နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အသင်းသားတွေရဲ့ အပြည့်အဝ ထောက်ခံမှု ရရှိထားတဲ့ ပိုချက်တီနို | ပရီးမီးယားလိဂ်

မော်ရူစီယို ပိုချက်တီနို ကိုတော့ ချဲလ်ဆီး အသင်းသားတွေ အနေနဲ့ အပြည့်အဝ ထောက်ခံကြောင်း နောက်ခံလူ မာ့ခ် ကူကာရယ်လာက ဖွင့်ဟပြာကြားလိုက်ပါတယ်။ ချဲလ်ဆီး အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အက်စတွန်ဗီလာနဲ့ တစ်ဖက် နှစ်ဂိုးစီ သရေကျခဲ့ပြီးနောက် စပိန် ဘယ်နောက်ခံလူက အခုလိုပဲ ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ဗီလာနဲ့ ပွဲမှာ အစောပိုင်း ၂ ဂိုးပြတ်နဲ့ အရေးနိမ့်နေခဲ့ပေမယ့် အကောင်းဆုံး ပြန်လာနိုင်ခဲ့ပြီး နိုင်ပွဲ ရဖို့ အထိလည်း ရှိခဲ့ပေမယ့် ဒီယာဆီရဲ့ နောက်ကျဂိုးက VAR ပြန်ကြည့်ပြီး ပယ်ဖျက်ခံရတာကြောင့် သရေတစ်မှတ်နဲ့သာ ကျေနပ်ခဲ့ရတာပါ။ ဗီလာနဲ့ ပွဲမတိုင်ခင် မှာတော့ ချဲလ်ဆီးဟာ လန်ဒန် မြို့ခံ ပြိုင်ဘက် အာဆင်နယ်ကို ၅-၀ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီး နောက်ပိုင်း နှစ်တွေ အတွင်းမှာ အဆိုးရွားဆုံး ခြေစွမ်းကို မြင်တွေ့ခဲ့တာ ဖြစ်ပါတယ်။

ဗီလာနဲ့ ပွဲအပြီးမှာ ခံစစ်ပိုင်းက ပိုချက်တီနိုရဲ့ ချဲလ်ဆီး အပေါ် သက်ရောက်မှု ရှိခဲ့သလားလို့ ကူကာရယ်လာကို မေးမြန်းရာမှာတော့ “ဟုတ်ပါတယ်၊ သေချာပါတယ်။ ပိုချက်တီနိုဟာ ပထမပိုင်းပြီးချိန်မှာ စကားတွေ အများကြီး ပြောခဲ့ပြီးတော့ အသင်းဘက်က တုံ့ပြန်မှုကိုလည်း ခင်ဗျားတို့ အားလုံး မြင်ခဲ့ရပါတယ်။” လို့ ဆိုပါတယ်။

အဲ့နောက် “ကျွန်တော်တို့ နိုင်ပွဲ မရခဲ့တဲ့ ဂိမ်းတွေ အများကြီးပါ၊ အဲဒါက ဂိမ်းရဲ့ တစ်စိတ်တစ်ပိုင်းပါ၊ ဒါပေမယ့် ကျွန်တော် ထင်တာ ကတော့ ပြဿနာ အရင်းခံက ကျွန်တော် တို့မှာ အရည်အသွေး ရှိပြီး ကျွန်တော်တို့ ဘာလုပ်နိုင်တယ် ဆိုတာကို မပြနိုင်ခဲ့လို့ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ ၅ ဂိုးပြတ်နဲ့ ရှုံးနေရင်တော့ နည်းပြ အနေနဲ့ ဘာလုပ်နိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။

