နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရိုဒရီ အာဆင်နယ်ကို ပြောတဲ့ စကားက လွန်တယ်လို့ ဝေဖန်လိုက်တဲ့ ပေါလ်မာဆင် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံဆုကို ၄ နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ချိန် မှာတော့ မန်စီးတီး ကွင်းလယ်လူ ရိုဒရီက အာဆင်နယ်ဟာ ချန်ပီယံ စိတ်ဓာတ် မရှိဘူးလို့ ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ ရိုဒရီဟာ ဝက်စ်ဟမ်းကို ၃-၁ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ပရီးမီးယားလိဂ် ချန်ပီယံ အဖြစ် အောင်ပွဲခံပွဲ အပြီး ပထမဦးဆုံး ပြုလုပ်တဲ့ အင်တာဗျူးမှာ ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။ 

ရိုဒရီက “အရိုးသားဆုံး ဖြေရရင် စိတ်ဓာတ်ပိုင်းက အဓိကပါပဲ။ ပရီးမီးယားလိဂ် အသင်းတွေမှာ ထိပ်တန်း ကစားသမားတွေ အများကြီး ရှိကြပါတယ်။ အာဆင်နယ်မှာလည်း တူတူပါပဲ။ အာဆင်နယ်လည်း ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ ထိုက်တန်ခဲ့ပါတယ်။”

“သူတို့ အသင်းဟာ အံ့အားသင့်ဖွယ် ကောင်းတဲ့ ဘောလုံးရာသီတစ်ခု ပိုင်ဆိုင်ခဲ့ပါတယ်။ သူတို့ အသင်းနဲ့ ကျနော်တို့ အသင်းကြားမှာ ရှိတဲ့ ကွာခြားချက် တစ်ခုကတော့ စိတ်ဓာတ်ပိုင်းပါပဲ။ အာဆင်နယ်ဟာ ဒီနေရာ (အက်တီဟတ်ကွင်း) ကို လာတုန်းက ကျွန်တော်တို့နဲ့ ကစားတုန်းက အနိုင်မလိုချင်ခဲ့ပါဘူး။ သူတို့ သရေရလဒ်ပဲ လိုချင်ခဲ့တာပါ။ ကျွန်တော်တို့ သူတို့ နေရာမှာဆို အဲ့လိုမျိုး ကစားခဲ့မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပြိုင်ဘက်ကို လိုက်မှီအောင် အနိုင်ကစားခဲ့မှာပါ။ သူတို့ ကျွန်တော်တို့ကို တစ်မှတ်ခွဲပေးခဲ့ပြီး လက်ကျန် ပွဲတွေမှာ ကျွန်တော်တို့ အနိုင်ကစားခဲ့ပါတယ်။ ဒီနှစ်သင်းကြားမှာ အဓိက ကွာခြားသွားခဲ့တာက စိတ်ဓာတ်ပိုင်းပါပဲ။” လို့ ရိုဒရီက ပြောကြားသွားခဲ့ပါတယ်။ 

ပရီးမီးယားလိဂ် ပွဲစဉ် ၃၈ မတိုင်ခင် အထိ မန်စီတီးနဲ့ အာဆင်နယ်ဟာ ၂ မှတ်သာ ကွာဟနေခဲ့ပြီးတော့ ဂိုးကွာခြားချက်အရ အာဆင်နယ် ကတောင် အနည်းငယ် ပိုသာနေခဲ့တာပါ။ ဒါကြောင့် နောက်ဆုံး ပွဲမှာ မန်စီးတီး အနေနဲ့ ဝက်စ်ဟမ်းကို သရေ သို့မဟုတ် ရှုံးနိမ့်ပြီး အာဆင်နယ်က အဲဗာတန်ကို အနိုင်ရခဲ့ရင် ပရီးမီးယားလိဂ် ချန်ပီယံဆုကို အာဆင်နယ်တို့ ကိုင်မြှောက်နိုင်ခဲ့မှာပါ။ ဒါပေမယ့်လည်း အာဆင်နယ်တို့ အနိုင်ရခဲ့သလို မန်စီးတီး ကလည်း ဝက်စ်ဟမ်းကို ၃-၁ ရလဒ်နဲ့ အနိုင်ရခဲ့တာကြောင့် မန်စီးတီးပဲ ချန်ပီယံ ဖြစ်ခဲ့တာပါ။

ဒါပေမယ့်လည်း သူ့ရဲ့ ပြောစကား ကို‌တော့ အာဆင်နယ် ပရိသတ်လည်း ဖြစ်၊ ဘောလုံး ဝေဖန်သုံးသပ်သူလည်း ဖြစ်တဲ့ ပေါလ်မာဆင်က အခုလိုပဲ တုန့်ပြန်သွားခဲ့ပါတယ်။ ပေါလ် မာဆင်က “Rodri ရဲ့ ဝေဖန်မှုက အာဆင်နယ် အသင်းအတွက် ပိုပြီးတော့တောင် အားဖြစ်စေပါလိမ့်မယ်။ နွေရာသီနားရက်တွေ ပြီးတာနဲ့ အာဆင်နယ် အသင်းသားတွေ ပြန်စုံရင် “တွေ့ကြသေးတာပေါ့ကွာ” ဆိုပြီးတောင် သူတိုအချင်းချင်း ပြောကြလိမ့်မယ်။ ရိုဒရီ ပြောတာ မှားတယ်လို ကျနော် ထင်ပါတယ်၊ အာဆင်နယ်က ဘာအမှားမှ မလုပ်ခဲ့ပဲ။ တပွဲတည်း၊ ဘုရားစူးကို တပွဲတည်း၊ တန်ပြန် တိုက်စစ် အရမ်းကောင်းတဲ့ ဗီလာနဲ့မှ ခံလိုက်ရတာပါ”“ရိုဒရီ ဘာကြောင့် အဲဒီလို ပြောခဲ့သလဲ ကျနော် မသိပေမယ့် သူပြောတာက လွန်လွန်းပါတယ်။ အာဆင်နယ်ဟာ New Year အပြီးမှာ အကောင်းဆုံး ပုံစံနဲ့ ပြန်လာနိုင်ခဲ့ပါတယ်။ ဗီလာနဲ့ ပွဲမှာ ရှုံးနိမ့်လို့သာ သူတို့ ပေးဆပ်လိုက်ရတာပါ။ ရိုဒရီရဲ့ ပြောစကားက နောက်နှစ် အာတေးတားရဲ့ အသင်းကို ပြောတဲ့ စကားတွေထဲမှာ ထည့်ပြောဖို့ တွန်းအားပေးတဲ့ စကား ဖြစ်လာပါလိမ့်မယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်