နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ (၄/၆/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇွန်လ ၄ ရက်နေ့ အထိ နောက်ဆုံး ရရှိထားတဲ့ ပရီးမီးယားလိဂ် သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ရာဖင်ညာနဲ့ ဖီးလစ် နှစ်ဦးပေါင်း အတွက် အနည်းဆုံး ပေါင်သန်း ၁၀၀ လိုချင်နေတဲ့ လိဒ်စ်

လိဒ်စ်ယူနိုက်တက် အသင်း အနေနဲ့ ရာဖင်ညာနဲ့ ကယ်ဗင်ဖီးလစ် အတွက် ပေါင် သန်း ၁၀၀ ကျော် အလိုရှိနေတယ်လို့ 90 Minutes က ဖော်ပြပါတယ်။ ပရီးမီးယားလိဂ် ကလပ် အနေနဲ့ အဓိက ကစားသမား နှစ်ဦးစလုံးကို အသင်းမှာ ဆက်ရှိနေဖို့ လိုလားနေပေမယ့် အကယ်၍ ထွက်ခွာခဲ့မယ် ဆိုရင်လည်း ပေါင်သန်း ၁၀၀ ထက် မနည်းလိုချင်နေတာ ဖြစ်ပါတယ်။ လိဒ်စ်ဟာ ပရီးမီးယားလိဂ် ဆက်ကစားခွင့် ရထားတာကြောင့် အသင်းမှာ ရှိတဲ့ ကစားသမားတွေကို ဆက်ထိန်းထားနိုင်ဖို့ အခြေအနေ ကောင်းနေပေမယ့် သင့်တော်တဲ့ ကမ်းလှမ်းမှုမျိုး ရရင်တော့ ရောင်းထုတ်သွားဖွယ် ရှိနေတယ်လို့လည်း 90 Minutes က ဖော်ပြပါတယ်။

ရာဖင်ညာဟာ ဥရောပထိပ်တန်းကလပ် တော်တော်များများရဲ့ ကာလအတန်ကြာ စောင့်ကြည့်ခြင်း ခံနေရသူ ဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့တုန်းက ဝက်စ်ဟမ်းက ပေါင် သန်း ၅၀နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ယော့ခ်ရှိုင်းယား ကလပ်ဘက်က ပယ်ချခဲ့ဖူးပါတယ်။ ဟမ်းမားတွေရဲ့ စိတ်ဝင်စားမှု လျော့သွားချိန် မှာတော့ လာလီဂါ ထိပ်သီး ဘာစီလိုနာ အသင်းနဲ့ အသံ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လျက်ရှိပြီး ရာဖင်ညာဟာ ဇာဗီရဲ့ အဓိက ပစ်မှတ် ကစားသမားတွေထဲမှာ ထိပ်ဆုံးက ပါဝင်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့် ကတ်တာလန် ကလပ်ရဲ့ ဘဏ္ဏာရေး အခြေအနေအရ ကစားသမားသစ် ခေါ်ယူဖို့ ဆိုရင် အသင်းမှာ ရှိတဲ့ လူဟောင်းတွေကို ဦးစွာ ရောင်းထုတ်နိုင်ဖို့ လိုအပ်နေတယ်လို့ သိရပါတယ်။

ရာဖင်ညာကို လစ်ဗာပူးလ်နဲ့ ဘေယန်မြူးနစ် တို့ကလည်း ချိတ်ဆက်နေပြီး အသက် ၂၅ နှစ် အရွယ် ဘရာဇီးလ် တောင်ပံ တိုက်စစ်မှူးဟာ လိဒ်စ်ယူနိုက်တက်နဲ့ စာချုပ် သက်တမ်း ၂ နှစ် ကျန်ရှိနေသေးပေမယ့် စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆိုထားသူ ဖြစ်ပါတယ်။ ဆက်စပ် သတင်းတွေ အရ ယူနိုက်တက်၊ နယူးကာဆယ်၊ အက်စတွန်ဗီလာနဲ့ ဝက်စ်ဟမ်း အသင်းတွေရဲ့ အဓိက ပစ်မှတ် ဖြစ်နေတဲ့ ကယ်ဗင်ဖီးလစ် ကတော့ အသင်းမှာ ပျော်ရွှင်နေပေမယ့် ပေါင်သန်း ၅၀ ရရင် အသင်းပြောင်းရွှေ့ခွင့်ရဖွယ် ရှိနေပါတယ်။

ယူအီးအက်ဖ်အေ နေးရှင်းလိဂ်
ပေါ်တူဂယ်
ဆွစ်ဇာလန်
1X2 ဆွစ်ဇာလန် @ 4.40
ပေါ်တူဂယ် အာရှ အကျောပေး -1.00 @ 2.28
ဂိုး‌အောက် 2.00 @ 2.31
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဟာလန်းဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ဖြစ်လာနိုင်တယ်လို့ ဂရီးလစ်ရှ်ဆို