“ပိုချက်တီနိုက ကျွန်တော်တို့ ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ တော်တော်လေး အကူညီပေးခဲ့တယ်၊ သူက ကောင်းမွန်တဲ့ ပြောဆို ဆက်ဆံမှု စွမ်းရည်တွေ ရှိပြီး အသင်းကလည်း သူ့ကို ထောက်ခံပါတယ်။ ကျွန်တော်တို့ လမ်းကြောင်းမှန်ပေါ် ရောက်နေပါပြီ။” “ကျွန်တော်တို့ အားလုံး အပတ်တိုင်း တိုးတက်ဖို့ လိုအပ်ပါတယ်၊ တူညီတဲ့ အဆင့်မှာနေဖို့၊ နိုင်ပွဲရဖို့ လိုအပ်တာကြောင့် မိနစ်တိုင်းမှာ တူညီတဲ့ သဘောထားတွေ ရှိဖို့ လိုပါတယ်။ အတူတူရှိနေရင် ကောင်းတဲ့ အရာတွေကို လုပ်ဆောင်နိုင်ပါတယ်။” လို့ ကူကာရယ်လာက ပြောဆိုခဲ့ပါတယ်။

ကူကာရယ်လာ အပါအဝင် အသင်းသားတွေက ပိုချက်တီနိုကို ထောက်ခံ အားပေးနေကြပေမယ့်လည်း အာဂျင်တီးနားသား နည်းပြဟာ လာမယ့် စတန်းဖို့ဒ်ဘရစ်ချ်မှာ ဆက်ရှိနေဖို့ မသေချာ ဖြစ်နေပါတယ်။ ပိုချက်တီနိုဟာ အခုရာသီ ပရီးမီးယားလိဂ် ၃၃ ပွဲမှာ ၁၃ ပွဲသာ အနိုင်ရရှိထားပြီး ၉ ပွဲ သရေ၊ ၁၁ ပွဲ ရှုံးရလဒ်သာ ရရှိအောင် စွမ်းဆောင်ပေးထားနိုင်လို့ ဖြစ်ပါတယ်။

အစောပိုင်းမှာ သိရတဲ့ သတင်းတွေ အရ ဆိုရင် ပိုချက်တီနိုဟာ ပိုင်ရှင်တွေနဲ့ ဒါရိုက်တာတွေကို သူ့ရဲ့ ခံစားချက်တွေနဲ့ ပတ်သတ်ပြီး ထုတ်ဖော် ပြောဆိုနိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် လုပ်ငန်းစဉ် တစ်စိတ်တစ်ပိုင်း အနေနဲ့ ရာသီကုန်မှာ သူ့ရဲ့ နည်းပြ ရာထူးကို အသင်း ဘက်ကလည်း ပြန်လည် သုံးသပ်ခွင့်ရှိတဲ့ သဘောတူညီချက်လည်း ရှိနေကြောင်း သိရပါတယ်။

စွမ်းဆောင်ရည် ညံ့ဖျင်းနေခြင်းနဲ့ အတူ ရလဒ်တွေလည်း ဆိုးရွားနေတာကြောင့် ပိုချက်တီနိုကို လာမယ့် ရာသီ အသင်းမှာ ဆက်ရှိသင့်၊ မရှိသင့် အသင်း ပရိသတ်တွေ အနေနဲ့ ငြင်းခုံလျက် ရှိပြီး တချို့ကလည်း ပြင်းပြင်းထန်ထန်ကို ဝေဖန်နေကြတာ ဖြစ်ပါတယ်။ ပိုချက်တီနိုဟာ ချဲလ်ဆီး အသင်းကို ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၄၆ ပွဲ ကိုင်တွယ်ရာမှာ ၂၂ ပွဲနိုင်၊ ၁၀ ပွဲ သရေ၊ ၄ ပွဲ ရှုံး ရလဒ်သာ ရရှိအောင် စွမ်းဆောင်ပေးထားနိုင်တာ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ အက်ဖ်အေဖလားမှာ ဆီမီးဖိုင်နယ်၊ ခရာဘောင်ဖလားမှာ ဗိုလ်လုပွဲတွေ အထိ ရောက်ခဲ့ပေမယ့် ပရီးမီးယားလိဂ် မှာတော့ လက်ရှိ အဆင့် ၉ နေရာမှာသာ ရပ်တည်နေတာ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ဖလားလက်မဲ့ ရာသီ အဖြစ် ဖြတ်သန်းရတော့မှာ ဖြစ်သလို အဆိုးဆုံး ကတော့ လာမယ့်ရာသီ ဥရောပဝင်ခွင့် ရဖို့ မျှော်လင့်ချက် ကုန်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်