နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မန်စီးတီးနဲ့ စာချုပ်သစ်ချုပ်လိုက်တဲ့ အေခီ (ပရီးမီးယားလိဂ် သတင်းများ)

ဒီတစ်ခါ မှာတော့ ဇူလိုင်လ ၂၉ ရက်နေ့ ညနေပိုင်း အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


မန်စီးတီးနဲ့ စာချုပ်သစ်ချုပ်လိုက်တဲ့ အေခီ

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး နောက်ခံလူ နေသန် အေခီဟာ အသင်းနဲ့ အတူ ၂၀၂၇ အထိ ဆက်ရှိနေမယ့် စာချုပ်သစ်ကို ချုပ်ဆိုလိုက်ပါပြီ။ ဂွာဒီယိုလာရဲ့ အသင်းမှာ ဗဟိုခံစစ်၊ ဘယ်အစွန် ခံစစ်ကစားသမား အဖြစ်နဲ့ပါ ကစားပေးနိုင်တဲ့ အေခီက ၄ နှစ် စာချုပ်သစ်ကို ချုပ်ဆိုကာ လစာငွေ တိုးမြှင့်ရရှိမယ် လို့လည်း သိရပါတယ်။

“ ဒီအသင်းက ကမ္ဘာ့အကောင်းဆုံး အသင်းပါ၊ ဒါကို ကျနော် သံသယမရှိပါဘူး၊ မန်စီးတီး ကစားသမား အဖြစ် ရှိနေရတာ ကိုက ဂုဏ်ယူဖို့ ကောင်းပြီး အံမခန်းပါပဲ” လို့ စာချုပ်ချုပ်ဆိုအပြီးမှာ အေခီက ပြောခဲ့ပါတယ်။ အေခီဟာ ပြီးခဲ့တဲ့ ရာသီက မန်စီးတီးမှာ အဓိကကျခဲ့တဲ့သူ ဖြစ်ခဲ့ပါတယ်။

အသင်းနဲ့ အတူ ဖလားသုံးလုံး တပြိုင်နက်တည်း ရရှိခဲ့မှုမှာ သူ့ရဲ့ အရေးပါမှု ကလည်း ထင်ရှားခဲ့တာပါ။ လိုအပ်တဲ့ နေရာမှာ ဝင်ကစားပေးနိုင်ပြီး ခြေစွမ်းလည်း ပြနိုင်ခဲ့တဲ့ နယ်သာလန် နောက်ခံလူကို ဂွာဒီယိုလာက လက်လွှတ်မခံဘဲ စာချုပ်သစ်ချုပ်ဆိုစေခဲ့တာ ဖြစ်ပါတယ်။


ချဲလ်ဆီးရဲ့ ပြီးခဲ့တဲ့ရာသီ အဆင့်ကို ဂရုမစိုက်တဲ့ အန်ကွန်ကူ

ချဲလ်ဆီး တိုက်စစ်မှူးသစ် ခရစ္စတိုဖာ အန်ကွန်ကူက ပြီးခဲ့တဲ့ရာသီမှာ အသင်းက ပရီးမီးယားလိဂ်မှာ အဆင့် ၁၂ နေရာ ရခဲ့ပေမယ့် ဂရုမစိုက်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ အန်ကွန်ကူဟာ လိုက်ပ်ဇစ် ကနေ ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့ တနှစ်ကြို သဘောတူထားပြီး ပြီးခဲ့တဲ့ရာသီ အကုန်မှာပဲ ပြောင်းရွှေ့လာခဲ့တာပါ။

ပရီးမီးယားလိဂ်
နော်တင်ဟမ် ဖောရက်စ်
ရှက်ဖီး ယူနိုက်တက်
1X2 ရှက်ဖီး ယူနိုက်တက် @ 3.05
နော်တင်ဟမ် ဖောရက်စ် အာရှ အကျောပေး -0.25 @ 1.86
ဂိုး‌အောက် 2.25 @ 1.90
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

“ ချဲလ်ဆီးက အဆင့် ၁၅ ဒါမှမဟုတ် အဆင့် ၁၆ ရခဲ့ရင်တောင် ကျနော် ဂရုမစိုက်ပါဘူး၊ ကျနော့် အတွက် အဲဒါက အရေးမကြီးပါဘူး၊ ချဲလ်ဆီးက အဆင့် ၁၂ ပဲ ရခဲ့တာ ကျနော် သိပါတယ်၊ ဒါပေမယ့် ရာသီသစ်နဲ့ ပြီးခဲ့တဲ့ရာသီက တူညီတာမှ မဟုတ်တာ” လို့ သူက ပြောခဲ့ပါတယ်။

ပြင်သစ် တိုက်စစ်မှူးဟာ လိုက်ပ်ဇစ်မှာ ခြေစွမ်းပြနိုင်ခဲ့သူ ဖြစ်ကာ ချဲလ်ဆီး အတွက်လည်း ရာသီကြို ခြေစမ်းပွဲမှာ ဂိုးရထားပြီး ဖြစ်ပါတယ်။ နည်းပြ မော်ရီစီယို ပိုချက်တီနိုရဲ့ အသင်းမှာ သူက အဓိက တိုက်စစ်မှူး တစ်ဦး အဖြစ်နဲ့ ကစားပေးရဖွယ်လည်း ရှိနေပါတယ်။


ရာသီဝက်အထိ အနားယူရတော့မယ့် ကိုဘီ မိုင်နို

မန်ချက်စတာယူနိုက်တက် လူငယ်ကြယ်ပွင့် ကိုဘီ မိုင်နိုဟာ ရီးရဲလ်မက်ဒရစ်နဲ့ ရာသီကြို ခြေစမ်းပွဲမှာ ရရှိခဲ့တဲ့ ခြေကျင်းဝတ် ဒဏ်ရာကြောင့် ရာသီဝက်အထိ အနားယူရတောမ့ယ်လို့ သိရပါတယ်။ အသင်း ဘက်က တရားဝင် သတင်းထုတ်ပြန်ခဲ့ပြီး သရဲနီ ပရိသတ်တွေ အတွက် သတင်းဆိုး ဖြစ်ခဲ့ပါတယ်။

ရာသီကြို ကာလမှာ အသင်းကြီး အတွက် ပါဝင် ကစားခွင့်ရပြီး ခြေစွမ်းပြနေတဲ့ မိုင်နိုက လာမယ့် ရာသီသစ်မှာ နေရာ တစ်ခု ရမယ်လို့ အားလုံးက ခန့်မှန်းထားခဲ့တာပါ။ နည်းပြ အဲရစ်ခ် တန်ဟက်ဂ် ကိုယ်တိုင်လည်း မိုင်နိုကို အလေးပေးနေခဲ့ပြီး သူ့အသင်းမှာ နေရာပေးဖို့ အတွက် သေချာပေါက် စောင့်ကြည့်နေခဲ့တာလည်း ဖြစ်ပါတယ်။

အခုတော့ ကစားသမားဟာ အနည်းဆုံး ၅ လလောက် အနားယူရတော့မှာပါ။ ဒဏ်ရာက ပြန်လည် သက်သာလာချိန် မှာတော့ လူငယ် အသင်းနဲ့ပဲ ကစားနေရဦးမှာ ဖြစ်ပြီး ခြေစွမ်းပြနိုင်မှသာ အသင်းကြီးက ပြန်ခေါ်မှာမို့ အခွင့်အရေးကောင်း တစ်ခုကို လက်လွှတ်လိုက်ရပြီလည်း ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်