နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လစ်ဗာပူးလ်နဲ့ အရှက်တကွဲ ရှုံးပွဲ ကနေ ရုန်းထွက်ပြခဲ့တဲ့ မန်ချက်စတာယူနိုက်တက်၊ ဖာနန်ဒက်စ်ကို အထူးတလည် ချီးကျူးခဲ့တဲ့ တန်ဟက်ဂ် (ပရီးမီးယားလိဂ် နောက်ဆုံးရ သတင်းများ)

လစ်ဗာပူးလ်နဲ့ အရှက်တကွဲ ရှုံးပွဲ ကနေ ရုန်းထွက်ပြခဲ့တဲ့ မန်ချက်စတာယူနိုက်တက်၊ ဖာနန်ဒက်စ်ကို အထူးတလည် ချီးကျူးခဲ့တဲ့ တန်ဟက်ဂ် စတဲ့ သတင်းတွေ အပါအဝင် မတ် ၁၀ ရက်နေ့ရဲ့ ပရီးမီးယားလိဂ် သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


လစ်ဗာပူးလ်နဲ့ အရှက်တကွဲ ရှုံးပွဲ ကနေ ရုန်းထွက်ပြခဲ့တဲ့ မန်ချက်စတာယူနိုက်တက်

မနေ့ညက ကစားခဲ့တဲ့ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ပွဲတွေ မှာတော့ မန်ချက်စတာယူနိုက်တက်က ရီးရဲလ်ဘက်တစ်ကို ၄-၁ နဲ့ ဂိုးပြတ် အနိုင်ရရှိသွားခဲ့ပါတယ်။ လစ်ဗာပူးလ်ကို အရှက်ရဖွယ် အရေးနိမ့်မှု ကနေ ယူနိုက်တက်တို့ အလျင်အမြန် ရုန်းထွက်နိုင်ခဲ့ပြီး အိမ်ကွင်းမှာ ၄ ဂိုး အထိ သွင်းကာ ကွာတားဖိုင်နယ်ကို ခြေတဖက် လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

ဘက်တစ်က ပထမပိုင်းမှာ ၁-၁ အထိ သရေလိုက် ကစားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ၃ဂိုး အထိ ပေးခဲ့ရကာ ဂိုးပြတ် အရေးနိမ့်သွားခဲ့ပါတယ်။ ဒီပွဲကို အနိုင်ရဖို့ အတွက် ဖိဖိစီးစီးနဲ့ ကစားခဲ့တဲ့ ယူနိုက်တက်ကို ရေရှည်မှာ ဘက်တစ်တို့ မယှဉ်နိုင်ခဲ့ပါဘူး။ တန်ဟက်ဂ် ရဲ့ အသင်း ကလည်း ပရိသတ်တွေကို သူတို့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ဂိုးပြတ် အရှုံး ကနေ အကောင်းဆုံး ပြန်လာနိုင်တယ် ဆိုတာ ပြသဖို့ အတွက် တော်တော် အာရုံစိုက်သွားခဲ့ပါတယ်။ 

ယူနိုက်တက် အတွက် မားကပ်စ် ရက်ရှ်ဖို့ဒ်၊ ဘရူနို ဖာနန်ဒက်စ်၊ အန်တိုနီ၊ ဝက်ဂ်ဟော့စ် တို့က ဂိုးတွေ သွင်းခဲ့ကြပြီး ဘက်တစ် အတွက် အယိုဇီ ပီရက်ဇ်က ချေပဂိုး သွင်းပေးခဲ့တာပါ။ စပိန်မြေမှာ ဒုတိယအကျော့ ကစားရဦးမှာ ဖြစ်ပေမယ့် လက်ရှိ ဂိုးရလဒ်အရ ယူနိုက်တက်တို့ နောက်တဆင့်ကို သေချာပေါက် တက်ရောက်နိုင်ခဲ့ပြီ လို့တောင် ပြောလို့ ရပါတယ်။ 

ပရီးမီးယား လိဂ်
လိဒ် ယူနိုက်တက်
ဘရိုက်တန်
1X2 သရေ (Draw) @ 3.40
ဂိုးပေါ် 2.50 @ 1.90
ဂိုးပေါင်း 2-3 @ 1.91
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အိမ်ကွင်းမှာ အနိုင်ကစားဖို့ လိုအပ်သွားတဲ့ အာဆင်နယ်

ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ် ကတော့ ယူရိုပါလိဂ်မှာ စပို့တင်းလစ္စဘွန်းနဲ့ ပေါ်တူဂီမြေမှာ ၂ ဂိုးစီ သရေကျသွားခဲ့ပါတယ်။ အာဆင်နယ်တို့ အနိုင်ရမယ်လို့ မျှော်လင့်ခဲ့ရပေမယ့် အိမ်ရှင် အသင်းရဲ့ ခံကန်အားကြောင့် သရေနဲ့သာ ကျေနပ်ခဲ့ရပြီး အိမ်ကွင်းမှာ အနိုင်ကစားဖို့တော့ လိုအပ်သွားခဲ့ပါပြီ။ 

