နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အသင်းကြီးတွေနဲ့ ဆိုရင် ခြေစွမ်းပြတတ်တဲ့ စပါးကိုပဲ မျှော်လင့်ထားချင်တယ် | တော့တင်ဟမ်ဟော့စပါး – ဝက်စ်ဟမ်း (ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်)

တော့တင်ဟမ်ဟော့စပါး – ဝက်စ်ဟမ်း 

ဒီတစ်ပတ် စူပါဆန်းဒေး မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် (၃၀) အဖြစ် တော့တင်ဟမ်ဟော့စပါးနဲ့ ဝက်စ်ဟမ်းတို့ မြောက်လန်ဒန်မှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ နှစ်သင်းလုံးရဲ့ ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် အတွက် အတိုင်းအတာ တစ်ခု အထိ အဆုံးအဖြတ် ပေးမယ့် ပွဲစဉ် ဖြစ်နေတာကြောင့် သေချာပေါက် အကြိတ်အနယ် ရှိတဲ့ ပွဲကောင်း တစ်ပွဲ ဖြစ်လာဦးမှာပါ။

တော့တင်ဟမ်ဟော့စပါးရဲ့ အခြေအနေ ကတော့ အရင်ပွဲတွေမှာ ပြောခဲ့သလိုပဲ တစ်နေ့ ရွှေ၊ တစ်နေ့ငွေ ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အလယ်လောက်က စပြီး အန်တိုနီယို ကွန်တီရဲ့ အသင်းက ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံမှာ ရှုံးလိုက်၊ နိုင်လိုက် ဖြစ်နေခဲ့တာ ၈ ပွဲ ဆက်တိုက် ရှိခဲ့ပါပြီ။ ဝုဗ်ကို ရှုံး၊ စီးတီးကို နိုင်၊ ဘန်လေကို ရှုံး၊ လိဒ်စ်ကို နိုင်၊ မစ်ဒယ်ဘရော့ကို ရှုံး၊ အဲဗာတန်ကို နိုင်၊ ယူနိုက်တက်ကို ရှုံး၊ ဘရိုက်တန်ကို နိုင်နဲ့ မသိရင် ဟာသလုပ်နေသလားတောင် ထင်ရပါတယ်။ နိုင်တဲ့ ပွဲဆိုရင် ကိန်း၊ ဆွန် ဦးဆောင်တဲ့ တိုက်စစ်က ဂိုးတွေမြူးသလောက် ရှုံးတဲ့ပွဲ ဆိုရင်လည်း စပါးမှ ဟုတ်ရဲ့လားလို့ တွေးရလောက်အောင် ညံ့တတ်တာကြောင့် ခြေစွမ်းပိုင်းအရတော့ တော်တော်လေးကို ယုံရခက်ပါတယ်။ သေချာတာ ကတော့ စပါးတို့ ချန်ပီယံလိဂ် ဝင်ခွင့် ဆက်ပြီး မျှော်လင့်ချင်သေးတယ် ဆိုရင် လုံးဝ အမှားလုပ်ခွင့် မရှိတော့ဘူးလို့ ပြောလို့ ရပါတယ်။ နောက်ပြီး အခုပွဲ မှာသာ ရလဒ် ကောင်းခဲ့ရင် အဆင့် ၅ နေရာ (အာဆင်နယ် ရှုံးခဲ့ရင် အဆင့် ၄ နေရာ) အထိ တက်လှမ်းနိုင်မှာ ဖြစ်လို့ ကွန်တီ အနေနဲ့ အသေအချာ ပြင်ဆင်ပြီးမှ ပွဲထွက်လာပါလိမ့်မယ်။ ထုံးစံ အတိုင်း ၃-၄-၃ အခင်းအကျင်း နဲ့ပဲ မြင်တွေ့ရဖွယ် ရှိပြီး တိုက်စစ်မှာ ဟယ်ရီကိန်း၊ ဆွန်ဟောင်မင်၊ ကူလူဆက်ဗ်စကီး၊ ကွင်းလယ်မှာ ဘန်တန်ကာနဲ့ ဟွိုက်ဘယက်ဂျ်ကို တွဲပေးပြီး တောင်ပံတွေမှာ ဒိုဟာတီနဲ့ ရက်ဂီလောင်းတို့ ကစားဖို့ များပါတယ်။ ခံစစ်မှာ ရိုမဲယို၊ ဒိုင်ယာ၊ ဘန်ဒေးဗီးစ် တို့ပဲ ပါဝင်လာနိုင်ပြီး ဂိုး မှာတော့ လိုရစ်ပဲ ပွဲထွက်လာဖို့ ရှိနေပါလိမ့်မယ်။

ယူရိုပါလိဂ် ကိုပါ အားစိုက်နေရလို့ ပရီးမီးယားလိဂ်မှာ မနှစ်ကလောက် ရလဒ် မကောင်းတော့ပေမယ့် ဒေးဗစ် မွိုက်စ် အနေနဲ့ တတ်နိုင်သမျှ အသင်းကို ဟန်ချက်ညီအောင် ထိန်းထားနိုင်ဆဲ ဖြစ်ပါတ
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေတဲ့ ဝက်စ်ဟမ်း

