နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရမ်းစ်ဒေးလ် ချန်လှပ်ပြီး ရာယာကို နေရာပေးဖို့ ကြံနေတဲ့ အာတေးတား (ပရီးမီးယားလိဂ် သတင်းများ)

ဒီတစ်ခါ မှာတော့ စက်တင်ဘာလ ၈ ရက်နေ့ အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ကြယ်ပွင့် ကစားသမားကို ချန်လှပ်ပြီး ကစားသမားသစ်ကို နေရာပေးဖို့ ကြံနေတဲ့ အာတေးတား

မီခေးလ် အာတေးတားဟာ အာရွန် ရမ်းစ်ဒေးလ်ကို ချန်လှပ်ခဲ့ဖို့ လေးလေးနက်နက် စဉ်းစားနေပြီး ဒါးဗစ် ရာယာကို ပထမအသင်းမှာ နေရာပေးသွားဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။ ရမ်းစ်ဒေးလ်ဟာ ၂၀၂၁ ခုနှစ်မှာ ရှက်ဖီးယူနိုက်တက် ကနေ ပြောင်းရွှေ့လာပြီး ကတည်းက ဂန်းနားတွေရဲ့ ကျောနံပါတ် ၁ ဂိုးသမား အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီ PFA ရဲ့ တစ်နှစ်တာ အကောင်းဆုံး အသင်းထဲမှာ ရွေးချယ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ယခုနွေရာသီမှာ ပရီးမီးယားလိဂ် ပြိုင်ဘက် ဘရန့်ဖို့ဒ် ကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဒေးဗစ် ရာယာကြောင့် ရမ်းစ်ဒေးလ်ဟာ ပွဲထွက်ခွင့် အတွက် ဖိအားတွေ ခံစားလာရတာ ဖြစ်ပါတယ်။ စပိန် ဂိုးသမားကို ဂန်းနားတွေက လာမယ့် နွေရာသီမှာ အပြီးသတ် ဝယ်ယူခွင့် ပါဝင်တဲ့ အငှားစာချုပ်နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ရမ်းစ်ဒေးလ်ဟာ ကွန်မြူနတီဒိုင်း အောင်ပွဲ အပါအဝင် ယခုရာသီ အာဆင်နယ်ရဲ့ ပွဲစဉ် ၄ ပွဲစလုံးမှာ ပွဲထွက် ပါဝင် ကစားပေးခဲ့ပေမယ့်လည်း အာတေးတားနဲ့ ၎င်းရဲ့ နည်းပြ အဖွဲ့ဝင်တွေဟာ ရာယာရဲ့ လေ့ကျင့်ရေးက လက်စွမ်းကို အလွန် အထင်ကြီးနေတာကြောင့် ပွဲထွက် လူစာရင်းထဲကို ခေါ်ယူဖို့ အဆင်သင့်ဖြစ်နေပြီလို့ Daily Mail က ဖော်ပြခဲ့ပါတယ်။

လာလီဂါ
ဗီလာရီးယဲလ်
အယ်လ်မရီးယား
ဂိုးပေါ် 2.75 @ 1.81
1X2 သရေ (Draw) @ 4.00
ဂိုးပေါင်း 2-3 @ 2.00
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

မင်းလုပ်ချင်တိုင်းလုပ်လို့ မရဘူးလို့ ကြယ်ပွင့် ကစားသမားကို သတိပေးခဲ့တဲ့ ရှောင်ဒိုက်ချ်

အဲဗာတန် နည်းပြ ရှောင် ဒိုက်ချ်က ယခုနွေရာသီမှာ ဒမ်မာရီ ဂရေးက အသင်း ကနေ ထွက်ခွာဖို့ အတွက် တွန်းအားပေး လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ပြီး ကြယ်ပွင့် တိုက်စစ်ကစားသမား အနေနဲ့ လုပ်ချင်တိုင်း လုပ်လို့ မရဘူးလို့ ရှင်းရှင်းပဲ ပြောကြားခဲ့ပါတယ်။

ဂရေးဟာ ပြီးခဲ့တဲ့ ရာသီမှာ အဲဗာတန် အတွက် ပရီးမီးယားလိဂ် ၃၃ ပွဲ ပါဝင်ကစားပေးခဲ့တဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်ခဲ့ပေမယ့် ယခုရာသီမှာတော့ လုံးဝကို ကစားပေးရခြင်း မရှိသေးတာ ဖြစ်ပါတယ်။ အသက် ၂၇ နှစ် အရွယ် ကစားသမားဟာ ပရီးမီးယားလိဂ် ကလပ် အသင်း အများအပြားနဲ့အတူ ဥရောပနဲ့ ဆော်ဒီ အာရေဗျက ကလပ် အသင်းတွေနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး အသင်းကနေ အမှန်တကယ် ထွက်ခွာချင်နေခဲ့တာ ဖြစ်ပါတယ်။

