နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ချဲလ်ဆီး ကနေ ထွက်ခွာမယ်လို့ သတင်းတွေ ထွက်နေတဲ့ အန်ကွန်ကူ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးရဲ့ တိုက်စစ် ကစားသမား ခရစ္စတိုဖာ အန်ကန်ကူ အနေနဲ့ အသင်းမှာ မိနစ် အနည်းငယ်သာ ပွဲထွက်ခွင့် ရရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ပြင်သစ်သား အနေနဲ့ ချဲလ်ဆီး ကနေ ထွက်ခွာဖို့ နီးစပ်နေတယ်လို့ ထင်ကြေးပေးမှုတွေ ရှိနေပြီးတော့ ဒီအခြေအနေတွေ ကိုတော့ အန်ကွန်ကူက ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ် တိုက်စစ်မှူး အနေနဲ့ ဒဏ်ရာက ပြန်လည် သက်သာလာချိန် နည်းပြ အန်ဇို မာရက်စ်ကာ လက်ထက်မှာ ပုံမှန် ပွဲထွက်ခွင့် ရရှိဖို့ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ အန်ကွန်ကူ အနေနဲ့ နီကိုးလက်စ် ဂျက်ဆန်ရဲ့ နောက်မှသာ ပွဲထွက်ခွင့် ရရှိနေပြီးတော့ ၂၀၂၄-၂၅ ဘောလုံးရာသီ အတွင်း ၁၁ ပွဲမှာ ၇ ဂိုး သွင်းယူထားခဲ့ပါတယ်။ ဒါ့ပေမယ့်လည်း အန်ကွန်ကူ အနေနဲ့ ပွဲစဉ် တော်တော်များများမှာ မိနစ် အနည်းငယ်သာ ပါဝင် ကစားခွင့် ရရှိထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် အန်ကွန်ကူ အနေနဲ့ ပရီးမီးယားလိဂ် မှာတော့ ပွဲစဉ် ၇ ပွဲ ဝင်ရောက် ကစားထားခဲ့ပေမယ့်လည်း မိနစ် အနေနဲ့တော့ ၁၂၇ မိနစ်သာ ကစားထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အန်ကွန်ကူ အနေနဲ့ ပွဲထွက် ကစားခွင့်ရရှိခဲ့တဲ့ ၁၁ ပွဲမှာ အထင်ကြီးစရာ ကောင်းတဲ့ ခြေစွမ်းတွေ ပြသထားပြီးတော့ သွင်းဂိုး ၇ ဂိုးလည်း သွင်းယူထားနိုင်တာကြောင့် ၆၁ မိနစ်တိုင်းမှာ ပျမ်းမျှ တစ်ဂိုးနှုန်း သွင်းယူနိုင်သူလည်း ဖြစ်နေခဲ့ပါတယ်။

အန်ကွန်ကူဟာ လိုက်ပ်ဇစ်မှာ ခြေစွမ်းပြနိုင်ခဲ့သလောက် ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး မှာတော့ ဒဏ်ရာ ပြဿနာတွေနဲ့ပဲ လုံးပန်းနေခဲ့ရပြီး ဒီရာသီမှ ပွဲချိန် တော်တော်များများ ပါဝင် ကစားနိုင်နေတာ ဖြစ်ပါတယ်။
ဒီရာသီ ချဲလ်ဆီးမှာ ပွဲချိန် အနည်းငယ်သာ ကစားခွင့်ရနေတဲ့ အန်ကွန်ကူ

လက်ရှိမှာ ပြင်သစ် လက်ရွေးစင် ကစားသမားဟာ ငယ်ဘဝ ကလပ် ဖြစ်တဲ့ ပီအက်စ်ဂျီ သို့ ပြန်လည် ပြောင်းရွှေ့မယ်လို့ ထင်ကြေးပေးမှုတွေလည်း ရှိနေပြီးတော့ ဒီအခြေအနေတွေနဲ့ ပတ်သတ်လို့လည်း အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ အန်ကွန်ကူက “ပီအက်စ်ဂျီက ကြီးမားတဲ့ ကလပ် တစ်ခု ဖြစ်နေတုန်းပါပဲ။ ချဉ်းကပ်မှုတော့ မရှိပါဘူးလို့ အမြဲ ပြောဖူးပါတယ်။” လို့ Telefoot ကို ပြောကြားခဲ့ပါတယ်။

ပြင်သစ် ကလပ် ပီအက်စ်ဂျီ လူငယ် အသင်း ကနေ ထွက်ပေါ်လာခဲ့တဲ့ အန်ကွန်ကူ ကတော့ စီနီယာ အသင်းကြီး မှာတော့ ၂၀၁၅ ကနေ ၂၀၁၉ ခုနှစ် အထိ ၄ နှစ် အတွင်း ၇၈ ပွဲ ကစားပြီး ၁၁ ဂိုး သွင်းယူခဲ့ပါတယ်။ အဲ့နောက် ၂၀၁၉ ခုနှစ် မှာတော့ ဂျာမန် ကလပ် လိုက်ပ်ဇစ် မှာ ၂၀၁၉ ခုနှစ် ကနေ ၂၀၂၃ ခုနှစ် အထိ ကစားခဲ့ပြီးတော့ ၁၇၂ ပွဲ ကစားပြီး ဂိုး ၇၀ သွင်းယူခဲ့ပါတယ်။ အဲဒီနောက် ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့ပြီးတော့ ရောက်ရောက်ချင်းမှာပဲ ဒဏ်ရာကြောင့် ရုန်းကန်ခဲ့ရကာ အနားယူနေခဲ့ရတာ ဖြစ်ပါတယ်။ အန်ကွန်ကူဟာ လိုက်ပ်ဇစ်မှာ ခြေစွမ်းပြနိုင်ခဲ့သလောက် ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး မှာတော့ ဒဏ်ရာ ပြဿနာတွေနဲ့ပဲ လုံးပန်းနေခဲ့ရပြီး ဒီရာသီမှ ပွဲချိန် တော်တော်များများ ပါဝင် ကစားနိုင်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မာရက်စ်ကာ ကတော့ နီကိုးလက်စ် ဂျက်ဆန်ကို ပွဲထွက်ခွင့် ပိုပေးနေတာကြောင့် အန်ကွန်ကူ အနေနဲ့ ပီအက်စ်ဂျီကို ပြန်လည် ပြောင်းရွှေ့တော့မယ် ဆိုပြီး သတင်းတွေ ထွက်နေတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်