုံးပြုဖို့လည်း သေချာသလောက်ပါပဲ။
ဘရန်ဖို့ဒ်ကလည်း တိုက်စစ်မှူး အိုင်ဗန် တိုနေးရဲ့ ပြသနာရှိနေလို့ နည်းနည်းတော့ အခက်တွေ့နေမှာပါ။ တိုနေးက လုပ်ပွဲ ကစားမှု သံသယနဲ့ စုံစမ်း စစ်ဆေးခံနေရမှာ ဖြစ်ပြီး သူ ပါဝင်ပါ့မလား ဆိုတာတော့ မသေချာသေးပါဘူး။ ဒါပေမယ့် ရလဒ်တွေ မဆိုးဘူးလို့ ပြောရမယ့် ဘရန်ဖို့ဒ်က ကျန်ကစားသမားတွေ အင်အားနဲ့တော့ အတောင့်တင်းဆုံး အခြေအနေမှာ ရှိနေဆဲ ဖြစ်ပါတယ်။ တနည်းအားဖြင့် မန်စီးတီးကို အခက်တွေ့စေနိုင်တဲ့ ပရီးမီးယားလိဂ် အသင်း တစ်သင်းလို့ ဆိုရင်လည်း မမှားပါဘူး။
ဖြစ်နိုင်ဖွယ် လူစာရင်း
မန်စီးတီး – အီဒါဆန်၊ ဂျွန်စတုန်းစ်၊ အကန်ဂျီ၊ အကီ၊ ဖိုဒန်၊ ဒီဘရိုင်း၊ ရိုဒရီ၊ ဂန်ဒိုဂန်၊ ဂရီလစ်ရှ်၊ ဟာလန်း၊ ဘာနာဒို ဆေးလ်ဗား
ဘရန်ဖို့ဒ် – ရာယာ၊ ရမ့်စ်၊ ဘန်မီး၊ ပင်နော့ခ်၊ ဟင်နရီ၊ ဒီဆေးလ်ဗား၊ ဂျန်လတ်၊ ဂျန်ဆန်၊ အမ်ဘူနို၊ ဝစ်ဆာ၊ လီဝစ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
မန်စီးတီး ကတော့ ပရိးမီးယားလိဂ်မှာ ဆက်တိုက် အနိုင်ရနေပါတယ်။ ဖူလ်ဟမ်နဲ့ ပွဲမှာလည်း သရေကျတော့မယ့် အရေး ကနေ နာကျင် အချိန်ပိုမှာ ပင်နယ်တီရခဲ့လို့ နိုင်ပွဲ ရခဲ့ပါတယ်။ ဒါပေမယ့် ဒီနောက်ပိုင်းမှာ မန်စီးတီးက နည်းနည်း ခြေကျလာသလိုပါပဲ။ ဒေါ့မွန်နဲ့ အရေးမပါတော့တဲ့ ပွဲက လွဲရင် ကျန်ပွဲတွေမှာ သူတို့တွေ ဂိုးတွေ ရနေပေမယ့် ဆက်တိုက်ဆိုသလို ဂိုးတွေ ပြန်ပေးနေရတာက သတိထားစရာ ဖြစ်ပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲအထိ မန်စီးတီးတို့ ဂိုးပေးခဲ့ရပါတယ်။
ဘရန်ဖို့ဒ် ကတော့ သရေပွဲတွေ များနေပါတယ်။ ဗီလာကို ၄ ဂိုးပြတ် ရှုံးခဲ့တာက ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ ၁ ပွဲတည်းသော ရှုံးပွဲပါ။ တစ်ခု စဉ်းစားရမှာက ဘရန်ဖို့ဒ်က အိမ်ကွင်းဆို ပိုကောင်းပြီး အဝေးကွင်း တအားညံ့ပါတယ်။ အဝေးကွင်းမှာ နောက်ဆုံး ၂ ပွဲစလုံး နိုင်ပွဲ မရရှိထားပဲ သူတို့ရဲ့ အားနည်းချက်ကို တွေ့ရမှာပါ။ အီတီဟတ် မှာလည်း သူတို့တွေ ဒီပုံစံအတိုင်းဆို မလွယ်ပါဘူ။ နောက်ဆုံး ၂ ကြိမ်ဆက် မန်စီးတီးကိုလည်း အရေးနိမ့်ထားပြီး တဂိုးမှ မသွင်းထားနိုင်ပါဘူး။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
1X2 မှာ မန်စီးတီး အနိုင်ရရင်တောင် ၁.၁၂ ဆပဲ ရမှာပါ။ ဘရန်ဖို့ဒ် ကတော့ ၁၅ ဆ အထိရဖို့ ရှိပါတယ်။ အာရှ အကျောပေးမှာ ဆိုရင်တော့ မန်စီးတီးက ၂ လုံး သရေ၊ ၂ လုံး အရှုံး ကြေးထွက်နေပြီး ဂိုးပေါင်း ကတော့ ၃လုံး အရှုံး ကနေ စဖွင့်ထားပါတယ်။ မန်စီးတီးရဲ့ ခြေစွမ်းကြောင့် ကြေးတွေ မြင့်မားနေတာ ဖြစ်ပြီး နောက်ဆုံး ပွဲစဉ် ရလဒ်တွေ အရ ဆိုရင် ဘော်ဒီကြေးက ပြင်းတယ်လို့တောင် ပြောလို့ ရပါတယ်။ ဂိုးသွင်းအား နည်းနည်း ပြန်ကျလာပြီး ဟာလန်း မပါရင် ရုန်းကန်နေရတဲ့ အတွက် ဒီပွဲမှာ ဟာလန်းပါ၊ မပါ ကိုတော့ စောင့်ကြည့်ရဖို့ ရှိပါတယ်။ သူ ပါဝင်လာမယ် ဆိုရင်တော့ မန်စီးတီး တိုက်စစ်က အားကောင်းမှာ သေချာတယ်။ ဂိုးရဖို့လည်း လွယ်ပါလိမ့်မယ်။ ကမ္ဘာ့ဖလား မတိုင်ခင် အမှားခံမှာ မဟုတ်လို့ ဂွာဒီယိုလာ လူစုံထုတ်ပြီး ကစားပါလိမ့်မယ်။ မန်စီးတီး ကိုပဲ ရွေးချယ်ရမှာပါ။ အာလင်း ဟာလန်းလည်း ပြန်ကစားမယ်လို့ ယူဆရလို့ ဂိုးပေါင်း အပေါ်ကိုပါ တွဲဆော့စေချင်ပါတယ်။
ခန့်မှန်းရလဒ်
မန်ချက်စတာစီးတီး ၄-၁ ဘရန့်ဖို့ဒ်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.