ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီး ကတော့ ဖရန့်ဖတ် ကွင်းလယ်လူ ဟူဂို လာဆင်ကို ခေါ်ယူဖို့ တခြားအသင်းတွေနဲ့ အပြိုင်အဆိုင် ကြိုးပမ်းလာခဲ့ပြီလို့ သတင်းတွေက ဖော်ပြပါတယ်။ အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ ဆွီဒင် လက်ရွေးစင် ကွင်းလယ် ကစားသမားလေးဟာ ဆွီဒင် ကလပ် မဲလ်မို ကနေ ဘွန်ဒက်စ်လီဂါကို ၂၀၂၃ ခုနှစ်မှာ ပြောင်းရွှေ့လာခဲ့ပြီးတော့ ဖရန့်ဖတ် အတွက် ပြိုင်ပွဲစုံ ၇၆ ပွဲ ကစားပြီး ၈ ဂိုး သွင်းယူပေးထားပါတယ်။
ခြေစွမ်းကောင်းတွေ ပြသနေတဲ့ ဒီကစားသမားလေးကို ဥရောပထိပ်တန်း ကလပ်များစွာက စိတ်ဝင်စားနေကြပြီးတော့ အဲဒီအထဲမှာ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်နဲ့ လစ်ဗာပူးလ် တို့လည်း ပါဝင်နေပါတယ်။ မန်ချက်စတာစီးတီးဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ အီဂျစ် တိုက်စစ်မှူး အိုမာ မာမွတ်ရှ်ကို ပေါင် ၅၉ သန်းနဲ့ ခေါ်ယူခဲ့ပြီးတော့ လက်ရှိမှာလည်း ကင်းထောက်တွေက ဖရန့်ဖတ်ရဲ့ နောက်ထပ် ကစားသမား တစ်ဦးကို ထပ်မံ ခေါ်ယူဖို့ အတွက် အသင်းကို အကြံပြုနေကြတာ ဖြစ်ပါတယ်။

Sky Sports Germany ရဲ့ ဖော်ပြချက်အရ ဖရန့်ဖတ်ရော ကစားသမားရောက မန်စီးတီးရဲ့ စိတ်ဝင်စားမှုကို သိရှိထားပြီး နှစ်သင်း အကြားမှာ ကစားသမား အပြောင်းအရွှေ့နဲ့ ပတ်သတ်လို့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတာကြောင့် အပြောင်းအရွှေ့က ဖြစ်နိုင်ချေ များနေကြောင်း သိရပါတယ်။ မန်စီးတီးဟာ အသင်းရဲ့ ခံစစ်နဲ့ တိုက်စစ်ထက် အားနည်းချက်တွေ ရှိနေတဲ့ ကွင်းလယ်ပိုင်းကို အင်အား ဖြည့်တင်း ပြန်လည် တည်ဆောက်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ နည်းပြ ပပ် ဂွါဒီယိုလာက အသင်းမှာ အသက်အရွယ် ရလာတဲ့ ကစားသမားတွေကို အခု နွေရာသီမှာ ရှင်းထုတ်ချင်နေပြီး ကီဗင် ဒီဘရွန်းနား၊ အိုင်ကေး ဂွန်ဒိုအန်၊ မက်တေးယို ကိုဗာချစ်နဲ့ ဘာနာဒို ဆေးလ်ဗား တို့ကို ထွက်ခွာခွင့်ပေးသွားဖွယ်လည်း ရှိနေပါတယ်။
မန်စီးတီးသာ လာဆင်ကို ခေါ်ယူခဲ့မယ် ဆိုရင်တော့ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့မှာ အိုမာ မာမွတ်ရှ် အတွက် ပေးချေခဲ့ရတဲ့ ပြောင်းရွှေ့ကြေးနဲ့ အနည်းငယ် ပိုပေးရဖွယ်တော့ ရှိနေပါတယ်။ ဖရန့်ဖတ် တာဝန်ရှိသူတွေ ကတော့ ဆွီဒင် ဆယ်ကျော်သက်လေး အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၆၀ (ပေါင် ၅၀.၂ သန်း) တောင်းဆိုဖို့ အဆင်သင့် ဖြစ်နေကြောင်းလည်း သိရပါတယ်။ ဘွန်ဒက်စ်လီဂါ ကလပ်ဟာ ၂၀၂၉ ခုနှစ် နွေရာသီမှ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် သူတို့ရဲ့ ကစားသမား အတွက် နည်းပါးတဲ့ ကမ်းလှမ်းမှုတွေကို လက်ခံသွားမှာ မဟုတ်ပါဘူး။
လက်ရှိ ဖရန့်ဖတ်ရဲ့ တိုက်စစ်မှာ ခြေစွမ်းပြနေပြီး နောက်ထပ် နာမည်ကြီနေတဲ့ ကစားသမား ကတော့ ဟူဂို အစ်ကီတီကီ ဖြစ်ပါတယ်။ ဒီကစားသမား ကိုလည်း ပရီးမီးယားလိဂ် ထိပ်သီး ကလပ် တော်တော်များများက လိုချင်နေပြီးတော့ ဖရန့်ဖတ် ဘက်က လိုချင်နေတဲ့ ပြောင်းရွှေ့ကြေး အတိုင်း ပေးချေဖို့လည်း အဆင်သင့် ရှိနေကြကြောင်း သိရပါတယ်။ ဟူဂို အစ်ကီတီကီ ကတော့ ဒီရာသီမှာ ဖရန့်ဖတ် အတွက် ပြိုင်ပွဲစုံ ၃၉ ပွဲ ကစားပြီး ၁၉ ဂိုး သွင်းပြီး ၈ ဂိုး ဖန်တီးပေးထားပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.