နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘယ်ခြမ်းခံစစ် အတွက် မားကို့စ် အလွန်ဆိုကို စိတ်ဝင်စားနေတဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက် ကတော့ ချဲလ်ဆီးနဲ့ ဘာစီလိုနာ ကစားသမားဟောင်း မားကို့စ် အလွန်ဆိုကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ အသင်းရဲ့ ဘယ်ခြမ်း ခံစစ်မှာ လုခ်ရှောနဲ့ မာလာစီယာ တို့လို ကစားသမားတွေ ရှိနေပေမယ့်လည်း ကစားသမား (၂) ဦးစလုံးက ဒဏ်ရာ ပြသာနာတွေနဲ့ အမြဲတမ်းလိုလို ရုန်းကန်နေရတာကြောင့် အခုနွေရာသီ ဈေးကွက် အတွင်းမှာ နောက်ထပ် ဘယ်နောက်ခံလူ တစ်ဦးလောက် ခေါ်ယူဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ 

ပရီးမီးယားလိဂ် ကလပ်ဟာ ပြီးခဲ့တဲ့ ရာသီ ကလည်း လုခ် ရှောနဲ့ မာလာစီယာ တိုရဲ့ ဒဏ်ရာ ပြသနာတွေကြောင့် စပါး ကနေ စပိန် ဘယ်နောက်ခံလူ ရယ်ဂီလွန်ကို အငှားနဲ့ ခေါ်ယူခဲ့ရပါတယ်။ လုခ်ရှော ဒဏ်ရာက ပြန်လည် သက်သာလာချိန်မှာတော့ ရယ်ဂီလွန်းကို စပါးဆီ ပြန်ပိုခဲ့ပါတယ်။ ဒါပေမယ့်လည်း လုခ်ရှော ဒဏ်ရာ ပြန်ရသွားချိန်မှာတော့ ဒါးလော့တ်နဲ့ အာရွန် ဝမ်ဘစ်ဆာခါ တို့ကို ဘယ်ခြမ်း ခံစစ်မှာ အလှည့်ကျ နေရာပေးခဲ့ရပါတယ်။ ဒါကြောင့် ယူနိုက်တက်က ဒီရာသီမှာလည်း အလားတူ ဘယ်ခြမ်း ခံစစ် ပြသနာတွေ ဖြစ်လာမှာ ဆိုးတာကြောင့် ကစားသမားသစ် တစ်ဦးကို ခေါ်ယူအားဖြည့်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာ ယူနိုက်တက်က ဘယ်ခြမ်း ခံစစ် နေရာ အတွက် ချဲလ်ဆီးနဲ့ ဘာစီလိုနာ တို့ရဲ့ ကစားသမားဟောင်း မားကို့စ် အလွန်ဆိုကို မျက်စိကျလျက် ရှိနေတာ ဖြစ်ပါတယ်။။

အသက် ၃၃ နှစ် အရွယ် စပိန် ဘယ် နောက်ခံလူက အခုနွေရာသီမှာပဲ ဘာစီလိုနာနဲ့ စာချုပ် သက်တမ်း ကုန်ဆုံးပြီး အသင်းလက်မဲ့ ဖြစ်နေသူ တစ်ဦးပါ။ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက် အနေနဲ့ ကတော့ တခြား လိုအပ်တဲ့ နေရာတွေ အတွက် ကစားသမားသစ်တွေ ခေါ်ယူ ဖြည့်တင်းဖို ငွေကြေး သုံးစွဲရဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်ခြမ်းခံစစ် နေရာအတွက် ရေတို အနေနဲ့သာ စဉ်းစားပြီး ခေါ်ယူမှုတွေ လုပ်ဆောင်သွားဖွယ် ရှိပါတယ်။ ဒီလို အခြေအနေမှာ အလွန်ဆိုက ယူနိုက်တက် အတွက် အကောင်းဆုံး ရွေးချယ်မှု တစ်ခု ဖြစ်နိုင်သလို ယူနိုက်တက် ဘက်ကတော့ အလွန်ဆို သာမက မနှစ်ကမှ အငှားနဲ့ ခေါ်ယူခဲ့ဖူးတဲ့ ဆာဂျီယို ရယ်ဂီလွန်း ကိုပါ အသင်းထံ နောက်ထပ် တစ်ကြိမ် ပြန်လည် ခေါ်ယူဖို့လည်း စဉ်းစားလျက် ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ယူနိုက်တက်က နယ်သာလန် ကလပ် ဖီယင်နော့ဒ်ရဲ့ ဆလိုဗက်ကီးယား ဘယ်နောက်ခံလူ ဒေးဗစ် ဟန်စ်ကောနဲ့ ခရစ္စတယ်ပဲလေ့စ်က တိုင်ရဲလ် မစ်ချယ်လ် တို့ကိုပါ စိတ်ဝင်စားနေပြီး ဒီကစားသမားတွေကို ခေါ်ယူမယ်ဆိုရင်တော့ ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေးတွေ အသုံးပြုရဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက် အနေနဲ့ တန်ကြေး အနည်းငယ်လောက်သာ ရှိတော့တဲ့ ရက်ဂီလွန်းနဲ့ အလွတ်နဲ့ ခေါ်ယူလို့ ရနိုင်မယ့် မားကို့စ် အလွန်ဆို တို့ထဲက တစ်ဦးဦး ကိုသာ ရွေးချယ်သွားနိုင်ပါတယ်။

ဒီနွေရာသီ အပြောင်းအရွှေ့မှာတော့ ယူနိုက်တက်က လိုင်လီက ဗဟိုခံစစ်မှူးလေး လီနီ ယိုရိုနဲ့ ဘိုလော့ဂ်နာက တိုက်စစ် ကြယ်ပွင့် ဂျော်ရွှာ ဇီယက်ခ်ဇီး တို့ နှစ်ဦး အတွက် ယူရို သန်း ၁၀၀ ကျော် အသုံးပြုကာ ခေါ်ယူထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်က ကွင်းလယ်ပိုင်းကို အင်အား ဖြည့်တင်းဖို့လည်း ပြင်ဆင်လျက်ရှိနေပြီး ပီအက်စ်ဂျီက ဥရုဂွေးသား မန်ဝဲလ် အူဂါတီကို ကြိုးပမ်းလျက် ရှိပါတယ်။ တချို့သော သတင်းတွေ မှာတော့ ယူနိုက်တက်က အဆုံးသတ် သေချာမယ့် အထောင်တိုက်စစ်မှူး တစ်ဦးလည်း ထပ်မံ ခေါ်ယူချင်နေသေးတယ်လို့ ဖော်ပြထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်