နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ရာသီမှာလည်း ဆုဖလားတွေ အတွက် ရူးလောက်စရာ တိုက်ပွဲဝင်သွားမယ်လို့ ဆိုလိုက်တဲ့ မိုဟာမက် ဆာလာ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် အသင်းရဲ့ တိုက်စစ်မှူး မိုဟာမက် ဆာလာက ရာသီသစ်မှာ ဆုဖလားတွေ အတွက် ရူးလောက်စရာ တိုက်ပွဲဝင်သွားမယ်လို့ ကြုံးဝါး ပြောဆိုလိုက်ပါတယ်။ လစ်ဗာပူးလ်ဟာ ဒီရာသီမှာ ပြည်တွင်း ဆုဖလား တစ်လုံးသာ ရယူနိုင်ခဲ့ပြီး ကလော့ပ်ရဲ့ ထွက်ခွာမှုကိုလည်း ကျွဲစိမ်းဖလားနဲ့ နှုတ်ဆက်ခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဆာလာ ကတော့ ရာသီသစ်မှာ လစ်ဗာပူးလ်နဲ့ အတူ ဆုဖလား အောင်မြင်မှုတွေ ရရှိနိုင်ဖို့ မျှော်လင့်နေပြီး ပရိသတ်တွေ ကိုလည်း အခုလိုမျိုး ကတိပေးစကား ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။

ဆာလာက “ကျွန်တော်တို့ အသင်း အတွက် ဆုဖလား ဆိုတာ ဘယ်လောက်အထိ အဓိပ္ပာယ် ရှိသလဲ ဆိုတာ နားလည်ပါတယ်။ ဒါကြောင့် လာမယ့် ရာသီမှာလည်း ကျွန်တော်တို့ ဆုဖလားတွေ သိမ်းပိုက်နိုင်အောင် အစွမ်းကုန် ကြိုးစားသွားဦးမှာပါ။ ကျွန်တော် တို့ရဲ့ ပရိသတ်တွေက ဆုဖလား အောင်မြင်မှုတွေနဲ့ ထိုက်တန်ပါတယ်။ ကျွန်တော်တို့ ဆုဖလားတွေ အတွက် ရူးလောက်စရာ တိုက်ပွဲဝင်မှုမျိုးနဲ့ တိုက်ပွဲဝင်သွားမယ် ဆိုတာ ကတိပေးပါတယ်။” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

မိုဟာမက် ဆာလာရဲ့ လစ်ဗာပူးလ်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလား၊ ယူရိုပါလိဂ်နဲ့ ခရာဘောင်ဖလား ပြိုင်ပွဲတွေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီးတော့ ခရာဘောင်ဖလား ပြိုင်ပွဲမှာပဲ အောင်မြင်မှု ရခဲ့တာ ဖြစ်ပါတယ်။ ယူရိုပါလိဂ်မှာ ကွာတားဖိုင်နယ် အထိ ရောက်ခဲ့ပေမယ့် အတ္တလန္တာရဲ့ ဖြုတ်ချခြင်းခံခဲ့ရပြီး အက်ဖ်အေဖလား မှာတော့ ခါးသီး ပြိုင်ဘက် ယူနိုက်တက်က ဆီးမီးဖိုင်နယ်မှာ မထင်မှတ်ပဲ ဖြုတ်ချသွားခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ရှုံးပွဲက လစ်ဗာပူးလ် အတွက် ထိခိုက်မှု ကြီးမားခဲ့ပြီး အဲ့နောက်ပိုင်းမှာ ကလော့ပ်ရဲ့ အသင်းက တော်လျောက်ကို ရလဒ်တွေ ဆိုးရွားခဲ့ပြီး ပရီးမီးယားလိဂ် ချန်ပီယံ ပြေးလမ်း ကနေလည်း သွေဖယ်သွားခဲ့တာ ဖြစ်ပါတယ်။

လစ်ဗာပူးလ်ဟာ ဒီနှစ် ပရီးမီးယားလိဂ် မှာ ချန်ပီယံ ဖြစ်ခဲ့တဲ့ မန်စီးတီးနဲ့ ၉ မှတ်၊ ဒုတိယ ရခဲ့တဲ့ အာဆင်နယ်နဲ့ ၇ မှတ် အကွာ အဆင့် ၃ နေရာ ကနေပဲ ရာသီသိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ မိုဟာမက် ဆာလာ ကတော့ လစ်ဗာပူးလ် အတွက် ပရီးမီးယားလိဂ် သွင်းဂိုး ၁၈ ဂိုး အထိ ရယူပေးခဲ့ပြီး ဖန်တီးမှုလည်း ၁၀ ကြိမ် ပြုလုပ်နိုင်ခဲ့ကာ ဂိုးပါဝင် ပတ်သတ်မှုနှုန်း အများဆုံး လည်း ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် ဆာလာဟာ လစ်ဗာပူးလ်ကို စတင် ရောက်ရှိချိန်က စလို့ ပွဲပေါင်း ၃၄၉ ပွဲ ကစားပေးထားရာမှာ ၂၁၁ ဂိုး အထိ သွင်းယူပေးခဲ့ပြီး ရာသီတိုင်းမှာ အဓိကကျတဲ့ ကစားသမား ဖြစ်ခဲ့သူပါ။ အီဂျစ် အသင်းခေါင်းဆောင်ဟာ မာဆေးလ်ဆိုဒ် ကလပ်နဲ့ အတူ ချန်ပီယံလိဂ်၊ ကလပ် ကမ္ဘာ့ဖလား၊ ယူအီးအက်ဖ်အေစူပါဖလား၊ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလား၊ ခရာဘောင်ဖလား အားလုံး ကိုင်မြှောက်နိုင်ခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

အစောပိုင်း သတင်းတွေ အရ ဆိုရင် ဆာလာကို စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ဆော်ဒီပရိုလိဂ် ကလပ် တော်တော်များများက စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ကစားသမား ကိုယ်တိုင် ကတော့ လစ်ဗာပူးလ်မှာ အနည်းဆုံး တစ်ရာသီ ဆက်ရှိနေချင်တဲ့ သဘော မှာ ရှိနေပြီး လစ်ဗာပူးလ် ဘက်ကလည်း ဆက်လက် ထိန်းသိမ်းထားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်