နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘရန့်ဝိတ်သ်ကို နောက်ထပ် တစ်ကြိမ် ကမ်းလှမ်းခဲ့ပြန်တဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ ခံစစ်ပိုင်း အတွက် ကစားသမားသစ်တွေ ခေါ်ယူ အားဖြည့်ဖို့ ပြင်ဆင်နေပြီး လက်ရှိမှာတော့ အဲဗာတန် လူငယ် နောက်ခံလူ ဂျရတ် ဘရန့်ဝိတ်သ်ကို ထပ်မံ ကမ်းလှမ်းလိုက်တယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ ဘရန့်ဝိတ်သ်ကို လက်ရှိ နွေဈေးကွက်မှာ အရ ခေါ်ယူနိုင်ဖို့ အတွက် ကြိုးပမ်းနေပြီး ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၅ သန်း+အပိုဆုကြေးနဲ့ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ 

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ အကုန်က အဓိက ဗဟိုခံစစ် ကစားသမားတွေ ဖြစ်တဲ့ ရာဖေးလ် ဗာရန်းနဲ့ အီဗန့်စ် တို့ကို အသင်း ကနေ ထွက်ခွာခွင့်ပေးခဲ့သလို မက်ဂွိုင်းယားနဲ့ လင်ဒီလော့ဖ် တို့ကလည်း အနာဂတ် မသေချာတော့တာကြောင့် ဗဟိုခံစစ်နေရာ အတွက် ကစားသမား နှစ်ဦး အထိ အင်အားဖြည့်တင်ဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက် အနေနဲ့ မားသီးယက်စ် ဒီလစ်ဂျ်ကို ခေါ်ယူနိုင်ခဲ့ရင်တောင် ဗဟိုခံစစ် အတွက် နောက်ထပ် ကစားသမား တစ်ဦး ထပ်မံလိုအပ်နေဦးမှာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အသက် ၂၂ အရွယ် အင်္ဂလန် ဗဟိုခံစစ် ကစားသမားလေး အတွက် ပေါင်  ၃၅ သန်း+အပိုဆုကြေးနဲ့ ကနဦး ကမ်းလှမ်းထားခဲ့ပေမယ့် အဲဗာတန် ကတော့ ချက်ချင်း ပယ်ချထားခဲ့တာ ဖြစ်ပါတယ်။ 

သတင်းတွေရဲ့ ဖော်ပြချက် အရ ဆိုရင် ယူနိုက်တက်နဲ့ ဘရန့်ဝိတ်သ် တို့ အကြားမှာ လုပ်ခလစာ အပြင် စာချုပ်ကိစ္စတွေ အားလုံး အဆင်ပြေ သဘောတူညီမှု ရရှိထားခဲ့ပေမယ့် အဲဗာတန် ဘက်ကတော့ သူတို့ရဲ့ ကစားသမား အတွက် အနည်းဆုံး ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ လောက် အထိ အလိုရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက် အနေနဲ့ ဒီကစားသမား အတွက် အဲဗာတန်နဲ့ သဘောတူညီမှု ရဖို့က ခက်ခက်ခဲခဲ ကြိုးပမ်းရဦးမယ့် သဘောမှာ ရှိပါတယ်။

ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက် အနေနဲ့ မားသီးယက်စ် ဒီလစ်ဂျ်ကို ခေါ်ယူနိုင်ခဲ့ရင်တောင် ဗဟိုခံစစ် အတွက် နောက်ထပ် ကစားသမား တစ်ဦး ထပ်မံလိုအပ်နေဦးမှာ ဖြစ်ပါတယ်။
ဒီလစ်ဂျ် အပြင် ဘရန့်ဝိတ်သ်ကိုပါ ခေါ်ယူချင်နေတဲ့ ယူနိုက်တက်

လက်ရှိမှာ ယူနိုက်တက်က ဗဟိုခံစစ်နေရာ အတွက် ဘရန့်ဝိတ်သ်၊ ဒီလစ်ဂျ်၊ တိုဒီဘို၊ ဂလိုင်ဆင် ဘရီမာ၊ လီနီ ယိုရို တို့လို ခံစစ်ကစားသမား အများအပြားကို ဆက်တိုက် ပစ်မှတ်ထားနေခဲ့ပြီး ဒီထဲကမှ ဘရန့်ဝိတ်သ်၊ ဒီလစ်ဂျ်နဲ့ ယိုရို တို့ကို ကမ်းလှမ်းမှုတွေ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကလပ် အနေနဲ့ ဒီကစားသမား အားလုံးထဲ ကမှ ဘေယန်မြူးနစ် ခံစစ်မှူး မားသီးယက်စ် ဒီလစ်ဂျ်ကို ခေါ်ယူနိုင်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေတာ ဖြစ်ပါတယ်။

ဒီအချိန်မှာ ယူနိုက်တက် ဘက်က ဘရန့်ဝိတ်သ် အတွက် နောက်ထပ် ကမ်းလှမ်းမှု တစ်ခု အဖြစ် ပြောင်းရွှေ့ ကြေး ပေါင် (၄၅) သန်း အပြင် အပိုဆုကြေး ပေါင် ၅ သန်း စုစုပေါင်း ပေါင် သန်း ၅၀ နဲ့ ကမ်းလှမ်းမှု ထပ်မံ လုပ်ဆောင်ခဲ့တာပါ။ အဲဗာတန် ဘက်ကတော့ လက်ရှိ ကမ်းလှမ်းချက် ကိုလည်း ထပ်မံ ပယ်ချသွားဖို ရှိနေတယ်လို့ သိရပြီး အခုလို အကြိမ်ကြိမ် ပယ်ချခံနေရဦးမယ် ဆိုရင် ယူနိုက်တက် အနေနဲ့ ဘရန့်ဝိတ်သ်ကို လက်လျှော့ပြီး အခြား ကစားသမား ကိုပဲ ခေါ်ယူသွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဆက်စပ် သတင်းတွေအရ ဆိုရင် ယူနိုက်တက်ဟာ ဂျူဗင်တပ်စ် အသင်းရဲ့ ဗဟိုခံစစ်မှူး ဂလိုင်ဆင် ဘရီမာ ကိုလည်း တော်တော်လေး စိတ်ဝင်စားနေပြီး ကစားသမား ကိုယ်တိုင် ကလည်း စိတ်ဝင်စားတဲ့ အတွက် ဝမ်းသာမိကြောင်း ထုတ်ဖော် ပြောကြားထားခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ရက်ပိုင်း မှာတော့ ဘရီမာက ကမ္ဘာ့အကောင်းဆုံး အသင်း တစ်သင်း ဖြစ်တဲ့ ဂျူဗင်တပ်စ်မှာ ဆက်ရှိနေချင်ကြောင်း ပြောကြားထားပြီး ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုတွေကို ရပ်တန့်ပစ်ခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်