နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မန်စီးတီး-အာဆင်နယ် ပွဲကို အိုဒီဂတ် ကျိန်းသေပေါက် လွဲချော်ပြီး ဒီဘရွန်းနားလည်း ပါဝင်ကစားနိုင်ဖို့ မသေချာ ဖြစ်နေ | ပရီးမီးယားလိဂ်

အခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၅ မှာတော့ မန်ချက်စတာစီးတီးနဲ့ အာဆင်နယ်တို့ ထိပ်တိုက် တွေ့ဆုံနေတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဆု အတွက် ရေပန်းစားနေတဲ့ အသင်းတွေ ဖြစ်တာနဲ့ အညီ ပရိသတ် စိတ်ဝင်စားမှု များတဲ့ ပွဲစဉ်လည်း ဖြစ်ပါတယ်။

နှစ်သင်းစလုံး အတွက် အရေးပါတဲ့ ပွဲစဉ် ဖြစ်တာကြောင့် အမှားမခံစတမ်း ကစားကြမယ့် ပွဲစဉ် ဆိုရင်လည်း မမှားပါဘူး။ ဒီအခြေအနေမှာ အာဆင်နယ် ဘက်က အဓိက ကွင်းလယ် ဖန်တီးရှင် မာတင် အိုဒီဂတ် ခြေချင်းဝတ် ဒဏ်ရာကြောင့် အနည်းဆုံး ၂ လ အနားယူနေရပြီး အခုပွဲကို ကျိန်းသေပေါက် လွဲချော်မှာပါ။ နောက်ဆုံး ရရှိတဲ့ သတင်းတွေ အရ ဆိုရင် အာဆင်နယ်မှာ မာတင် အိုဒီဂတ် မပါဝင်နိုင်သလို မန်ချက်စတာစီးတီး ဘက်မှာလည်း အဓိက ကွင်းလယ်လူ ကီဗင် ဒီဘရွန်းနား လွဲချော်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။

အာဆင်နယ် နည်းပြ မီခဲလ် အာတေးတား ကတော့ အသင်းခေါင်းဆောင် မာတင် အိုဒီဂတ်ရဲ့ ဒဏ်ရာက ခြေချင်းဝတ် အရွတ် ထိခိုက်မိခြင်း ဖြစ်ပြီး အချိန်ကာလ တစ်ခု အကြာ လက်လွှတ်ရမှာ ဖြစ်ကြောင်း ဝန်ခံထားပါတယ်။ နော်ဝေ လက်ရွေးစင် အသင်းခေါင်းဆောင် အိုဒီဂတ်က ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့က သြစတြီးယားနဲ့ ကစားခဲ့တဲ့ နေးရှင်းလိဂ် ပွဲစဉ်မှာ ဘမ်ဂတ်နာနဲ့ ထိခိုက်မိပြီး ဝဲဘက် ခြေချင်းဝတ် ဒဏ်ရာ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဆု အတွက် ရေပန်းစားနေတဲ့ အသင်းတွေ ဖြစ်တာနဲ့ အညီ ပရိသတ် စိတ်ဝင်စားမှု များတဲ့ ပွဲစဉ်လည်း ဖြစ်ပါတယ်။
ပေါင်ခြံဒဏ်ရာကြောင့် လာမယ့် ပွဲကို လွဲချော်ဖွယ် ရှိနေတဲ့ ဒီဘရွန်းနား

