နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆွန်ရဲ့ ဟက်ထရစ်နဲ့ အဆင့် ၄ နေရာမှာ ဆက်ထိုင်နိုင်ခဲ့တဲ့ စပါး | ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

အက်စတွန်ဗီလာ ၀-၄ တော့တင်ဟမ်ဟော့စပါး

စနေနေ့ည ပရီးမီးယားလိဂ်ရဲ့ နောက်ဆုံး ပွဲစဉ် တစ်ပွဲ မှာတော့ အက်စတွန်ဗီလာတို့ တော့တင်ဟမ်ဟော့စပါးကို ဗီလာပါ့ခ်မှာ ၄ ဂိုးပြတ် ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ အစောပိုင်း ပွဲစဉ်တွေမှာ ရှုံးပွဲ ကိုယ်စီ တွေ့ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ် တို့ကြောင့် စပါးတို့ ဖိဖိစီးစီး ကစားသွားခဲ့ပြီး ပွဲအပြီး မှာတော့ အားရစရာ ရလဒ် တစ်ခုနဲ့ အတူ အဆင့် ၄ နေရာမှာ အခိုင်အမာ ဆက်လက် ရပ်တည်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ ဂျရတ်ရဲ့ အသင်းက ၄-၃-၁-၂ ကစားကွက်နဲ့ ပြောင်းလဲ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ ဝက်ကင်န်စ်နဲ့ ဒန်နီအင့်ဂ်တို့ကို တွဲပေးခဲ့ပါတယ်။ ကွင်းလယ် မှာတော့ ကော်တင်ဟို၊ ဒေါက်ဂလပ်စ် လူးဝစ်ဇ်၊ မက်ဂင်းန်၊ ရမ်ဆေး၊ နောက်တန်းမှာ ကွန်ဆာ၊ မင်းဂ်၊ ကွန်ဆာ၊ ဒစ်ဂ်နီး၊ ကတ်ရှ်၊ ဂိုးမှာတော့ မာတီနက်ဇ်ပဲ ပွဲထွက်လာခဲ့ပါတယ်။ ကွန်တီ ကတော့ ၃-၄-၃ အခင်းအကျင်းကို သုံးခဲ့ပြီး ထုံးစံ အတိုင်း တိုက်စစ်မှာ ဆွန်ဟောင်မင်၊ ဟယ်ရီကိန်းနဲ့ ကူလူဆက်ဗ်စကီး တို့ကို ကစားစေခဲ့ပါတယ်။ ကွင်းလယ်နဲ့ တောင်ပံ တွေမှာ ဟွိုက်ဘယက်ဂျ်၊ ဘန်တန်ကာ၊ အီမာဆင်၊ ဒိုဟာတီ၊ နောက်တန်းမှာ ဘန်ဒေးဗီးစ်၊ အဲရစ်ခ် ဒိုင်ယာ၊ ရိုမဲယိုနဲ့ ဂိုးမှာတော့ လိုရစ်ပဲ ပါဝင်ခဲ့ပါတယ်။

အက်စတွန်ဗီလာ ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၄ ပွဲဆက် ရှုံးနိမ့်ခဲ့ခြင်းနဲ့ အတူ အဆင့် ၁၂ နေရာမှာပဲ ရပ်တည်နေခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၂ နေရာမှာ ဆက်လက် ရပ်တည်နေတဲ့ အက်စတွန်ဗီလာ

ပွဲအစပိုင်းမှာ အက်စတွန်ဗီလာတို့ ကစားပုံ မဆိုးခဲ့ပေမယ့် ပွဲချိန် ကြာလာတာနဲ့ အမျှ ကစားကွက် အထိုင်ကျလာတဲ့ စပါးကြောင့် ဂျရတ် တို့ အုပ်စု အိမ်ကွင်းမှာ ရုန်းကန်ခဲ့ရပါတယ်။ ကွန်တီ အနေနဲ့ ဒီပွဲ မတိုင်ခင် ယူနိုက်တက်နဲ့ အာဆင်နယ်တို့ ခြေချော်ခဲ့တာကို အခွင့်ကောင်းယူနိုင်ဖို့ အတွက် တိုက်စစ်ကို အားပြုကစားခဲ့ပြီး အမှန်တကယ်လည်း အလုပ်ဖြစ်ခဲ့တယ်လို့ ဆိုရပါမယ်။ ပွဲချိန် ၃ မိနစ် မှာပဲ စပါးတို့ ဦးဆောင်ဂိုး ရသွားခဲ့ပြီး ဆွန်ဟောင်မင် က အဝေးကနေ လှလှပပ ကန်သွင်းခဲ့တာပါ။ အဲ့နောက် စပါးတို့ ချေပဂိုး ရဖို့ ကြိုးပမ်းလာတဲ့ အက်စတွန်ဗီလာရဲ့ တိုက်စစ်ကို သတိထား ထိန်းချုပ်ခဲ့ရပြီး လိုရစ်ရဲ့ လက်စွမ်းပြမှုတွေကြောင့် ပထမပိုင်း အပြီးမှာတော့ ၀-၁ ရလဒ်နဲ့ပဲ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ 