ယူရိုပါလိဂ် ရှုံးထွက် နွှဲထားရတဲ့ ဝက်စ်ဟမ်း ကတော့ ပွဲပန်းနေနိုင်ပေမယ့် ဆီဗီလာကို ကျော်ဖြတ်နိုင်ခဲ့တဲ့ အတွက် စိတ်ဓာတ်ပိုင်း ဆိုင်ရာ မှာတော့ အမြင့်ဆုံး ရောက်နေပါလိမ့်မယ်။ ယူရိုပါလိဂ် ကိုပါ အားစိုက်နေရလို့ ပရီးမီးယားလိဂ်မှာ မနှစ်ကလောက် ရလဒ် မကောင်းတော့ပေမယ့် ဒေးဗစ် မွိုက်စ် အနေနဲ့ တတ်နိုင်သမျှ အသင်းကို ဟန်ချက်ညီအောင် ထိန်းထားနိုင်ဆဲ ဖြစ်ပါတယ်။ ပြိုင်ပွဲစုံ ၃ ပွဲဆက် ရှုံးပြီး ၂ ပွဲဆက် ပြန်လည် အနိုင်ရထားတဲ့ ဝက်စ်ဟမ်းတို့ လာမယ့် ရာသီမှာ ဥရောပဝင်ခွင့် ရဖို့ ကိုလည်း ပစ်မှတ် ထားနေသေးတာကြောင့် အခုပွဲ မှာလည်း စပါးကို မရှုံးအောင် ကစားဖို့ ရည်ရွယ်ထားပါလိမ့်မယ်။ အခွင့်အရေး ရရင် ရသလို အသုံးချပြီး နိုင်ပွဲ ယူဖို့ပါ အစီအစဉ် ရှိနိုင်တဲ့ အတွက် မွိုက်စ် အနေနဲ့ အတောင့်တင်းဆုံး လူစာရင်းကိုပဲ ထုတ်သုံးလာမှာ သေချာပါတယ်။ ဂျရော့ဒ် ဘိုဝင်၊ အော့ဂ်ဘွန်နာ၊ ဆိုဖယ် တို့ကလွဲလို့ ကျန်အဓိက ကစားသမား အားလုံး ပါဝင်ကစားနိုင်ဖို့ ရှိပြီး အန်တိုနီယို၊ လန်ဇီနီ၊ ယာမိုလန်ကို၊ ဖော်နယ်စ်၊ ရိုက်စ်၊ ဆိုရှက်ခ်၊ ဇူးမား၊ ခရက်စ်ဝဲလ်၊ ဒေါ်ဆင်၊ ဂျွန်ဆင်၊ ဖေဘီယန်စကီးတို့နဲ့ ပွဲထွက်လာဖွယ် ရှိနေပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပရီးမီးယား လိဂ်
လီဗာပူးလ်
ဝက်ဖို့ဒ်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ပြိုင်ပွဲစုံ နောက်ဆုံး တွေ့ဆုံမှု ၂၅ ကြိမ်မှာ စပါးက ၁၁ ကြိမ်နိုင်ပြီး ဝက်စ်ဟမ်းက ၁၀ ကြိမ် အနိုင်ရထားခဲ့ပါတယ်။ အစဉ်အလာ အားဖြင့် အသာရမှု သိပ်မကွာခဲ့လို့ နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာလည်း ၂ ကြိမ်စီ အနိုင်ရထားကြပြီး ၁ ကြိမ် ကတော့ သရေရလဒ် ထွက်ပေါ်ထားခဲ့ပါတယ်။ ဒီနှစ် ပရီးမီးယားလိဂ် ပထမအကျော့ လန်ဒန်ကွင်းမှာ ဝက်စ်ဟမ်းတို့ အနိုင်ရထားခဲ့ပြီး မြောက်လန်ဒန်မှာ ကစားခဲ့တဲ့ ခရာဘောင်ဖလား ကွာတားဖိုင်နယ် ပွဲစဉ် မှာတော့ စပါးတို့ ၂-၁ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOPရဲ့ 1X2 မှာ အိမ်ရှင် စပါး အတွက် ၁.၇၅ ဆ၊ ဝက်စ်ဟမ်း အတွက် ၄.၃၀ ဆ၊ သရေ အတွက် ၃.၈၀ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ နှစ်သင်းလုံး ရမှတ် လိုအပ်နေသလို တိုက်စစ် အားသန်တဲ့ အသင်းတွေ ဖြစ်လို့ ဖွင့်ကစားမှာ သေချာပါတယ်။ တိုက်စစ် ကစားသမားတွေ ကိုယ်စီ ပိုင်ဆိုင်ထားကြပေမယ့် အဆုံးသတ် အပိုင်း မှာတော့ ကွန်တီရဲ့ အသင်း ပိုသာတယ် ဆိုတာ ငြင်းလို့ မရပါဘူး။ အပြန်အလှန်တော့ ဂိုးသွင်းမယ်။ ဒါပေမယ့် စပါးတို့ တစ်ဂိုး အသာလောက်နဲ့ပဲ ကပ်နိုင်သွားဖို့ များပါတယ်။

ခန့်မှန်းရလဒ် (၂-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်