အိုဒီဂတ်ဟာ ဒီဒဏ်ရာကြောင့် စပါးကို အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ် လန်ဒန် ဒါဘီ ပွဲစဉ်ကို လွဲချော်ခဲ့သလို လက်ရှိမှာလည်း အချိန်ကာလ တစ်ခုကြာ အနားယူရဦးမှာ ဖြစ်တယ်လို့ အာတေးတားက ဖွင့်ဟလာခဲ့တာ ဖြစ်ပါတယ်။ အာတေးတားက “Scan စစ်ဆေးမှု ရလဒ်က ခြေချင်းဝတ်မှာ ရှိတဲ့ အရွတ် တစ်ဝိုက်မှာ ထိခိုက်မှုတွေ  ရှိခဲ့တယ်လို့ အဖြေထွက်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ သူ့ကို လက်လွှတ်ထားရမှာပါ။ ဒါက သိသာထင်ရှားတဲ့ အခြေအနေ ဖြစ်လို ကျွန်တော်တို့ သူ့ကို အချိန် တစ်ခုလောက် ဆုံးရှုံးရဖို့ ရှိပါတယ်။ လနဲ့ ချီပြီး မဖြစ်စေဖိုတော့ မျှော်လင့်ရတာပါပဲ။ သူက ကျွန်တော် တိုရဲ့ အသင်းခေါင်းဆောင်ပါ။ သူက ကျွန်တော်တို့ အသင်းရဲ့ အကြီးကျယ်ဆုံးနဲ့ အကောင်းဆုံး ကစားသမားတွေ ထဲက တစ်ယောက် ဖြစ်ပါတယ်။ ကျွန်တော် တိုရဲ့ ကစားပုံက သူ ဘယ်လို ကစားတယ်၊ ဘယ်လို  ကိုယ်စားပြုလဲ ဆိုတာနဲ့ တော်တော်လေးကို ဆက်စပ်နေပါတယ်။ ကျွန်တော်တို့ အနေနဲ့ မတူညီတဲ့ ပုံစံ တစ်ခုကို ဘယ်လိုမျိုး ပြသနိုင်မလဲ ဆိုတာက အသင်း အတွက် ကြီးမားတဲ့ စမ်းသပ်မှု တစ်ခု ဖြစ်ပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် မန်စီးတီးရဲ့ အားထားရတဲ့ အဓိက ကွင်းလယ်လူ ကယ်ဗင် ဒီဘရွန်းနား ကလည်း အင်တာမီလန်နဲ့ ကစားတဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာကြောင့် အာဆင်နယ်နဲ့ ပွဲကို ပါဝင်နိုင်ဖို့ မသေချာသေးပါဘူး။ ဒီဘရွန်းနားဟာ ပေါင်ခြံဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပြီး ပထမပိုင်း အပြီးမှာတင်ပဲ ဂွန်ဒိုအန်နဲ့ လူစားလဲခဲ့ရတာ ဖြစ်ပါတယ်။

ဒီဘရွန်းနားရဲ့ ဒဏ်ရာ အခြေအနေနဲ့ ပတ်သတ်လို့တော့ ပပ် ဂွာဒီယိုလာက “ကျွန်တော် မသိသေးပါဘူး။ ဒီညမှာ ကျွန်တော်တို့ စစ်ဆေးကြည့်ရမှာ ဖြစ်ပြီး မနက်ဖြန် ဆိုရင်တော့ အချက်အလက်တွေ ပိုပြီး သိလာရမှာပါ။ ဆရာဝန်တွေက သူမကစားနိုင်ဘူးလို ကျွန်တော့်ကို ပြောပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ပထမပိုင်း အပြီးမှာ လူစားလဲဖို့ ကျွန်တော် စဉ်းစားထားပြီးသားပါ။ တစ်ယောက်တည်း ဖြစ်နေချိန်မှာ ဘောလုံးကို လွယ်လွယ်နဲ့ ဆုံးရှုံးသွားရင် အဲဒါက တန်ပြန် တိုက်စစ် ဖြစ်သွားပြီး ရပ်တန့်ဖို မဖြစ်နိုင်ပါဘူး။ ပိုပြီး တိကျမှု ရှိရပါမယ်။ အဲဒါက အထူးသဖြင့် ကီဗင်ရဲ့ ဘယ်ခြမ်းမှာ ဖြစ်ခဲ့တာပါ။ ဖိအား မရှိဘဲ ဘောလုံးဆုံးရှုံးသွားရင်တော့ ပြိုင်ဘက်က ကျွန်တော် တို့ကို အလဲထိုးသွားပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်