နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မြောက်လန်ဒန် ကလပ်တွေကို အိမ်ကွင်း အရောက် သာတူညီမျှ ဆုံးမပေးခဲ့တဲ့ ဘရိုက်တန် | ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

တော့တင်ဟမ်ဟော့စပါး ၀-၁ ဘရိုက်တန်

ပြီးခဲ့တဲ့ တစ်ပတ်က အာဆင်နယ်ကို အနိုင်ယူထားခဲ့တဲ့ ဘရိုက်တန် တို့ အခုတစ်ပတ် ပရီးမီးယားလိဂ် မှာလည်း နောက်ထပ် မြောက်လန်ဒန် ကလပ် အသင်း တစ်သင်း ဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါးကို ထရော့ဆက်ဒ်ရဲ့ နောက်ကျဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ အာဆင်နယ်ရော စပါးပါ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် တိုက်ပွဲဝင်နေတဲ့ အသင်းတွေ ဖြစ်ပြီး ဘရိုက်တန် ကတော့ ပွဲမတိုင်ခင် သူတို့ ကြုံးဝါးထားတဲ့ အတိုင်း နှစ်သင်းလုံးကို အဝေးကွင်းတွေ မှာပဲ အလဲထိုး အနိုင်ယူသွားခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲ မှာလည်း ကွန်တီရဲ့ အသင်းက ပုံမှန် ပွဲထွက်နေကျ ၃-၄-၃ အခင်းအကျင်းကိုပဲ အသုံးပြုလာခဲ့ပြီး ဂိုးမှာ လိုရစ်၊ ခံစစ်မှာ ဒိုင်ယာ၊ ဒေးဗီးစ်နဲ့ ရိုမဲယို၊ ကွင်းလယ်မှာ ဟွိုက်ဂျ်ဘယက်ဂျ်၊ ဘန်တန်ကာ၊ ရက်ဂီလောင်းနဲ့ အီမာဆင် ရွိုင်ရယ်၊ တိုက်စစ် မှာတော့ ထုံးစံ အတိုင်း ကိန်း၊ ဆွန်၊ ကူလူဆက်ဗ်စကီး တို့ပဲ ပါဝင်ခဲ့ပါတယ်။ ဘရိုက်တန် ကလည်း ၃-၅-၂ နဲ့ပဲ ပြန်လည် ရင်ဆိုင်သွားခဲ့ပြီး တိုက်စစ်မှာ မွယ်ပူနဲ့ မက်အဲလစ်စတား တို့ကို တွဲဖက်ပေးခဲ့ပါတယ်။ ကွင်းလယ်နဲ့ တောင်ပံတွေမှာ ကိုင်ဆီဒို၊ ဘစ်ဆူးမား၊ ဂရော့စ်၊ လီအန်ဒရို ထရော့ဆက်ဒ်၊ လမ့်ပ်တေး၊ ခံစစ်မှာ ဒန့်ခ်၊ ကူကာရယ်လာ၊ ဗဲလ်မန်းနဲ့ ဂိုးမှာတော့ ဆန်းချက်ဇ်ပဲ ပွဲထွက်ခဲ့ပါတယ်။ 

ဒီရှုံးပွဲကြောင့် အန်တိုနီယို ကွန်တီရဲ့ စပါး အနေနဲ့ ပရီးမီးယားလိဂ် ၄ ပွဲဆက် ဂိုးပြတ် နိုင်ပွဲ ဆက်မှု ရပ်တန့်သွားခဲ့ပေမယ့် ရမှတ် ၅၇ မှတ်နဲ့ အတူ အဆင့် ၄ နေရာမှာ ဆက်လက် ရပ်တည်ထားနိုင်ဆဲ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ဆက်လက် ရပ်တည်နေခဲ့တဲ့ တော့တင်ဟမ်ဟော့စပါး

အသင်းကြီးတွေနဲ့ ဆိုရင် မာမာထန်ထန် တုန့်ပြန်တတ်တဲ့ ဘရိုက်တန်တို့ ပွဲစကတည်းက စပါးကို ခက်ခဲစေခဲ့ပါတယ်။ တိုက်စစ် ခြေစွမ်းပြပြီး ဂိုးတွေ တောက်လျောက် သွင်းနေတဲ့ စပါးတို့ ဒီနေ့ပွဲ မှာတော့ ခံစစ်၊ ကွင်းလယ်၊ တိုက်စစ် အမျှတဆုံး ကစားသွားနိုင်ခဲ့တဲ့ ဘရိုက်တန်ကြောင့် ဂိုးပေါက်တည့်မှု တစ်ကြိမ်တောင် မရှိတဲ့ အထိ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။ ပထမပိုင်း တစ်ပိုင်းလုံး စပါးတို့ ကစားပုံ စွဲမက်စရာ မရှိခဲ့သလို တိုက်စစ်က ဟယ်ရီကိန်းနဲ့ ဆွန်ဟောင်မင် တို့လည်း ကွင်းလယ်နဲ့ အချိတ်အဆက်မမိခဲ့လို့ ဘရိုက်တန်ရဲ့ ဂိုးဧရိယာ ထိပ်မှာပဲ ဘောလုံးက အပျက်များနေခဲ့ပါတယ်။ ပထမပိုင်း အပြီးမှာတော့ ဂိုးမရှိ သရေ ရလဒ် ထွက်ပေါ်နေခဲ့ပြီး ဒုတိယပိုင်း မှာတော့ ကွန်တီ အနေနဲ့ လူးကပ်စ် မော်ရာ၊ ဟယ်ရီဝင့်ခ်၊ ဘာ့ဂျ်ဝင်းတို့ ထည့်ပြီး တိုက်စစ်မြှင့်ခဲ့ပါတယ်။ ဒါပေမယ့်လည်း စပါးတို့ ဘောလုံး ပိုင်ဆိုင်မှု အသာစီးမရတဲ့ အပြင် ဘရိုက်တန် ကပဲ တောက်လျောက် တိုက်စစ်ဆင်နေလို့ ခံစစ်မှာပဲ အချိန်ကုန်နေခဲ့ရပါတယ်။ ပွဲချိန် ၈၉ မိနစ် မှာတော့ ဘရိုက်တန်တို့ အနိုင်ဂိုး ရရှိသွားခဲ့ပြီး ပြီးခဲ့တဲ့ ပွဲမှာ အာဆင်နယ် ဘက်ကို တစ်ဂိုး သွင်းခဲ့တဲ့ တောင်ပံ တိုက်စစ် ကစားသမား လီအန်ဒရို ထရော့ဆက်ဒ်ကပဲ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ 


