နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခြေချင်းဝတ် ဒဏ်ရာကြောင့် အနည်းဆုံး ၈ ပတ် အနားယူရတော့မယ့် အိုဒီဂတ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် အသင်းရဲ့ ကွင်းလယ်လူ မာတင် အိုဒီဂတ် ကတော့ ခြေချင်းဝတ် ဒဏ်ရာကြောင့် ၈ ပတ် ကနေ ၁၂ ပတ် အထိ အနားယူရတော့မယ်လို့ သိရပါတယ်။

သတင်းတွေအရ ဆိုရင် မာတင် အိုဒီဂတ်ဟာ ဘရိုက်တန်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ပြီးကတည်းက သူ့ရဲ့ ကြံ့ခိုင်မှု အခြေအနေဟာ ပုံမှန် မဟုတ်ခဲ့ဘူးလို့ သိရပါတယ်။ ဒါကို အိုဒီဂတ်က နိုင်ငံ အသင်း အတွက် ဆက်လက် ကစားပေးခဲ့လို့ အခုလိုမျိုး ဒဏ်ရာရသွားခဲ့တာ ဖြစ်ကြောင်းလည်း သိရပါတယ်။ မာတင် အိုဒီဂတ်ဟာ အစောပိုင်းမှာ ခြေကျင်းဝတ် ပွန်းပဲ့ ဒဏ်ရာသာ ရရှိခဲ့တယ်လို့ စစ်ဆေးတွေ့ရှိခဲ့ရပေမယ့် ဓာတ်ပုံတွေမှာ တွေ့ရှိရတာ အရ ဆိုရင် နော်ဝေသားဟာ လေယာဉ်ပေါ် တက်ဖို့ ချိုင်းထောက်တွေ ကိုတောင် အသုံးပြုနေရတာ ဖြစ်ပါတယ်။

လက်ရှိ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ရဲ့ ဒဏ်ရာရ ကစားသမား စာရင်းမှာ ကစားသမား ၅ ဦး အထိ ရှိနေပြီးတော့ တီယာနေး၊ ဇင်ချန်ကို၊ တိုမီယာဆု၊ မာတင် အိုဒီဂတ်နဲ့ မီခဲလ် မာရင်နိုတို့ ပါဝင်နေတာလည်း ဖြစ်ပါတယ်။
ကစားကွက် အပြောင်းအလဲ ပြုလုပ်လာရဖို့ ရှိနေတဲ့ အာဆင်နယ်

တချိုု့ သတင်းတွေ မှာတော့ အိုဒီဂတ် အနေနဲ့ အနည်းဆုံး နှစ်လ အနားယူရမယ်လို့ ဖော်ပြထားကြပြီး ကံဆိုးရင်တော့ ၃ လနီးပါး လွဲချော်ဖွယ်လည်း ရှိနေတယ်လို့ သိရပါတယ်။ ဒါကြောင့် အိုဒီဂတ် အနေနဲ့ အတ္တလန္တာ၊ မန်ချက်စတာစီးတီး၊ ဘောလ်တန်၊ လက်စတာစီးတီး၊ ပီအက်စ်ဂျီ၊ ဆောက်သမ်တန်၊ ဘုန်းမောက်၊ ရှက်တာဒိုးနတ်၊ လစ်ဗာပူးလ်၊ နယူးကာဆယ်၊ အင်တာမီလန်၊ ချဲလ်ဆီး ပွဲစဉ်တွေကို လွဲချော်တော့မှာ ဖြစ်ပါတယ်။

ဒီလို အိုဒီဂတ် အနားယူရမယ့် အခြေအနေနဲ့ ပတ်သတ်လို့ မီခဲလ် အာတေးတားက ဖွင့်ဟ လာခဲ့တာ ဖြစ်ပြီး နော်ဝေသား မရှိတဲ့ ကွင်းလယ်ပိုင်း အတွက် နည်းပြ မီခဲလ် အာတေးတား တစ်ယောက် ခေါင်းကိုက်စရာတော့ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးနဲ့ မြောက်လန်ဒန်ဒါဘီ ပွဲစဉ် မှာ‌တော့ ကွင်းလယ်မှာ ပါတေးနဲ့ ဂျော်ဂျင်ဟို ကို တွဲဖက်ပေးခဲ့ပြီး ကိုင် ဟာဗက်ဇ်ကို အိုဒီဂတ် နေရာထားကာ အထောင် တိုက်စစ်မှာတော့ ထရော့ဆက်ဒ်ကို ပွဲထွက်စေခဲ့တာ ဖြစ်ပါတယ်။

အခုလာမယ့် အတ္တလန္တာနဲ့ ပွဲစဉ် မှာတော့ အဓိက ကွင်းလယ်လူ တစ်ဦး ဖြစ်တဲ့ ဒီကလန် ရိုက်စ် ပြန်လည် ပါဝင်လာခဲ့ပြီ ဖြစ်တာကြောင့် ဂျော်ဂျင်ဟို၊ ပါတေးနဲ့ ရိုက်စ် တို့ကို တွဲဖက် ပေးသွားဖွယ် ရှိနေပါတယ်။ ဒါ့အပြင် အာတေးတား အနေနဲ့ တောင်ပံ ကစားသမားသစ် ရာဟင်းမ် စတာလင်ကို ပွဲချိန်ပြည့် စမ်းသပ် ပွဲထုတ်လာဖွယ် ရှိနေပြီး တိုက်စစ်မှာ ဂျေဇုစ်၊ ဆာကာ တို့နဲ့ တွဲဖက် ပေးသွားဖွယ်တော့ ရှိနေပါတယ်။ လက်ရှိ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ရဲ့ ဒဏ်ရာရ ကစားသမား စာရင်းမှာ ကစားသမား ၅ ဦး အထိ ရှိနေပြီးတော့ တီယာနေး၊ ဇင်ချန်ကို၊ တိုမီယာဆု၊ မာတင် အိုဒီဂတ်နဲ့ မီခဲလ် မာရင်နိုတို့ ပါဝင်နေတာလည်း ဖြစ်ပါတယ်။ အာဆင်နယ်ဟာ အရေးကြီးတဲ့ ပွဲစဉ်တွေ မတိုင်ခင်ဆိုရင် အမြဲတမ်းလိုလို ဒဏ်ရာရ ကစားသမားတွေ များပြားနေတတ်တဲ့ အသင်း ဖြစ်ပြီး လက်ရှိမှာလည်း ပွဲကြပ်တွေ ကစားနေရပေမယ့် ဒဏ်ရာရနေသူတွေ များနေတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်