နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မြို့ခံပြိုင်ဘက်ရဲ့ ကွင်းလယ်လူဟောင်းကို ခေါ်ယူချင်နေတဲ့ မန်စီးတီး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီး ကတော့ လက်ရှိမှာ အသင်း လက်မဲ့ ဖြစ်နေတဲ့ ပြင်သစ် ကွင်းလယ်လူ ပေါလ် ပေါ့ဘာကို ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ မန်ချက်စတာစီးတီးရဲ့ ခါးသီး မြို့ခံ ပြိုင်ဘက် မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း ပေါလ် ပေါ့ဘာ ကတော့ ဂျူဗင်တပ်စ်နဲ့ လမ်းခွဲပြီး ကတည်းက အသင်း လက်မဲ့ ဖြစ်နေသူလည်း ဖြစ်ပါတယ်။

အသက် ၃၁ နှစ် အရွယ် ကွင်းလယ်လူ ပေါ့ဘာဟာ တားမြစ်ဆေး သုံးစွဲခဲ့မှုကြောင့် ဘောလုံးကစားခြင်း ကနေ ၄ နှစ် အထိ ပွဲပယ်ခံခဲ့ရတာပါ။ ဒါပေမယ့်လည်း ဒီပြစ်ဒဏ် အပေါ် အယူခံဝင်ရာမှာ အောင်မြင်ခဲ့တာကြောင့် ၄ နှစ် ကနေ ၁၈ လ အထိ ပွဲပယ် ပြစ်ဒဏ်ကို လျှော့ချခံရပြီး လာမယ့် ၂၀၂၅ မတ်လမှာ ဘောလုံး ပြန်လည် ကစားနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ ပေါ့ဘာကို စီးရီးအေ ကလပ် ဂျူဗင်တပ်စ်က အသင်းမှာ ပြန်မကစားစေချင်တော့ပဲ စာချုပ် ဖျက်သိမ်းဖို့ပဲ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ပေါ့ဘာနဲ့ ဂျူဗင်တပ်စ် တို့က နိုဝင်ဘာလ ၁၅ ရက်နေ့မှာ နှစ်ဦး သဘောတူ စာချုပ်ဖျက်သိမ်းပြီး ပေါ့ဘာ ဟာလည်း တရားဝင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ကစားသမား ဖြစ်သွားခဲ့တာ ဖြစ်ပါတယ်။

တချို့ သတင်းတွေ မှာတော့ ပေါ့ဘာက မန်စီးတီးရဲ့ စိတ်ဝင်စားမှုကို ငြင်းဆန်ခဲ့တယ်လို့ ဖော်ပြလျက် ရှိပြီးတော့ တချို့ သတင်းတွေ မှာတော့ ပေါ့ဘာက ပရီးမီးယားလိဂ်ဆီ တစ် ကျော့ပြန်သွားဖို စိတ်ဝင်စားနေတယ်လို့ ဖော်ပြကြပါတယ်။
မာဆေးလ်နဲ့လည်း သတင်းတွေ ထွက်နေတဲ့ ပေါ့ဘာ

ပရီးမီးယားလိဂ် ၄ နှစ်ဆက် ချန်ပီယံ မန်စီးတီးဟာ ဒီရာသီမှာ အသင်းရဲ့ အဓိက ကွင်းလယ်လူ ဖြစ်တဲ့ ဘယ်လွန်ဒေါဆုရှင် ရိုဒရီကို ဒူးအရွတ်စုတ်ပြဲ ACL ဒဏ်ရာကြောင့် ရာသီကုန် အထိ လက်လွတ်ထားခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် မန်စီးတီးရဲ့ အဓိက ကစားသမား အများစုဟာ မကြာခဏ ဆိုသလို ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်နေရတာကြောင့် မဖြစ်မနေ ကစားသမားတွေ ခေါ်ယူ အားဖြည့်ဖို့ လိုအပ်နေခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီးဟာ ကွင်းလယ်ပိုင်းမှာ အဓိက အားနည်းနေခဲ့တာ ဖြစ်ပြီးတော့ အသင်းရဲ့ ရလဒ်တွေ ဆိုးရွားနေခြင်း အတွက် အကြောင်းအရင်း တစ်ခုလည်း ဖြစ်နေခဲ့တယ်။

ဒါကြောင့် မန်စီးတီးက ကွင်းလယ် ခံစစ် နေရာ အတွက် ဆိုစီဒက်က မာတင် ဇူဘီမန်ဒီနဲ့ အတ္တလန္တာက အက်ဒါဆင် တို့လို ကစားသမားတွေကို လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူ အားဖြည့်ဖို့ ပြင်ဆင်နေခဲ့တာ ဖြစ်ပါတယ်။ အခုနောက်ဆုံး ရရှိတဲ့ သတင်းတွေ အရ ဆိုရင်တော့ မန်စီးတီးက မြိုခံ ပြိုင်ဘက် ယူနိုက်တက်ရဲ့ ကစားသမားဟောင်း ပေါလ် ပေါ့ဘာကို စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

တချို့ သတင်းတွေ မှာတော့ ပေါ့ဘာက မန်စီးတီးရဲ့ စိတ်ဝင်စားမှုကို ငြင်းဆန်ခဲ့တယ်လို့ ဖော်ပြလျက် ရှိပြီးတော့ တချို့ သတင်းတွေ မှာတော့ ပေါ့ဘာက ပရီးမီးယားလိဂ်ဆီ တစ် ကျော့ပြန်သွားဖို စိတ်ဝင်စားနေတယ်လို့ ဖော်ပြကြပါတယ်။ ဒါကြောင့် မန်စီးတီး အနေနဲ့ ပေါ့ဘာလို ကမ္ဘာ့ဖလားဆုရှင် ပရီးမီးယားလိဂ် အတွေ့အကြုံ ရှိတဲ့ ကစားသမားကို ခေါ်ယူသွားနိုင်မလား ဆိုတာ စိတ်ဝင်စားစရာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပေါ့ဘာနဲ့ လီဂူးဝမ်း ကလပ် အိုလံပစ် မာဆေးလ်နဲ့လည်း အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေပါသေးတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်