မန်ချက်စတာစီးတီး – ဘုန်းမောက်
၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ပရီးမီးယားလိဂ် ပွဲစဉ် (၂) အဖြစ် မန်စီးတီးနဲ့ ဘုန်းမောက်တို့ အီတီဟတ်ကွင်းမှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ ဒါကြောင့် အခုပွဲနဲ့ ပတ်သတ်တဲ့ ပွဲကြို အချက်အလက် တချို့နဲ့ သုံးသပ်ချက်တွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
မန်ချက်စတာစီးတီးတို့ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ် မှာ ကစားရခက်တဲ့ ဝက်စ်ဟမ်းကို အဝေးကွင်းမှာ အာလင်း ဟာလန်းရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရထားခဲ့ပါတယ်။ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ ကစားသမား အင်အား အတောင့်တင်းဆုံး အသင်း ဖြစ်သလို ကြောက်စရာ ကောင်းတဲ့ တိုက်စစ် စုဖွဲ့မှုလည်း ပိုင်ဆိုင်ထားတာကြောင့် မန်စီးတီးတို့ ပြိုင်ဘက်တိုင်းကို အဘက်ဘက်က အသာစီးနဲ့ ကစားနိုင်တာ သိပ်တော့ မထူးဆန်းပါဘူး။ ဒါ့အပြင် တိုက်စစ်မှူးသစ် အာလင်း ဟာလန်းနဲ့ ကွင်းလယ် ဖန်တီးရှင် ကီဗင် ဒီဘရိုင်းနားတို့ အကြား မြန်မြန်ဆန်ဆန် နားလည်မှု ရသွားခဲ့တာကြောင့် မန်စီးတီးတို့ အကောင်းဆုံး ပုံစံ တစ်ခုနဲ့ ရာသီသစ်ကို စတင်ထားနိုင်တာလည်း ဖြစ်ပါတယ်။ လက်တလော ပပ်ရဲ့ အသင်းက ဒဏ်ရာ ပြသနာ ကင်းရှင်းနေပြီး အခုပွဲကိုလည်း အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာဖို့ ရှိနေပါတယ်။
တန်းတက် ဘုန်းမောက် ကတော့ အထင်ကြီးစရာ ခြေစွမ်းနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ အက်စတွန်ဗီလာကို ၂-၀ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။ အဓိက, ကတော့ ဂိုးသမား ထရာဗားစ်နဲ့ နောက်ခံလူ လာမာတို့ အထူး ခြေစွမ်းပြမှုကြောင့် ဘုန်းမောက်တို့ ရာသီသစ်ကို အနိုင် ၃ မှတ်နဲ့ ဖွင့်လှစ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ကစားသမား ကောင်းတွေ တပုံတပင် ရှိနေပါတယ် ဆိုတဲ့ ဂျရတ်ရဲ့ အသင်းက ဂိုးပေါက် တည့်မှု ၁ ကြိမ်ပဲ ရှိခဲ့တဲ့ အထိ ရုန်းကန်ခဲ့ရတာပါ။ စကော့တ် ပါကားရဲ့ အသင်းက အခုပွဲ မှာလည်း တောင်ပံတွေ ကိုပဲ အားပြုပြီး လျင်မြန်တဲ့ တန်ပြန် တိုက်စစ်နဲ့ မန်စီးတီး ပြန်လည် ရင်ဆိုင်သွားမယ့် သဘော ရှိပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
မန်စီးတီး – အီဒါဆန်၊ ဝေါ်လ်ကာ၊ ဒီယက်စ်၊ အကီ၊ ကန်ဆယ်လို၊ ဒီဘရိုင်း၊ ရိုဒရီ၊ ဂန်ဒိုဂန်၊ ဖိုဒန်၊ ဟာလန်း၊ ဂရီးလစ်ရှ်
ဘုန်းမောက် – ထရာဗားစ်၊ ကယ်လီ၊ မီဖန်၊ လာမာ၊ ဇီမူယာ၊ ဘေလင်း၊ ပီယာဆန်၊ စမစ်၊ ထရာဗီနီယာ၊ ဆိုလန်ကီ၊ မိုး
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၅ ကြိမ်မှာ မန်စီးတီးက ဘုန်းမောက်ကို ပွဲတိုင်း အနိုင်ရထားခဲ့ပြီး တစ်ပွဲကို ပျမ်းမျှ ၂ ဂိုးနှုန်း သွင်းယူနိုင်ခဲ့ပါတယ်။ သတိထားစရာ ရှိတာက ဘုန်းမောက်ဟာ အဲဒီ ၅ ပွဲမှာ ၄ ပွဲအထိ မန်စီးတီး ဘက်ကို ဂိုးပြန် သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် အီတီဟတ်မှာ ကစားခဲ့တဲ့ ၃ ပွဲ စလုံး ဘုန်းမောက်တို့ သွင်းဂိုးရထားခဲ့တာ ဖြစ်ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
SBOTOP 1X2 မှာ မန်စီးတီး အနိုင် အတွက် ၁.၀၆ ဆ၊ ဘုန်းမောက် အနိုင် ဆိုရင် ၂၂.၀၀ ဆ၊ သရေ အတွက် ကတော့ ၁၂.၀၀ ဆ ဆိုပြီး ကြေးဖွင့်ပေးထားတာ တွေ့ရပါတယ်။ ဘုန်းမောက်တို့ အဖွင့်ပွဲမှာ ဘယ်လိုပဲ မထင်မှတ်တာတွေ လုပ်ပြထားခဲ့ပါစေ။ လက်ရှိ ဥရောပရဲ့ အကောင်းဆုံး အသင်း တစ်သင်း ဖြစ်သလို လက်ရှိ ချန်ပီယံလည်း ဖြစ်တဲ့ မန်စီးတီးကို ဘယ်လိုမှ ယှဉ်ကစားနိုင်ဖို့တော့ မရှိပါဘူး။ 1X2ရဲ့ မန်စီးတီး အနိုင် အတွက် 1.05 ဆ ဆိုတာ ကလည်း အကျိုးအမြတ် အတွက် ထည့်ပြီး စဉ်းစားစရာ ကြေးဖွင့်လှစ်မှုမျိုး မဟုတ်လို့ အာရှအကျောပေးနဲ့ ဂိုးပေါင်းဘက်ကို လှည့်ရမယ့် အခြေအနေ ဖြစ်နေပါတယ်။ ကိုယ့်သဘော ဆန္ဒအရ ဆိုရင် ဒီပွဲကို လက်ရှောင်လိုက်မှာပါ။ မန်စီးတီး အနိုင်သေချာပြီး နှစ်သင်းပေါင်း သွင်းဂိုး အများဘက်ကို ဦးတည်နိုင်တဲ့ ပွဲလို့ပဲ ထင်ပါတယ်။
ခန့်မှန်းရလဒ်
မန်ချက်စတာစီးတီး ၃-၁ ဘုန်းမောက်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.