နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ကလော့ပ်ဟာ မန်စီးတီးကို အဆင့် တစ်ခု ရောက်အောင် တွန်းပို့ပေးခဲ့တယ်လို့ ချီးကျူးလိုက်တဲ့ ပပ် | ပရီးမီးယားလိဂ်

မန်စီးတီးကို အဆင့် တစ်ခု ရောက်အောင် တွန်းပို့ပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ကြောင်း ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွာဒီယိုလာက ယာဂင် ကလော့ပ်ကို ချီးကျူးစကား ပြောကြားသွားခဲ့ပါတယ်။

လစ်ဗာပူးလ် နည်းပြ ယာဂင် ကလော့ပ်နဲ့ မန်ချက်စတာစီးတီး နည်းပြ ပပ်ဂွာဒီယိုလာ တို့ဟာ ပြိုင်ဘက်ကောင်းတွေ အဖြစ် နှစ်ကာလ တစ်ခု အကြာ ယှဉ်ပြိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ ကလော့ပ် ကတော့ ၂၀၁၅ ခုနှစ် ကနေ ၂၀၂၄ ခုနှစ် အထိ ၈ နှစ်ကျော်ကြာ လစ်ဗာပူးလ် အသင်းကို ကိုင်တွယ်ခဲ့ပြီး အဓိက ဆုဖလား အားလုံး ဆွတ်ခူးပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မန်စီးတီးနဲ့ အတူ ပပ် ဂွာဒီယိုလာ ရရှိခဲ့တဲ့ ဆုဖလား အောင်မြင်မှုကိုတော့ ကလော့ပ် အနေနဲ့ လိုက်မှီခဲ့ခြင်း မရှိခဲ့ပါဘူး။

ကလော့ပ် အနေနဲ့ ရာသီကုန်မှာ အန်ဖီးလ်ကို စွန့်ခွာတော့မှာ ဖြစ်ပြီး သူ့ရဲ့ နောက်ဆုံး ရာသီမှာ လစ်ဗာပူးလ် အတွက် ခရာဘောင်ဖလား တစ်လုံး ဆွတ်ခူးပေးခဲ့ပေမယ့် ကျန်ပြိုင်ပွဲတွေမှာတော့ အောင်မြင်မှု ရယူနိုင်ခဲ့ခြင်း မရှိပါဘူး။ ကလော့ပ်နဲ့ ဂွာဒီယိုလာ တို့ဟာ ဘွန်ဒက်စ်လီဂါ ကလပ်တွေ ဖြစ်တဲ့ ဘေယန်မြူးနစ်နဲ့ ဒေါ့မန်မှာ ပြိုင်ဘက်တွေ ဖြစ်ခဲ့ကြဖူးသလို ပရီးမီးယားလိဂ် မှာလည်း အပြန်အလှန် လေးစားမှု ရှိတဲ့ ပြိုင်ဘက်တွေ ဖြစ်ခဲ့ကြတာပါ။ ကလော့ပ်က အန်ဖီးလ် ကနေ မထွက်ခွာမီ ဂွာဒီယိုလာကို “ကမ္ဘာ့အကောင်းဆုံး မန်နေဂျာ” ဖြစ်ကြောင်း ချီးကျူးခဲ့ဖူးသလို ဂွာဒီယိုလာ ကိုင်တွယ်တဲ့ မန်စီးတီး လိုမျိုး အခြား ဘယ်အသင်း ကမှ ၄ ကြိမ်ဆက် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်မှာ မဟုတ်ကြောင်း သူ့ရဲ့ အမြင်ကို ဖွင့်ဟခဲ့ဖူးပါတယ်။

ဝက်စ်ဟမ်းကို ၃-၁ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ၄ ရာသီဆက် ပရီးမီးယားလိဂ် ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့တဲ့ မန်စီးတီး နည်းပြက ကလော့ပ်နဲ့ ပတ်သတ်ပြီး မေးမြန်းခဲ့ရာမှာတော့ မျက်ရည်တွေနဲ့ အခုလိုပဲ ဖြေကြားခဲ့ပါတယ်။