အာဆင်နယ်အတွက် နောက်ခံလူ ဝီလီယမ် ဆလီဘာက အဖွင့်ဂိုး သွင်းပေးခဲ့ပေမယ့် စပို့တင်းက ဂွန်ကာလို အိုင်နာစီယိုက ချေပဂိုး၊ ပေါ်လင်ဟိုက ဦးဆောင်ဂိုး ပြန်သွင်းခဲ့ပါတယ်။ စပို့တင်း ကစားသမား မော်ရီတာ ကိုယ့်ဂိုးကိုယ် သွင်းမိလို့ အာဆင်နယ်တို့ ချေပဂိုး ပြန်ရခဲ့ပြီး ၂ ဂိုးစီ သရေကျခဲ့တာပါ။ ဒီနောက်မှာ အာဆင်နယ်တို့ အနိုင်ဂိုး ရဖို့ အားထုတ်ခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့တော့ပါဘူး။ 

အာဆင်နယ်ရဲ့ ခြေစွမ်းအရ အမ်းမရိတ်စ်မှာ စပို့တင်းကို အနိုင်ရဖို့က မခက်ပေမယ့် သတိကြီးကြီးထားဖို့ လိုအပ်ပါတယ်။ ပေါ်တူဂီ ကလပ်က မထင်ရင် မထင်သလို လုပ်ပြနိုင်စွမ်းရှိတဲ့ အသင်း ဖြစ်လို့ အာဆင်နယ်ပေါ့ဆရင် ခံသွားရနိုင်ပါတယ်။ ညကသာ အဝေးကွင်းမှာ အနိုင်ရခဲ့မယ် ဆိုရင်တော့ ဒုတိယအကျော့က သူတို့ အတွက် ပိုပြီးတော့ အခွင့်အရေးသာခဲ့မှာပါ။ 


ဖာနန်ဒက်စ်ကို အထူးတလည် ချီးကျူးခဲ့တဲ့ တန်ဟက်ဂ်

ဖာနန်ဒက်စ် ကတော့ လစ်ဗာပူးလ်နဲ့ ပရီးမီးယားလိဂ် ပွဲအပြီးမှာ ဝေဖန်ခံခဲ့ရသူ ဖြစ်ပြီး အခု သူ့ရဲ့ခြေစွမ်းနဲ့ တုံ့ပြန်ပြခဲ့တာလည်း ဖြစ်ပါတယ်။
ဘက်တစ်နဲ့ ပွဲက ဖာနန်ဒက်စ်ရဲ့ ခြေစွမ်းကို ချီးကျူးခဲ့တဲ့ တန်ဟက်ဂ်

ဘက်တစ်ကို ဂိုးပြတ် အနိုင်ရခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ်က အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ကို ချီးကျူးသွားခဲ့ပါတယ်။ ဖာနန်ဒက်စ် ကတော့ ဒီပွဲမှာ ခြေစွမ်းပြခဲ့ပြီး ကိုယ်တိုင် တစ်ဂိုး သွင်းယူခဲ့သလို နောက်ထပ်ဂိုးတွေ ရရှိမှုမှာလည်း သူက အဓိက နေရာ ကနေ ပါဝင်ပတ်သက်ခဲ့တာ ဖြစ်ပါတယ်။ 

ပွဲအပြီးမှာ တန်ဟက်ဂ်က “ ဒီနေ့ ဘရူနို ကစားသွားတာ အရမ်းကောင်းလွန်းပါတယ်၊ အသင်းကို ပထမဆုံး မိနစ် ကနေ စပြီး ဦးဆောင်ခဲ့တယ်၊ ပြီးတော့ ဖန်တီးမှု တကြိမ်၊ သွင်းဂိုး ၁ ဂိုးလည်း ရခဲ့ပါတယ်၊ ဒီအတွက် ကျနော် ပျော်ရွှင်ရပါတယ်၊ သူက ကွင်းထဲမှာ အကောင်းဆုံး ကစားသမားလို့ ကျနော် ထင်တယ်” ” သူ့ရဲ့ ကိုယ်ရည်ကို ယ်သွေးကို ပြသနိုင်ခဲ့ပြီး ဒီနေ့မှာ ဆိုရင် အတွင်းထဲကို နည်းနည်း ဝင်ကစားပေးခဲ့တယ်၊ ကောင်းမွန်တဲ့ ပေးပို့မှုတွေကို လုပ်နိုင်ခဲ့ပြီးတော့ အခွင့်အရေးတွေ အများကြီး ကိုလည်း ကျနော်တို့ ဖန်တီးနိုင်ခဲ့ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။ ဖာနန်ဒက်စ် ကတော့ လစ်ဗာပူးလ်နဲ့ ပရီးမီးယားလိဂ် ပွဲအပြီးမှာ ဝေဖန်ခံခဲ့ရသူ ဖြစ်ပြီး အခု သူ့ရဲ့ခြေစွမ်းနဲ့ တုံ့ပြန်ပြခဲ့တာလည်း ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်