နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၉ နှစ်ကြာ ဖြတ်သန်းခဲ့တဲ့ ယူနိုက်တက်ကို နှုတ်ဆက်ခဲ့တဲ့ မာစီရယ် | ပရီးမီးယားလိဂ်

ပြင်သစ် တိုက်စစ်မှုး အန်တိုနီ မာစီရယ် ကတော့ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်နဲ့ လာမယ့် ဇွန်လအကုန်မှာ လမ်းခွဲသွားမှာကြောင်း တရားဝင် ကြေညာသွားခဲ့ပါတယ်။ မာစီရယ်ဟာ လာမယ့် ဇွန်လ အကုန်မှာ သူ ၉ နှစ်ကြာ ဖြတ်သန်းခဲ့တဲ့ ပရီးမီးယားလိဂ် ကလပ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာလည်း ဖြစ်ပါတယ်။

မာစီရယ်ဟာ ယူနိုက်တက် အတွက် ဒီရာသီမှာ ၁၉ ပွဲသာ ပါဝင်ကစားပေးနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဘုန်းမောက်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ဒဏ်ရာရသွားပြီးနောက် ကာလရှည်ကြာ အနားယူနေရသူ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်က မိုနာကို ကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဒီကစားသမားဟာ ပရီးမီးယားလိဂ် ကလပ် အတွက် ပထမတစ်ကြိမ်မှာ ၂၆၉ ပွဲ ကစားပေးခဲ့ပြီး ၇၉ ဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲ့နောက် ဆီဗီလာမှာ ၆ လကြာ အငှားထွက်ကစားခဲ့တဲ့ မာစီရယ်ဟာ ၂၀၂၂ ဇူလိုင်လ မှာတော့ ယူနိုက်တက်ကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ အဲ့နောက် မန်ချက်စတာ ကလပ် အတွက် ၄၈ ပွဲ ပါဝင် ကစားပေးခဲ့ပြီး ၁၁ ဂိုး သွင်းယူပေးခဲ့ပါတယ်။

မာစီရယ်ဟာ သူ့ရဲ့ ယူနိုက်တက် ကစားသမားဘဝ တစ်လျှောက်မှာ သွင်းဂိုး ၉၀ အထိ ရရှိခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ ရာသီတွေမှာ မကြာခဏဆိုသလို ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ပုံမှန်ခြေစွမ်းလည်း ပျောက်ဆုံးခဲ့ရသူ ဖြစ်ပါတယ်။ အသက် ၂၈ နှစ် အရွယ် ပြင်သစ် တိုက်စစ်မှူးဟာ ၂၀၂၄/၂၅ ဘောလုံး ရာသီ မတိုင်ခင် အဲရစ်ခ် တန်ဟက်ဂ်၊ ရာဖေးလ် ဗာရန်း တို့နဲ့ အတူ အိုးထရက်ဖို့ဒ်ကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့ပြီး သူ့ရင် အင်စတာဂရမ် အကောင့် ကနေ တဆင့် အတည်ပြုသွားခဲ့တာ ဖြစ်ပါတယ်။

ဇွန်လအကုန် စာချုပ်သက်တမ်း ကုန်ဆုံးချိန် ယူနိုက်တက် ကနေ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ မိုနာကို တိုက်စစ်မှုးဟောင်းက “ဒီနေ့တော့ ခင်ဗျား တို့က နှုတ်ဆက်ဖို့ စာရေးလိုက်ရတဲ့ အတွက် စိတ်လှုပ်ရှားမိပါတယ်။ အသင်းမှာ ကိုးနှစ်လောက် ကြာအောင် ဖြတ်သန်းခဲ့ရတဲ့ အတွက် မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ရပါတယ်။ အခုတော့ ကျွန်တော့်ရဲ့ ကစားသမားဘဝ စာမျက်နှာသစ်ကို ဖွင့်ဖို့ အချိန်ရောက်လာပါပြီ။ ကျွန်တော် ၂၀၁၅ မှာ ဒီအသင်းကို ရောက်လာပြီး ဒီဂျာဆီကို ဝတ်ဆင် ကစားခွင့် ရခဲ့တဲ့ အတွက်လည်း ဂုဏ်ယူမိပါတယ်။”


၂၀၁၅ ခုနှစ်က မိုနာကို ကနေ ပြောင်းရွှေ့လာခဲ့တဲ့ ဒီကစားသမားဟာ ပရီးမီးယားလိဂ် ကလပ် အတွက် ပထမတစ်ကြိမ်မှာ ၂၆၉ ပွဲ ကစားပေးခဲ့ပြီး ၇၉ ဂိုး သွင်းယူပေးခဲ့ပါတယ်။
မကြာခဏ ဆိုသလို ဒဏ်ရာပြသနာတွေကြောင့် အနားယူနေရတဲ့ မာစီရယ်