ဒမ်မာရီ ဂရေးက အင်စတာဂရမ်ပေါ်မှာ ပရိသတ်တွေက အမြဲတမ်း အရမ်းကောင်းခဲ့ပေမယ့်လည်း ကိုယ့်ကို လေးစားမှု မပြသတဲ့ လူတစ်ယောက် အတွက် ကစားပေးဖို့က ခက်ခဲတယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပြီး ရှောင် ဒိုက်ချ်က အဲဗာတန် ကြယ်ပွင့်ဟာ အသင်းနဲ့ လေ့ကျင့်ဖို့ ငြင်းပယ်ခဲ့သလို တခြား တစ်နေရာကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်တယ်လို့ တာဝန်ရှိသူတွေကို အသိပေးခဲ့ကြောင်း ထုတ်ဖော် ပြောဆိုပြီး ပြန်လည် တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။


ဟာလန်းနဲ့ တွဲကစားမယ့်သူကို သတ်မှတ်လိုက်တဲ့ မန်စီးတီး

ဖာဂူဆန်ဟာ ၎င်းရဲ့ ဂိုးသွင်းစွမ်းရည်ဟာ ကောက်ရိုးမီး မဟုတ်ကြောင်းကို ယခုရာသီ ၄ ပွဲ ပါဝင် ကစားပေးထားရာမှာ နယူးကာဆယ်နဲ့ ပရီးမီယားလိဂ်ပွဲက ဟက်ထရစ် အပါအဝင် ၄ ဂိုး အထိ သွင်းယူပြီး သက်သေပြထားတာ ဖြစ်ပါတယ်။
အခြား ပရီးမီးယားလိဂ် အသင်းတွေနဲ့ အပြိုင် ဖာဂူဆန်ကို ခေါ်ယူဖို့ ကြိုးပမ်းမယ့် မန်ချက်စတာစီးတီး

မန်ချက်စတာစီးတီးဟာ ဘရိုက်တန် ကြယ်ပွင့် အီဗန် ဖာဂူဆန်ကို ခေါ်ယူမယ့် ပြိုင်ပွဲမှာ ယူနိုက်တက်နဲ့ လစ်ဗာပူးလ် တို့ကို အနိုင်ယူဖို့ ရည်မှန်းနေတယ်လို့ သိရပါတယ်။

အိုင်းရစ် တိုက်စစ်မှူးဟာ ဘရိုက်တန်မှာ စိတ်လှုပ်ရှားဖွယ် ရာသီကို ပိုင်ဆိုင်ခဲ့ပြီးနောက် ထိပ်တန်း အသင်း ၆ သင်း ဆီကနေ စိတ်ဝင်စားမှုကို ရရှိခဲ့တာ ဖြစ်ပြီး အသက် ၁၈ နှစ် အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီ ၂၄ ပွဲမှာ ၁၀ ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် ဘရိုက်တန်ရဲ့ ကာလရှည် စာချုပ်သစ် ချုပ်ဆိုခြင်းကို ခံခဲ့ရတာ ဖြစ်ပါတယ်။

ဖာဂူဆန်ဟာ ၎င်းရဲ့ ဂိုးသွင်းစွမ်းရည်ဟာ ကောက်ရိုးမီး မဟုတ်ကြောင်းကို ယခုရာသီ ၄ ပွဲ ပါဝင် ကစားပေးထားရာမှာ နယူးကာဆယ်နဲ့ ပရီးမီယားလိဂ် ပွဲက ဟက်ထရစ် အပါအဝင် ၄ ဂိုး အထိ သွင်းယူပြီး သက်သေပြထားတာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်၊ လစ်ဗာပူးလ်၊ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ အားလုံးကလည်း ဖာဂူဆန်ကို စိတ်ဝင်စားကြောင်း ပြသခဲ့ပါတယ်။ ဒါပေမယ့်လည်း မန်စီးတီးကလည်း အံ့အားသင့်စရာ မကောင်းစွာနဲ့ပဲ စိတ်ဝင်စားနေတာ ဖြစ်ပြီး အာလင်း ဟာလန်းကို ပိုင်ဆိုင်ထားတဲ့ ဂွါဒီယိုလာဟာ တိုက်စစ်မှာ နော်ဝေ ကြယ်ပွင့်နဲ့ အတူ အိုင်ယာလန်တိုက်စစ်မှူးက တွဲကစားနိုင်လိမ့်မယ်လို့ ခံစားနေရတာ ဖြစ်ပါတယ်။ ဘရိုက်တန်ဟာ ဆယ်ကျော်သက် တိုက်စစ်မှူးကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့မယ် ဆိုရင် ပေါင်သန်း ၁၅၀ ဝန်းကျင် တောင်းဆိုသွားနိုင်ပြီး မွိုက်စ် ကိုင်ဆေဒို တုန်းကထက် ပိုမိုများပြားတဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးသစ်ကို ရရှိဖွယ်ရှိနေတာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်