နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်ဖို့ ခြေလှမ်းပြင်လာတဲ့ ပရီးမီးယားလိဂ် ထိပ်သီး ကလပ်များ

နောက်ထပ် ရရှိထားတဲ့ စိတ်ဝင်စားစရာ ပရီးမီးယားလိဂ် အပြောင်းအရွှေ့ သတင်းတွေကို ဆက်လက် ဖော်ပြပေးရမယ် ဆိုရင်တော့…

ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေ ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်၊ မန်စီးတီးနဲ့ အာဆင်နယ် အသင်း တွေဟာ ဘရိုက်တန် ကွင်းလယ်လူ ကာအိုယု မီတိုမာကို ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုးစားနေတယ်လို့ သိရပါတယ်။ အာဆင်နယ် အသင်းဟာ ဆိုရင် မီတိုမာရဲ့ နိုင်ငံလက်ရွေးစင် အသင်းဖော်တွေ ဖြစ်ကြတဲ့ လက်ရှိ ရီးရဲလ်ဆိုစီဒက်မှာ ကစားနေတဲ့ တာကာဖူဆာ ကူဘို ကိုပါ ခေါ်ယူချင်နေတယ်လို့ သတင်းတွေက ဖော်ပြလျက် ရှိပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်တို့ နောက်ထပ် စိတ်ဝင်စားနေတဲ့ ကစားသမား တစ်ဦး ကတော့ လာလီဂါ ကလပ် ဂီရိုနာ အသင်းရဲ့ ဘယ်နောက်ခံလူ မီဂွယ် ဂူတီယာရက်ဇ် ဖြစ်ပြီး အပြိုင်အဆိုင် ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အာဆင်နယ် ဘယ်နောက်ခံလူ နေရာမှာ လက်ရှိ တိုမီယာဆု၊ ခီဗီယော တို့ ကစားနေသလို တင်ဘာလည်း ဒဏ်ရာက ပြန်လည် သက်သာလာတော့မှာ ဖြစ်ပေမယ့် ခံစစ်ပိုင်း အတွက် အားကိုးလို့ မရတဲ့ ဇင်ချန်ကို နေရာမှာ အစားထိုးဖို့ ပြင်ဆင်နေပုံပေါ်ပါတယ်။ ယူနိုက်တက် ကတော့ လုခ်ရှော မကြာခဏ ဒဏ်ရာရနေတာကြောင့် လက်ရှိမှာ ဘယ်နောက်ခံလူ အဖြစ် ဒါးလော့တ်နဲ့ ဝမ်ဘစ်ဆာခါ တို့ကို အသုံးပြုနေရပါတယ်။ ဒါကြောင့် ခံစစ်ပိုင်း အင်အားဖြည့်တင်းမှု အနေနဲ့ ဂူတီယာရက်ဇ်ကို ခေါ်ယူချင်နေတာ ဖြစ်နိုင်ပါတယ်။

တစ်ဆက်တည်းမှာပဲ ယူနိုက်တက်ဟာ အဲဗာတန် အသင်းရဲ့ နောက်ခံလူ ဂျရတ် ဘရန့်ဝိတ်သ် ကို ယူရို သန်း ၆၀နဲ့ ခေါ်ယူဖို့ ကြိုးစားနေပြီး အပြောင်းအရွေ့ စျေးကွက်စတာနဲ့ ခေါ်ယူနိုင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။

နောက်ထပ် ပရီးမီးယားလိဂ် ထိပ်သီး ကလပ် တစ်ခု ဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါး အသင်းဟာ ဆိုရင်လည်း ဘရန့်ဖိုဒ် တိုက်စစ်မှူး အိုင်ဗန် တိုနေးကို ယူရို ၄၅ သန်းနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။ ဒီအင်္ဂလန် တိုက်စစ်မှူးကို အစောပိုင်းတုန်းက အာဆင်နယ်၊ ချဲလ်ဆီးနဲ့ ယူနိုက်တက် တို့က အသည်းအသန် စိတ်ဝင်စားခဲ့ကြပေမယ့် လက်ရှိမှာတော့ မြောက်လန်ဒန် ကလပ်က အတည်ခေါ်ယူဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။

ချဲလ်ဆီး အသင်းရဲ့ ဂိုးသမား ဖြစ်တဲ့ ရောဘတ် ဆန်းချက်ဇ်ဟာ ဒဏ်ရာရနေတာ ကြာမြင့်နေပြီ ဖြစ်တာကြောင့် အေစီမီလန် ဂိုးသမား မိုက်ခ် မိုက်ဂ်နန်ကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ ရောဘတ် ဆန်းချက်ဇ်ဟာ ဘရိုက်တန် ကနေ ပြောင်းရွှေ့လာပြီး ကတည်းက ချဲလ်ဆီး အတွက် ၂၁ ပွဲသာ ကစားပေးထားပြီး ဒဏ်ရာရနေတာကြောင့် ပက်ထရိုဗစ် ကပဲ ပွဲထွက်နေရတာ ဖြစ်ပါတယ်။

သတင်းတွေ အရ ဆိုရင် မန်ချက်စတာယူနိုက်တက် အသင်းဟာ နောက်ခံလူ ရာဖေးလ် ဗာရန်းကို စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ အလွတ်နဲ့ ပြောင်းရွှေ့ခွင့် ပေးတော့မှာ ဖြစ်ပြီး ဝါရင် ကွင်းလယ်လူ ခရစ္စတီယန် အဲရစ်ခ်ဆန် ကိုလည်း လာမယ့် ရာသီ အသင်းမှာ ဆက်လက်ထားရှိတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။ရီးရဲလ်မက်ဒရစ် အသင်း ကတော့ မန်စီးတီး ကွင်းလယ်လူ ဘာနာဒို ဆေးလ်ဗားကို ခေါ်ယူချင်နေပြီး ဒီရာသီ အကုန်မှာ ယူရို သန်း၅၀ နဲ့ ကမ်းလှမ်းသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်