ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ အသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ ကစားသမားတွေကို ရှင်းထုတ်ဖို့ စီစဉ်နေခဲ့တာ ဖြစ်ပါတယ်။
ဒီလို ယူနိုက်တက်ရဲ့ အစီအစဉ်ထဲ မှာတော့ မားကပ်စ် ရက်ရှ်ဖို့ဒ်လို တိုက်စစ်မှူးကို သင့်လျော်တဲ့ ပြောင်းရွှေ့ကြေး ရရင် ရောင်းထုတ်သွားဖို့လည်း ရှိနေပါတယ်။ အခု နောက်ဆုံးရတဲ့ သတင်းတွေအရ ဆိုရင်တော့ ယူနိုက်တက်က အကယ်ဒမီထွက် ကစားသမား မားကပ်စ် ရပ်ရှ်ဖို့ဒ် ကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၄၀ လောက် ရရင် ရောင်းထုတ်သွားဖို့ စီစဉ်နေကြောင်း သိရပါတယ်။
ပရီးမီးယားလိဂ် ထိပ်သီး ကလပ်က လာမယ့် ဆောင်းရာသီ ဈေးကွက်ထဲမှာပဲ မားကပ်စ် ရက်ရှ်ဖို့ဒ် အပါအဝင် အန်တိုနီနဲ့ အဲရစ်ခ်ဆင် တို့ကို အသင်း ကနေ ရှင်းထုတ်သွားချင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီကစားသမားတွေ ရောင်းထုတ်ပြီးတဲ့ နောက်မှာ ကစားသမားသစ်တွေ ပြန်လည် ဖြည့်တင်းသွားချင်နေပေမယ့် ရက်ရှ်ဖို့ဒ်ကို မတတ်သာလို့သာ ရောင်းချရဖို့ ရှိနေတာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ရက်ရှ်ဖို့ဒ်ကို ဖြစ်နိုင်မယ် ဆိုရင် လာမယ့် နွေရာသီမှသာ ရောင်းချသွားနိုင်ဖွယ်လည်း ရှိနေတာ ဖြစ်ပါတယ်။
ယူနိုက်တက်က နည်းပြသစ် ရူဘင် အမော်ရင် လက်ထက်မှာ အသင်းကို ပြန်လည် တည်ဆောက်ဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ် ကလပ်က အသင်း အတွက် အဆင်မပြေတဲ့ ကစားသမားတွေကို ရှင်းထုတ်ပြီးတော့ အမော်ရင်ရဲ့ ကစားကွက်နဲ့ အံ့ဝင်ခွင်ကျ ဖြစ်နိုင်မယ့်သူတွေနဲ့ ပြန်လည် အစားထိုးသွားဖို့ အစီအစဉ် ရှိနေတယ်လို့ သိရပါတယ်။
ဒါကြောင့်ပဲ ယူနိုက်တက်က လာမယ့် ဆောင်းရာသီ ဈေးကွက်မှာ အသင်း ကနေ ကစားသမား တချို့ ထွက်ခွာသွားရဖွယ် ရှိနိုင်ပြီး ကစားသမားသစ် ၂ ဦးလောက်လည်း ထပ်မံ ခေါ်ယူသွားနိုင်ဖွယ် ရှိနေပါတယ်။ ယူနိုက်တက်က လာမယ့် ဇန်နဝါရီမှာ ရက်ရှ်ဖို့ဒ် အတွက် ကမ်းလှမ်းမှုတွေ ရှိလာခဲ့မယ် ဆိုရင်လည်း လက်ခံ စဉ်းစားပေးဖွယ် ရှိနိုင်တယ်လို့ သိရပါတယ်။
လက်ရှိမှာ အသက် ၂၇ နှစ် အရွယ် ရှိနေတဲ့ အင်္ဂလန် တိုက်စစ် ကစားသမား မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ တန်ဟက် လက်ထက် ပထမရာသီမှာပဲ ခြေစွမ်းပြနိုင်ခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှာ ကတည်းက လက်ရှိရာသီ အထိကို ခြေစွမ်းပိုင်း ကျဆင်းနေသူ ဖြစ်ပါတယ်။ ဒီလို ရက်ရှ်ဖို့ဒ်ရဲ့ ကျဆင်းနေတဲ့ စွမ်းဆောင်ရည်တွေကြောင့် အသင်း ဘက်က သူ့ကို ရှင်းထုတ်သွားဖို့အထိ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။ Sky Germanyရဲ့ ဖော်ပြချက်အရ ဆိုရင် ယူနိုက်တက်က ရက်ရှ်ဖို့ဒ်ကို လာမယ့် ဈေးကွက် အတွင်းမှာပဲ ရောင်းထုတ်သွားတော့မယ် ဆိုတဲ့ သတင်းတွေထွက်ပေါ်လာခဲ့သလို လက်ရှိမှာလည်း Daily Mail ကနေ ဖော်ပြလာတာ ဖြစ်ပါတယ်။ Daily Mail ရဲ့ ဖော်ပြချက်အရ ဆိုရင် ယူနိုက်တက်က ရက်ရှ်ဖို့ဒ် အတွက် ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၄၀ သာ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ အကယ်၍ ဒီလို ပြောင်းရွှေ့ကြေး နည်းနည်းနဲ့သာ ရောင်းထုတ်မယ် ဆိုရင် ခေါ်ယူချင်တဲ့ အသင်းတွေ အများအပြား ရှိလာနိုင်ဖွယ် ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.