နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒမ်းဖရီးစ်ကို ဝမ်ဘစ်ဆာခါနဲ့ အလဲထပ် လုပ်ပြီး ခေါ်ချင်နေတဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ သူတိုရဲ့ ပစ်မှတ်ဟောင်း ဖြစ်တဲ့ ညာနောက်ခံလူ ဒန်ဆယ် ဒမ်းဖရီးစ်ကို အာရွန် ဝမ်ဘစ်ဆာခါနဲ့ တိုက်ရိုက် အလဲထပ်လုပ်ပြီး ခေါ်ယူသွားချင်နေတယ်လို့ သိရပါတယ်။ ဝမ်ဘစ်ဆာခါဟာ ဒီရာသီမှာ ယူနိုက်တက် ကနေ ရောင်းထုတ်ခံရဖို့ များနေသူ ဖြစ်ပြီး အသင်း ကတော့ အကျိုးရှိတဲ့ အပြောင်းအရွှေ့ အဖြစ် ဒမ်းဖရီးစ်ကို ခေါ်ယူရာမှာ အသုံးချချင်နေတာ ဖြစ်ပါတယ်။ 

အသက် ၂၆ နှစ် အရွယ် ညာနောက်ခံလူ ဝမ်ဘစ်ဆာခါဟာ ပြီးခဲ့တဲ့ ၂ဝ၁၉ ခုနှစ် ကတည်းက ခရစ္စတယ်ပဲလေ့စ် ကနေ ယူနိုက်တက်ကို ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ အသင်းနဲ့ စာချုပ် သက်တမ်း ၁ နှစ်သာ ကျန်ရှိနေတဲ့ ဝမ်ဘစ်ဆာခါကို ယူနိုက်တက် အနေနဲ့ ဒီနွေရာသီမှာပဲ ရောင်းထုတ်ချင်နေတာ ဖြစ်ပါတယ်။ ဝမ်ဘစ်ဆာခါကို အစောပိုင်းမှာ ဝက်စ်ဟမ်းက ခေါ်ယူဖို စိတ်ဝင်စားခဲ့တာပါ။ ဒါပေမယ့် ပရီးမီးယားလိဂ် ကလပ် ဝက်စ်ဟမ်းက အသင်းရဲ့ ညာခြမ်း ခံစစ် အတွက် ဘစ်ဆာခါထက် ဘေယန်မြူးနစ် ညာနောက်ခံလူ မက်ဇယာရူအီ ကိုပဲ ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်

ဒီအချိန်မှာ ယူနိုက်တက်က သူတို့ရဲ့ ပစ်မှတ်ဟောင်း ဖြစ်တဲ့ အင်တာမီလန် ညာနောက်ခံလူ ဒန်ဇဲလ် ဒမ်းဖရီးစ်ကို ခေါ်ယူဖို့ အတွက် ပစ်မှတ်ထားလာပြီး ဝမ်ဘစ်ဆာခါနဲ့ ကစားသမားချင်း တိုက်ရိုက် အလဲထပ် လုပ်ဆောင်ဖို့ စဉ်းစားနေပြီ ဖြစ်ပါတယ်။ ဒီအပြောင်းအရွှေ့ အတွက် ယူနိုက်တက်က မကြာခင်မှာ အင်တာမီလန် ဘက်ကို ကမ်းလှမ်းမှုတွေ လုပ်ဆောင်သွားဖွယ် ရှိနေပါတယ်။

ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်က ဒမ်းဖရီးစ်ကို ပီအက်စ်ဗွီ အင်ဟိုဗင် ကနေ အင်တာမီလန်ကို မပြောင်းရွှေ့ခင်ကတည်းက စိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၈ နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ညာနောက်ခံလူ ဟာ အင်တာမီလန် အသင်းကို ၂ဝ၂၁ ခုနှစ်မှာ ရောက်ရှိခဲ့တာ ဖြစ်ပြီး လက်ရှိမှာ အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေသူ ဖြစ်ပါတယ်။ ဒီလို အခြေအနေကို စောင့်ကြည့်နေတဲ့ ယူနိုက်တက်က အသင်း ကနေ ရောင်းထုတ်ချင်နေတဲ့ ဝမ်ဘစ်ဆာခါနဲ့ ဒမ်းဖရီးစ်ကို အလဲအလှယ် လုပ်ဆောင်ဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ 

သတင်းတွေ အရ ဆိုရင် ယူနိုက်တက်က အသင်းရဲ့ ညာခြမ်းခံစစ်မှာ ဒီယိုဂို ဒါးလော့တ် တစ်ဦးတည်း ကိုသာ အသုံးပြုချင်နေပြီး ဝမ်ဘစ်ဆာခါ ကိုတော့ စာချုပ်သက်တမ်း မကုန်ဆုံးခင်မှာပဲ အသင်း ကနေ ရောင်းထုတ်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်က ဝမ်ဘစ်ဆာခါ အတွက် အပြီးသတ် ရောင်းထုတ်မယ့် ပုံစံမျိုး အပြင် ညာနောက်ခံလူ အချင်းချင်း အလဲအလှယ် လုပ်သွားမယ့် အစီအစဉ် နှစ်ခုထဲက တစ်ခုခုကို အသုံးပြုသွားဖို့ ရှိနေပါတယ်။ 

လက်ရှိမှာ ယူနိုက်တက်က တိုက်စစ်ပိုင်း အတွက် ဇီယက်ခ်ဇီး၊ ဗဟိုခံစစ် အတွက် ယိုရို တို့ကို ခေါ်ယူ အားဖြည့်ထားပြီး ဘယ်နောက်ခံလူ နေရာ အတွက်လည်း မားကို့စ် အလွန်ဆိုနဲ့ ဆာဂျီယို ရက်ဂီလွန်း တို့ကိုလည်း စောင့်ကြည့်နေပါတယ်။ အကယ်၍ ယူနိုက်တက် အနေနဲ့ ကစားသမားသစ်တွေ ထပ်မံ ခေါ်ယူဖို့ ရှိတယ် ဆိုရင်တော့ အသင်းမှာ ရှိတဲ့ ကစားသမားတွေကို အရင်ဆုံး ရောင်းထုတ်ဖို့ စီစဉ်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်