ဟာလန်းဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ဖြစ်လာနိုင်တယ်လို့ မန်ချက်စတာစီးတီး အသင်းရဲ့ ကစားသမား ဂျက်ဂရီးလစ်ရှ်က ချီးကျုး ပြောကြားလိုက်ပါတယ်။ နော်ဝေ ကြယ်ပွင့် အာလင်း ဟာလန်းဟာ ဒေါ့မန် အသင်း ကနေ ပေါင် ၅၁ သန်းနဲ့ ပရီးမီးယားလိဂ် ချန်ပီယံ တို့ထံ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး အသင်းဖော်သစ် ဂျက်ဂရီးလစ်ရှ် အခုလိုပဲ ပြောကြားလိုက်တာ ဖြစ်ပါတယ်။ ဟာလန်းဟာ ဒေါ့မန် မှာ ၈၉ ပွဲ ကစားရာမှာ ၈၆ ဂိုး သွင်းယူနိုင်ခဲ့ပြီး ဥရောပထိပ်သီးအသင်း အများစုရဲ့ မျက်စိကျခြင်း ခံခဲ့ရပေမယ့် မန်စီးတီး အသင်းကိုသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့သူလည်း ဖြစ်ပါတယ်။

Mirrorနဲ့ အင်တာဗျူးမှာ ဂရီးလစ်ရှ်က သူ့ အနေနဲ့ ဂိုးတွေ ပိုသွင်းပြီး ဂိုးဖန်တီးမှုတွေ ပြုလုပ်ချင်ခဲ့ကြောင်း၊ သူ့ အနေနဲ့ အမြဲတမ်း အနိုင်ရလိုပြီး အဓိက ရည်ရွယ်ချက် ကတော့ ပရီးမီးယားလိဂ် ဖလား ကိုင်မြှောက်ခွင့်ရဖို့ ဖြစ်သလို အမှန်တကယ်လို့ လုပ်ဆောင်နိုင်ခဲ့ကြောင်း နောက်ရာသီမှာ အခုထက် ပိုပြီး လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ဂရီးလစ်ရှ်က သူတို့ အသင်းဟာ ထိပ်တန်း တိုက်စစ်မှူး တစ်ဦးကို ခေါ်ယူနိုင်ခဲ့ပြီး ပြောရမယ် ဆိုရင် ကမ္ဘာအကောင်းဆုံး တိုက်စစ်မှူး တစ်ဦး ဖြစ်တယ်လို့ ဟာလန်းကို ချီးကျူးစကားဆိုခဲ့တာ ဖြစ်ပါတယ်။

ဂရီးလစ်ရှ်ဟာ ပြီးခဲ့တဲ့ နှစ်က အက်စတွန်ဗီလာ ကနေ မန်စီးတီး အသင်းထံ ဗြိတိန် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀နဲ့ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အင်္ဂလန် ကစားသမား အတွက် မန်စီးတီးနဲ့ ပွဲဦးထွက်ဟာ မလှပခဲ့ပဲ ပြိုင်ပွဲစုံ ၃၁ ပွဲ ပွဲထွက်ခွင့်ရခဲ့ပေမယ့် ၆ ဂိုး သွင်းပြီး ဖန်တီးမှု ၄ ကြိမ်သာ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။


ကစားသမားဘဝ ကနေ အပြီးတိုင် အနားယူခဲ့ပြီ ဖြစ်ကြောင်း ကြေညာခဲ့တဲ့ တီဗက်စ်

အာဂျင်တီးနား တိုက်စစ်မှူး ကားလို့စ် တီဗက်စ် အနေနဲ့ ဖခင် ဖြစ်သူ ကွယ်လွန်ပြီးနောက် ကစားသမားဘဝ ကနေ အနားယူတော့မှာ ဖြစ်ကြောင်း ကြေညာသွားခဲ့ပါတယ်။ တီဗက်စ်ရဲ့ ဖခင် ဖြစ်သူ ဆီဂန်ဒို ရိုင်မန်ဒိုဟာ ကိုဗစ် ၁၉ ကြောင့် ကွယ်လွန် အနိစ္စရောက်ခဲ့သူ ဖြစ်ပြီး အသက် ၃၈ နှစ် အရွယ် ကစားသမား ဟာ သူ့ရဲ့ နံပါတ်တစ် ပရိသတ်ရဲ့ အားပေးမှု မရှိပဲ ဘောလုံး ကစားရတာ ခက်ခဲတာကြောင့် ကစားသမား အဖြစ် ကနေ အပြီးတိုင် အနားယူဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

တီဗက်စ်ဟာ ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ ဝက်စ်ဟမ်း၊ မန်ချက်စတာစီးတီး၊ မန်ချက်စတာယူနိုက်တက်နဲ့ စီးရီးအေ ထိပ်သီး ဂျူဗင်တပ်စ် အသင်းမှာ ကစားခဲ့သူ ဖြစ်ပါတယ်။ ကစားသမား ဘဝ သက်တမ်းတစ်လျှောက် ကလပ် အသင်း ၇ သင်းမှာ ကစားခဲ့တဲ့ တီဗက်စ် ဟာ ၁၆၄ ဂိုးသွင်းခဲ့သူ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်