နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပိုချက်တီနိုကို လျာထားစာရင်းမှာ ထည့်ထားတဲ့ နယူးကာဆယ်နဲ့ အင်္ဂလန် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် နယူးကာဆယ် ယူနိုက်တက် နည်းပြ အက်ဒီဟောင်းဝ် ကတော့ ကတော့ အင်္ဂလန် အသင်းရဲ့ နည်းပြ ရာထူး အတွက် နာမည်ထွက်နေသူတွေထဲမှာ ပါဝင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် နယူးကာဆယ်က အကယ်၍ အက်ဒီဟောင်းဝ်သာ အသင်း ကနေ ထွက်ခွာသွားခဲ့ရင်တော့ နာမည်ကြီး နည်းပြ တစ်ဦး ဖြစ်တဲ့ မော်ရူစီယို ပိုချက်တီနိုနဲ့ အစားထိုးသွားချင်နေတယ်လို့ သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။

အင်္ဂလန် နည်းပြ ရာထူး ကနေ ဂါရတ်သ် ဆောက်ဂိတ်ဟာ ယူရို ၂ဝ၂၄ ဗိုလ်လုပွဲ အပြီးမှာ နည်းပြ ရာထူး ကနေ သူ့သဘော ဆန္ဒနဲ့ အတူ နှုတ်ထွက်သွားခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ အင်္ဂလန် က နည်းပြသစ် တစ်ဦး ရှာဖွေနေတာ ဖြစ်ပါတယ်။ ဒီအချိန်မှာ အင်္ဂလန်ရဲ့ နည်းပြသစ် ယာထား စာရင်းထဲမှာ နယူးကာဆယ် နည်းပြ အက်ဒီဟောင်းဝ်လည်း ပါဝင်နေခဲ့ပြီးတော့ သူကိုယ်တိုင် ကလည်း အင်္ဂလန်ကို ကိုင်တွယ်သွားဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အက်ဒီဟောင်းဝ်က ဘုန်းမောက် အသင်းနဲ့ စတင် လူသိများလာခဲ့သူ ဖြစ်ပါတယ်။ သူက လက်ရှိမှာ ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ်ကို ကိုင်တွယ်နေပေမယ့်လည်း အခွင့်အရေး ရမယ် ဆိုရင်တော့ အင်္ဂလန် နည်းပြ အဖြစ် တာဝန်ယူ ကိုင်တွယ်ချင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အက်ဒီဟောင်းဝ်ဟာ လည်း အင်္ဂလန် လူမျိုး ဖြစ်နေတာ ကလည်း အင်္ဂလန် ဘောလုံးအဖွဲချုပ် (FA) က ထည့်သွင်း စဉ်းစားနိုင်တဲ့ အချက် တစ်ချက်လည်း ဖြစ်နေပါတယ်။

ပိုချက်တီနိုဟာ အရည်အသွေးရှိတဲ့ နည်းပြ ဖြစ်သလို ပရီးမီးယားလိဂ် အတွေ့အကြုံလည်း များတာကြောင့် နယူးကာဆယ် အနေနဲ့ အာဂျင်တီးနားသားကို ဦးစားပေး စဉ်းစားနေတာလည်း ဖြစ်ပါတယ်။
လက်ရှိမှာ အသင်း လက်မဲ့ ဖြစ်နေတဲ့ ပိုချက်တီနို

တစ်ဖက် မှာတော့ နယူးကာဆယ်က အင်္ဂလန်နဲ့ သတင်း‌တွေ ထွက်နေတဲ့ အက်ဒီဟောင်းဝ်သာ အသင်းကို စွန့်ခွာသွားခဲ့မယ် ဆိုရင် အစားထိုးဖို့ နည်းပြ တစ်ဦးကို ကြိုတင် ရည်ရွယ် ရှာဖွေနေပြီလည်း ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ် ရည်ရွယ်ထားတဲ့ နည်းပြ ကတော့ ချဲလ်ဆီး၊ ပီအက်စ်ဂျီနဲ့ တော့တင်ဟမ်ဟော့စပါး နဲ့ ဆောက်သမ်တန် တို့ကို ကိုင်တွယ်ခဲ့ဖူးတဲ့ မော်ရူစီယ်ို ပိုချက်တီနိုပဲ ဖြစ်ပါတယ်။ ပိုချက်တီနိုဟာ အရည်အသွေးရှိတဲ့ နည်းပြ ဖြစ်သလို ပရီးမီးယားလိဂ် အတွေ့အကြုံလည်း များတာကြောင့် နယူးကာဆယ် အနေနဲ့ အာဂျင်တီးနားသားကို ဦးစားပေး စဉ်းစားနေတာလည်း ဖြစ်ပါတယ်။

နယူးကာဆယ်ရဲ့ အားကစား ဒါရိုက်တာသစ် ဖြစ်တဲ့ ပေါလ် မစ်ချဲလ် ကတော့ အာဂျင်တီးနားသား နည်းပြ ပိုချက်တီနိုနဲ့ အလုပ်တွဲလုပ်ခဲ့ဖူးသူ ဖြစ်ပါတယ်။ သူတို့ နှစ်ဦးဟာ ဆောက်သမ်တန်မှာ ကစားသမားသစ် ခေါ်ယူ စုဆောင်းရေး အဖြစ် လုပ်ကိုင်ခဲ့စဉ်က လက်တွဲခဲ့ဖူးသလို စပါးမှာလည်း ထပ်မံ လက်တွဲဖြစ်ခဲ့သူတွေလို့ သိရပါတယ်။ ဒါကြောင့် နယူးကာဆယ်က အင်္ဂလန် နည်းပြရာထူး အတွက် အက်ဒီဟောင်း ကိုသာ လက်လွှတ်ရမယ် ဆိုရင်တော့ ပိုချက်တီနို ကိုပဲ ဦးစားပေး အဖြစ် အစားထိုး ခန့်အပ်သွားဖို့ ကြိုးစားသွားဖွယ် ရှိနေပြီး မစ်ချဲလ်နဲ့ ပိုချက်တီနိုတို့ တတိယ အကြိမ်မြောက် လက်တွဲခွင့်ရသွားမလား ဆိုတာလည်း စောင့်ကြည့်ရပါမယ်။ တစ်ဖက်မှာလည်း အင်္ဂလန်က နည်းပြသစ် အဖြစ် လက်ရှိ မန်စီးတီး နည်းပြ ပပ် ဂွာဒီယိုလာကို ခေါ်ယူ ခန့်အပ်ချင်ပေမယ့် အခြားသော နာမည်ကြီး နည်းပြတွေ ကိုလည်း ပစ်မှတ်စာရင်းထဲ ထည့်သွင်းထားဆဲ ဖြစ်ပါတယ်။ အဲ့ဒီ နည်းပြ စာရင်းမှာလည်း နယူးကာဆယ်က ရည်ရွယ်ထားတဲ့ ပိုချက်တီနို ကလည်း ထိပ်ဆုံးက ပါဝင်နေတာကြောင့် အာဂျင်တီးနားသား အနေနဲ့ အင်္ဂလန် ကိုပဲ ကိုင်တွယ်မလား။ နယူးကာဆယ် ကိုပဲ ရွေးချယ်သွားမလား ဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်