“ ခင်ဗျားတို့ဟာ ကောင်းမွန်တဲ့ အချိန်တွေမှာရော၊ ခက်ခဲတဲ့ အချိန်တွေမှာပါ အတူတကွ ဖြတ်ကျော်ခဲ့ပြီး မယိမ်းယိုင်တဲ့ စိတ်နဲ့ အားပေးခဲ့သူတွေပါ။ ခင်ဗျား တို့ရဲ့ စိတ်အားထက်သန်မှုနဲ့ သစ္စာရှိမှုတွေက ကျွန်တော့် အတွက် အမြဲတစေ တွန်းအားဖြစ်စေခဲ့ပါတယ်။ ခင်ဗျားတို့ ကျွန်တော့် အတွက် လုပ်ပေးခဲ့တဲ့ အရာ အားလုံး အတွက် နှလုံးသားထဲ ကနေ ကျေးဇူးတင်ပါတယ်။ ခင်ဗျားတို့ရဲ့ သီချင်းတွေ၊ အားပေးမှုတွေနဲ့ ကလပ် အတွက် ခင်ဗျား တို့ရဲ့ ချစ်ခြင်းတွေက ကျွန်တော့် ရင်ထဲမှာ ထာဝရ ကျန်ရှိနေမယ့် အမှတ်တရတွေပါ။”

“ ကျွန်တော့်ရဲ့ အသင်းဖော်တွေ၊ နည်းစနစ်ဝန်ထမ်းတွေနဲ့ ကျွန်တော် ဒီမှာ ၉ နှစ်တာ ကာလ အတွင်း တွေ့ဆုံခဲ့ကြတဲ့ အသင်းဖော်တွေ အားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ဒီလို အတွေ့အကြုံတွေကို ခင်ဗျား တို့နဲ့ မျှဝေခွင့်ရခဲ့လို့လည်း ဂုဏ်ယူမိပါတယ်။” လို့ မာစီရယ်က ပို့စ်တင်ကာ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ မာစီရယ်ကို ၂၀၁၉ နှစ်မှာ ၅ နှစ် စာချုပ်သစ် ချုပ်ဆိုခဲ့တာ ဖြစ်ပြီး ဒီကစားသမား အတွက် မျှော်လင့်ချက် ကြီးကြီးမားမား ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မာစီရယ် ကတော့ ပရီးမီးယားလိဂ် ကလပ်မှာ ဒဏ်ရာပြသနာတွေနဲ့သာ လုံးပန်းနေရပြီး အသင်း အတွက် အကျိုးမဖြစ်စေခဲ့တဲ့ ကစားသမားလို့ပဲ ဆိုရပါမယ်။ မာစီရယ်ဟာ ၂၀၁၉/၂၀၂၀ ဘောလုံးရာသီ နောက်ပိုင်း ကတည်းက တစ်ရာသီကို ၁၀ ဂိုးထက် ပိုမသွင်းနိုင်ခဲ့သလို ဒီရာသီမှာလည်း ပြိုင်ပွဲစုံမှာ ၅ ပွဲသာ ပွဲထွက်ခွင့် ရခဲ့ပြီး ၂ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

နောက်ဆုံးမှာတော့ မာစီရယ်က “မန်ချက်စတာယူနိုက်တက်ဟာ ကျွန်တော့် နှလုံးသားထဲမှာ အမြဲရှိနေမှာပါ။ ဒီကလပ်က ကျွန်တော့်ရဲ့ ကစားသမားဘဝမှာ အမှတ်တရတွေကို ချန်ထားခဲ့ပြီး ရှေ့ဆက်ဖို့ မယုံနိုင်လောက်စရာ အခွင့်အရေး တစ်ခု ပေးခဲ့တယ်။ စိန်ခေါ်မှု အသစ်တွေနဲ့ ရင်ဆိုင်ဖို့ ကျွန်တော် ထွက်ခွာတော့မယ်၊ ကျွန်တော် အမြဲတမ်း သရဲနီ တစ်ယောက် ဖြစ်နေမှာ ဖြစ်ပြီး ကလပ်ရဲ့ ရလဒ်တွေကို စိတ်အားထက်သန်စွာနဲ့ ဆက်လက် စောင့်ကြည့်နေဦးမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်