ကလော့ပ်နဲ့ ဂွာဒီယိုလာ တို့ဟာ ဘွန်ဒက်စ်လီဂါ ကလပ်တွေ ဖြစ်တဲ့ ဘေယန်မြူးနစ်နဲ့ ဒေါ့မန်မှာ ပြိုင်ဘက်တွေ ဖြစ်ခဲ့ကြဖူးသလို ပရီးမီးယားလိဂ် မှာလည်း အပြန်အလှန် လေးစားမှု ရှိတဲ့ ပြိုင်ဘက်တွေ ဖြစ်ခဲ့ကြတာပါ။
ဂွာဒီယိုလာ လက်က ပရီးမီးယားလိဂ် ချန်ပီယံဆု တစ်ကြိမ် လုယူနိုင်ခဲ့တဲ့ လစ်ဗာပူးလ်

“ကျွန်တော် သူ့ကို အရမ်းလွမ်းလိမ့်မယ်” ဆိုပြီး တုန်ရီတဲ့ အသံနဲ့ ပြောကြားခဲ့ပြီး “ယာဂင် ဟာ ကျွန်တော့် ဘဝရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခုပါ။ သူက ကျွန်တော့်ကို မန်နေဂျာ တစ်ယောက် အနေနဲ့ နောက်ထပ် အဆင့် တစ်ခုကို ခေါ်ဆောင်ခဲ့ပါတယ်။ ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် မယုံနိုင်လောက်အောင်ကို လေးစားပါတယ်။”

“သူပြန်လာမှာပါ။ သူ့စကား အတွက် ကျေးဇူး အများကြီးတင်ပါတယ် ဒါပေမယ့် ဒီကလပ်က ကျွန်တော့်ကို ပေးတာတွေ အများကြီးရှိတယ်၊ မဟုတ်ရင် ကျွန်တော် တစ်ယောက်တည်း မလုပ်နိုင်ဘူး ဆိုတာကို သူသိပါတယ်။ ကျွန်တော် သိရသလောက် သူက နှိမ့်ချပြီးနေတတ်တယ်။ သူနဲ့ သူ့ အသင်းက ကျွန်တော့်ကို ကူညီပေးခဲ့တယ်၊ သူက ကျွန်တော့် ဘဝရဲ့ ကြီးမားတဲ့ ပြိုင်ဘက် တစ်ယောက် ဖြစ်ခဲ့တယ်။ သူနဲ့ ပတ်သတ်ပြီး အပြစ်ဆိုတာ ရှာရခက်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

မန်စီးတီးဟာ ၂၀၂၁ ကနေ ၂၀၂၄ ခုနှစ်အထိ ၄ ရာသီ ဆက်တိုက် ပရီးမီးယားလိဂ် ဖလား ရယူနိုင်ခဲ့ပြီးနောက် အင်္ဂလန် ထိပ်တန်းလိဂ်တွေထဲမှာ တခြား ဘယ်အသင်းမှ မရဖူးသေးတဲ့ စံချိန်ကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက် ရရှိထားတဲ့ ၃ ရာသီဆက် ပရီးမီးယားလိဂ် ချန်ပီယံ ဆိုတဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့သလို ပြီးခဲ့တဲ့ ရာသီကလည်း ယူနိုက်တက် တင်ထားတဲ့ တစ်ရာသီထဲ ဖလား ၃ လုံး ချန်ပီယံ ဆိုတဲ့ စံချိန် ကိုလည်း ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဂွာဒီယိုလာရဲ့ အသင်းဟာ အက်ဖ်အေဖလား မှာလည်း ဗိုလ်လုပွဲ ရောက်ရှိနေပြီ ဖြစ်တာကြောင့် ဖလား ၂ လုံး ချန်ပီယံ အဖြစ် ရာသီသိမ်းနိုင်ဖို့ ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်