လစ်ဗာပူးလ် ကတော့ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်မှာ အမှတ်ဖြတ် ဦးဆောင်နေပြီး ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံးလည်း ဖြစ်နေပါတယ်။ ဒါပေမယ့်လည်း နည်းပြ ဖြစ်သူ အာနေး ဆလော့တ် ကတော့ သူ့အသင်းနဲ့ ပတ်သတ်လို့ နှိမ့်ချ ပြောဆိုနေဆဲ ဖြစ်ကာ အခု တစ်ခါ မှာလည်း နော့တင်ဟမ်ဖောရက်စ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို မျှော်မှန်းနိုင်တဲ့ အသင်း တစ်သင်း ဖြစ်တယ်လို့ သုံးသပ် ပြောကြားလာခဲ့ပါတယ်။
ဆလော့တ်က “အမှတ်ပေးဇယားက အဆုံးအဖြတ် ပေးနိုင်တယ်လို့ ကျွန်တော် အမြဲတမ်းလိုလို ပြောခဲ့ပါတယ်။ လက်ရှိမှာ ဖောရက်စ်က အာဆင်နယ်၊ ချဲလ်ဆီး၊ မန်စီးတီး တို့နဲ့ အတူ ကျွန်တော် တို့ရဲ့ ပြိုင်ဘက် အသင်း တစ်သင်း အဖြစ် ရှိနေပါပြီ။ သူတို့ရဲ့ ကစားပုံနဲ့ သူတို့ရဲ့ ရလဒ်တွေကို ကြည့်ရင် သူတို့ဟာ အခုလို သတ်မှတ်ခံရဖို့ ထိုက်တန်ပါတယ်။ ကျွန်တော်တို့ အလွန်ခက်ခဲတဲ့ စိန်ခေါ်မှုကို ရင်ဆိုင်ရဦးမှာပါ။” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
လစ်ဗာပူးလ်ဟာ အခု တစ်ပတ် ကြားရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ် ၂၁ အဖြစ် နော့တင်ဟမ်ဖောရက်စ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ယှဉ်ပြိုင်ရဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒီပွဲဟာ ကြိုးကြာနီတွေ အတွက် ခက်ခဲနိုင်တဲ့ ပွဲစဉ် ဖြစ်သလို ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အရေးကြီးတဲ့ ပွဲစဉ်လည်း ဖြစ်လာဦးမှာပါ။ ဒါ့အပြင် နော့တင်ဟမ်ဖောရက်စ်ဟာ ဒီရာသီ ပရီးမီးယားလိဂ် မှာ အိမ်ကွင်း ရှုံးပွဲ ၂ ပွဲသာ ရှိထားပြီး ကစားရခက်တဲ့ အသင်း ဖြစ်ပါတယ်။ ဒါကြောင့် နော့တင်ဟမ်ဖောရက်စ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်တာကြောင့် အာနေး ဆလော့တ်က ပြိုင်ဘက်နဲ့ ပတ်သက်လို့ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
နူနို ဆန်းတို့စ်ရဲ့ နော့တင်ဟမ်ဖောရက်စ် ကတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား တတိယ နေရာမှာ ရပ်တည်နေပြီး ဒုတိယ နေရာက အာဆင်နယ်နဲ့ အမှတ်တူ ရပ်တည်နေပါတယ်။ ဒါ့အပြင် တစ်ပွဲလျော့ ကစားထားတဲ့ လစ်ဗာပူးလ်နဲ့လည်း ၆ မှတ်သာ ကွာဟနေခဲ့ပါတယ်။ နော့တင်ဟမ်ဖောရက်စ်က ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲဆက် အနိုင်ရရှိထားပြီးတော့ မနက်ဖြန် မနက်မှာ လစ်ဗာပူးလ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ နော့တင်ဟမ်ဖောရက်စ်ဟာ ပထမအကျော့မှာတုန်းကလည်း လစ်ဗာပူးလ်ကို အဝေးကွင်းမှာ ၀-၁ ရလဒ်နဲ့ အနိုင်ရထားတာကြောင့် အာနေး ဆလော့တ်က ဖောရက်စ်ကို လျှော့မတွက်သင့်တဲ့ ပြိုင်ဘက် အဖြစ် သတ်မှတ်ထားတာလည်း ဖြစ်ပါတယ်။
လစ်ဗာပူးလ်ဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ ရှုံးပွဲ ၂ ပွဲသာ ရှိထားပြီးတော့ ပရီးမီးယားလိဂ် မှာ ဖောရက်စ်နဲ့ ခရာဘောင်ဖလား မှာတော့ စပါးကို ရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်ဟာ နော့တင်ဟမ်ဖောရက်စ်နဲ့ ပြိုင်ပွဲစုံမှာ ၆ ကြိမ် တွေ့ဆုံထားခဲ့ပြီး ၄ ကြိမ်နိုင်ကာ ၂ ကြိမ် ရှုံးထားပါတယ်။ ဖောရက်စ် အိမ်ကွင်း ၃ ကြိမ် တွေ့ဆုံထားရမှာတော့ ၂ ကြိမ်နိုင်ကာ ၁ ကြိမ် ရှုံးနိမ့်ထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.