နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တန်ဟက်ဟာ အလွန်ထက်မြတ်တဲ့ ခံနိုင်ရည်ရှိမှုကို ပြသထားနိုင်တယ်လို့ ချီးကျူးလိုက်တဲ့ မွိုက်စ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ် အနေနဲ့ အလွန်ထက်မြတ်တဲ့ ခံနိုင်ရည်ရှိမှုကို ပြသထားနိုင်တယ်လို့ ဒေးဗစ် မွိုက်စ်က ချီးကျူးလာခဲ့ပါတယ်။ ဒါ့အပြင် ဝက်စ်ဟမ်း နည်းပြဟောင်းက အဲရစ်ခ် တန်ဟက်ဂ်ရဲ့ ရုန်းကန်နေရတဲ့ အခြေအနေ တချို့နဲ့ ပတ်သတ် ပြီးတော့လည်း အကောင်း ဘက်ကနေ ရှုမြင်ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့တာ တွေ့ရပါတယ်။

ဒေးဗစ် မွိုက်စ်က လက်ရှိ အသင်းရဲ့ နည်းပြ ဖြစ်သူ အဲရစ်ခ် တန်ဟက်ဂ် အနေနဲ့ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ရုန်းကန်နေခဲ့ရပေမယ့်လည်း သူက ယူနိုက်တက်မှာ အလုပ်ကို ပြောင်မြောက်စွာ လုပ်ဆောင်နေသူ ဖြစ်တယ်လို့ ချီးကျူးခဲ့တာလည်း ဖြစ်ပါတယ်။ အေဂျက်စ် နည်းပြဟောင်း အဲရစ်ခ် တန်ဟက်ဂ်က ပြီးခဲ့တဲ့ နှစ်ရာသီအတွင်း ယူနိုက်တက်ကို အက်ဖ်အေဖလားနဲ့ ခရာဘောင်ဖလားတွေ ရယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီရာသီ မှာတော့ ရာသီအစပိုင်းမှာတင်ပဲ အသင်းက သမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်မှာ အဆိုးရွားဆုံး ရာသီအစနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ၇ ပွဲ ကစား၊ ၈ မှတ်သာ ရထားသလို အဆင့် ၁၄ နေရာ အထိပါ ရောက်ရှိနေတာ ဖြစ်ပါတယ်။

ဒါ့အပြင် တန်ဟက်ဂ်ရဲ့ အသင်းက ပရီးမီးယားလိဂ် ၇ ပွဲမှာ ၅ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီးတော့ ဒီရာသီမှာ ဆောက်သမ်တန် ပြီးရင် တိုက်စစ် အဆိုးရွှားဆုံး အသင်းလည်း ဖြစ်နေခဲ့ရပါတယ်။ ဒီလို အခြေအနေတွေကြောင့်ပဲ တန်ဟက်ဂ်ရဲ့ အနာဂတ်က ပိုမို လှုပ်ခတ်လာခဲ့ပြီးတော့ ဒီရက်ပိုင်းအတွင်း ရာထူး ကနေ ဖယ်ရှားခံရနိုင်တယ် ဆိုတဲ့ သတင်းတွေပါ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီရာသီ မှာတော့ ရာသီအစပိုင်းမှာတင်ပဲ အသင်းက သမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်မှာ အဆိုးရွားဆုံး ရာသီအစနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
ယူနိုက်တက် နည်းပြ အဖြစ် ဆက်ရှိနေဖို့ များနေတဲ့ တန်ဟက်ဂ်

အခုလို အခြေအနေဆိုးတွေနဲ့ ဆက်တိုက် ရင်ဆိုင်နေရတဲ့ အဲရစ်ခ် တန်ဟက်ဂ်နဲ့ ပတ်သက်ပြီး ယူနိုက်တက်နဲ့ ဝက်စ်ဟမ်း နည်းပြဟောင်း မွိုက်စ် ကတော့ တန်ဟက်ဂ်ကို အားပေး ထောက်ခံမှုတွေ ပြုလုပ်သွားခဲ့တာ ဖြစ်ပါတယ်။ မွိုက်စ်က “ဒါက တကယ်ကို ခက်ခဲပါတယ်။ ဒါပေမယ့် ဒီလို အလုပ်မျိုးကို ရယူလိုက်ချိန်မှာကတည်းက ဒါမျိုးတွေက အမြဲတမ်း ဖြစ်နေမှာပါ။” လို့ ဆိုပါတယ်။

ဆက်လက်ပြီး မွိုက်စ်က“အဲရစ်ခ် တန်ဟက်ဂ်က သူတွေ့ကြုံနေရတဲ့ အခြေအနေမှာ အလွန် ထက်မြက်တဲ့ ခံနိုင်ရည်ရှိမှုတွေကို ပြသထားနိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ သူ့ကိုယ်သူ ဘယ်လောက် အထိ ကောင်းကောင်း ဦးစီးဦးရွက်ပြုခဲ့သလဲ ဆိုတာကို အသိအမှတ်ပြုသင့်ပါတယ်။ ပြီးတော့ သူက မေးခွန်းတိုင်း ကိုရော ဘယ်မီဒီယာတွေရဲ့ အင်တာဗျူးတိုင်းကိုမဆို မဖြေပဲ ရှောင်သွားတာတွေလည်း မမြင်မိဘူး။ ဆိုတော့ အဲ့ဒီအတွက်လည်း သူ့ကို ကြီးကြီးမားမား အသိအမှတ်ပြုသင့်ပါတယ်။ ဒါပေမယ့်လည်း ဒီအလုပ်က အလွန်ကြီးမားတဲ့ ဖိအားတွေ ကပ်ပါ နေတက်သလို လူတွေရဲ့ ပြောဆို ဝေဖန်မှုတွေလည်း ရှိနေတတ်တဲ့ အလုပ်ပါ။ ဒါကို သူက ပြောင်မြောက်အောင် လုပ်ဆောင်နေတယ်လို ကျွန်တော် ထင်မိပါတယ်။”လို့ မွိုက်စ်က သုံးသပ်သွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်