ဒုတိယပိုင်း ပွဲပြန်စပြီး ၁၀ မိနစ် အကြာမှာတော့ ဂိုးရလိုဇောနဲ့ တိုက်စစ် အလွန်အကျွံ ကစားခဲ့တဲ့ ဗီလာ နောက်ခံလူတွေရဲ့ အမှား ကတစ်ဆင့် စပါးတို့ ဂိုးတွေ ဆက်တိုက် သွင်းယူနိုင်ခဲ့ပါတယ်။ ပွဲချိန် မိနစ် ၅၀နဲ့ ၆၆ မိနစ်တို့မှာ ကိန်းရဲ့ ဖန်တီးပေးမှုတွေ ကနေ ကူလူဆက်ဗ်စကီးနဲ့ ဆွန်ဟောင်မင်တို့က ၂ ဂိုးဆက် သွင်းယူနိုင်ခဲ့ပြီး ၇၁ မိနစ် မှာတော့ ကူလူဆက်ဗ်စကီးရဲ့ ဖန်တီးပေးမှု ကနေ ဆွန်ဟောင်မင်က သူ့အတွက် ဟက်ထရစ် ဖြစ်စေမယ့် သွင်းဂိုးကို ရယူသွားနိုင်ခဲ့ပါတယ်။ အက်စတွန်ဗီလာ ကလည်း ထိရောက်တဲ့ ဂိုးပေါက် ခြိမ်းခြောက်မှုတွေ ဆက်လက် ပြုလုပ်နိုင်ခဲ့ပေမယ့် လိုရစ်ရဲ့ ကာကွယ်မှုတွေကြောင့် သွင်းဂိုးတွေနဲ့ ဝေးခဲ့ရပြီး ၀-၄ ရလဒ်နဲ့ပဲ ပွဲပြီးခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

အရေးကြီးတဲ့ ပွဲမှာ အမှားအယွင်းမရှိ ကစားပြီး ဂိုးပြတ် နိုင်ပွဲနဲ့ အတူ ၃ မှတ် အပြည့် ယူနိုင်ခဲ့တဲ့ ကွန်တီရဲ့ အသင်း ကိုတော့ မချီးကျုးပဲကို မနေနိုင်ပါဘူး။ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အရေးပါတဲ့ နိုင်ပွဲကို ဗီလာပါ့ခ်လို ကစားရခက်တဲ့ ကွင်းမှာ အရယူနိုင်ခဲ့ပြီး တိုက်စစ်မှူး ၃ ဦးစလုံး အထူး ခြေစွမ်းပြသွားခဲ့ပါတယ်။ ဆွန်ရဲ့ ဟက်ထရစ်၊ ကူလူဆက်ဗ်စကီးရဲ့ သွင်းဂိုးနဲ့ ကိန်းရဲ့ ဖန်တီးမှု ၂ ကြိမ်ကို မြင်တွေ့ခဲ့ရပြီး ဂိုးသမား လိုရစ်ရဲ့ ပြောင်မြောက်တဲ့ လက်စွမ်းကြောင့် စပါးတို့ ပေးဂိုးမရှိ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဆွန်ဟောင်မင် ကတော့ ပရီးမီးယားလိဂ် သွင်းဂိုး ၈၇ ဂိုး အထိ ရှိလာခဲ့ပြီး ကိန်း-ဆွန်-ကူလူဆက်ဗ်စကီး တွဲဖက် ကစားချိန်က စလို့ စပါး အတွက် သွင်းဂိုး ၂၀ နဲ့ ပံ့ပိုးမှု ၁၇ ကြိမ်အထိ ပြုလုပ်ပေးထားနိုင်ခဲ့ပါတယ်။ 

ပွဲအပြီးမှာ စပါးတို့ ရမှတ် ၅၇ မှတ်နဲ့ ပရီးမီးယားလိဂ် အဆင့် ၅ နေရာက အာဆင်နယ်ကို ၄ မှတ်ဖြတ် ဦးဆောင်ထားနိုင်ခဲ့ပြီး ဝက်စ်ဟမ်းနဲ့ မန်ချက်စတာယူနိုက်တက် ကိုတော့ ၆ မှတ်စီ ဖြတ်တောက်ထားနိုင်ခဲ့ပါတယ်။ လက်ကျန် ပွဲအနေအထားအရ ဆိုရင် စပါးတို့ ကျန် ၃ သင်းထက် ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ အကောင်းဆုံး အခြေအနေ တစ်ခုကို ပိုင်ဆိုင်ထားခဲ့ပြီလို့လည်း ပြောလို့ ရပါတယ်။ အက်စတွန်ဗီလာ ကတော့ ပရီးမီးယားလိဂ် နောက်ဆုံး ၄ ပွဲဆက် ရှုံးနိမ့်ခဲ့ခြင်းနဲ့ အတူ အဆင့် ၁၂ နေရာမှာပဲ ရပ်တည်နေခဲ့ပါတယ်။


လာမယ့်ပွဲစဉ်များ

ဝက်ဖို့ဒ်တို့ လာမယ့် တစ်ပတ်မှာ ဘရန့်ဖို့ဒ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရဖို့ ရှိနေပြီး လိဒ်စ် ကတော့ ခရစ္စတယ်ပဲလေ့စ်ရဲ့ ဆဲလ်ဟတ်စ်ပါ့ခ်ကို သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်