ပွဲပြီးသုံးသပ်ချက်

ပရီးမီးယား လိဂ်
လီဗာပူးလ်
မန်ချက်စတာ ယူနိုက်တက်
လီဗာပူးလ် အာရှ ဟန်းဒီးကပ် -1.25 @ 2.92
1X2 လီဗာပူးလ်@ 1.40
ဂိုးပေါ် 3.00 @ 1.97
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီပွဲ မတိုင်ခင် ဘရိုက်တန် တိုက်စစ်မှူး မွယ်ပူက အာဆင်နယ် ပြီးတော့ စပါးကို ထပ်ပြီး အနိုင်ယူပြမယ် ဆိုပြီး ကြုံးဝါးခဲ့တုန်းက အထင်မကြီးခဲ့ပေမယ့် တကယ်တမ်း ကစားတဲ့ အချိန်မှာ စပါးကို ခြေစွမ်းပိုင်း အသာရခဲ့ရုံ သာမက အမှန်တကယ်ပဲ အနိုင်ယူခဲ့လေတော့ မချီးကျူးပဲကို မနေနိုင်တော့ပါဘူး။ ဘရိုက်တန်ဟာ အာဆင်နယ်နဲ့ စပါးကိုမှ မဟုတ်ပါဘူး။ ချဲလ်ဆီး၊ လက်စတာစီးတီး၊ ဝက်စ်ဟမ်း တို့ကိုလည်း အကြီးအကျယ် အခက်တွေ့စေခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ ဘရိုက်တန်ဟာ ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားသလို ကစားအားလည်း ကောင်းတဲ့ အသင်းဖြစ်ပြီး ပြီးခဲ့တဲ့ ပွဲတချို့မှာ တိုက်စစ်ပိုင်း အဆုံးသတ် လိုအပ်ချက်တွေ ရှိခဲ့လို့သာ ရလဒ်တွေ ဆိုးရွားခဲ့ရတာ ဖြစ်ပါတယ်။ နောက်ဆုံး ၅ ပွဲမှာ တစ်ပွဲပျမ်းမျှ ၃ ဂိုးနှုန်းကျော် သွင်းယူထားနိုင်တဲ့ စပါးရဲ့ ထက်မြတ်တဲ့ တိုက်စစ်ကို ပါးပါးနပ်နပ် ထိန်းချုပ်ပြနိုင်ခဲ့သလို အခွင့်အရေး ရတာနဲ့ အနိုင်ဂိုးပါ သွင်းယူနိုင်ခဲ့တာကြောင့် အဖိုးတန် ၃ မှတ်နဲ့ အိမ်ပြန်လှခဲ့တာ ဖြစ်ပါတယ်။ စပါး ကတော့ အရင်ပွဲတွေနဲ့ မတူပဲ ပွဲချိန် အများစုမှာ ဘရိုက်တန်ရဲ့ ကစားကွက်အောက် နစ်မြုပ်နေခဲ့ရသလို တိုက်စစ်ဆင်ရုံသာ ရှိခဲ့ပြီး ထိရောက်တဲ့ ခြိမ်းခြောက်မှုတွေတော့ လုံးဝ ပြုလုပ်နိုင်ခြင်း မရှိခဲ့ပါဘူး။

ဒီရှုံးပွဲကြောင့် အန်တိုနီယို ကွန်တီရဲ့ စပါး အနေနဲ့ ပရီးမီးယားလိဂ် ၄ ပွဲဆက် ဂိုးပြတ် နိုင်ပွဲ ဆက်မှု ရပ်တန့်သွားခဲ့ပေမယ့် ရမှတ် ၅၇ မှတ်နဲ့ အတူ အဆင့် ၄ နေရာမှာ ဆက်လက် ရပ်တည်ထားနိုင်ဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အဓိက ပြိုင်ဘက်တွေ ဖြစ်တဲ့ အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်ကို ၃ မှတ်စီ၊ ဝက်စ်ဟမ်း ကိုတော့ ၆ မှတ် ဖြတ်ထားနိုင်ဆဲ ဖြစ်ပါတယ်။ ဘရိုက်တန် ကတော့ ပရီးမီးယားလိဂ် ၂ ပွဲဆက် အနိုင်ရရှိခဲ့လို့ ရမှတ် ၄၀နဲ့ အဆင့် ၁၀ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။


လာမယ့်ပွဲစဉ်များ

တော့တင်ဟမ်ဟော့စပါးတို့ လာမယ့် ဧပြီလ ၂၃ ရက်နေ့မှာ ဘရန့်ဖို့ဒ်နဲ့ ရင်ဆိုင်ရဖို့ ရှိပြီး ဘရိုက်တန် ကတော့ ၂၁ ရက်နေ့မှာ မန်ချက်စတာစီးတီးနဲ့ ထိပ်တိုက်တွေ့ဆုံ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်