နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အီဒါဆန် နေရာ အတွက် ဒီယိုဂို ကော်စတာကို စဉ်းစားနေတဲ့ မန်စီးတီး | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီး ကတော့ လက်ရှိ ဂိုးသမား အီဒါဆန် မိုရေးစ်ရဲ့ နေရာမှာ အစားထိုးဖို့ ဂိုးသမား ရှာဖွေနေပြီ ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင် ပရီးမီးယားလိဂ် ၄ နှစ်ဆက် ချန်ပီယံ တို့ဟာ အီဒါဆန်ရဲ့ နေရာမှာ ပေါ်တိုရဲ့ ပေါ်တူဂီ လက်ရွေးစင် ဂိုးသမား ဒီယိုဂို ကော်စတာကို အစားထိုးဖို့ ပစ်မှတ်ထားနေတယ်လို့လည်း သိရပါတယ်။

ဘရာဇီးလ် လက်ရွေးစင် ဂိုးသမား အီဒါဆန် ကတော့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ မှာကတည်းက အက်တီဟတ်ကို စွန့်ခွာမယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့သူ ဖြစ်ပါတယ်။ နည်းပြ ဖြစ်သူ ပပ် ဂွာဒီယိုလာ အနေနဲ့ အီဒါဆန်ကို အသင်း ကနေ ထွက်မခွာသွားစေချင်ကြောင်း တရားဝင် ထုတ်ဖော် ပြောကြားခဲ့ဖူးပြီး ဒီအချက်ကြောင့်သာ ဘရာဇီးလ်သား အနေနဲ့ အသင်းမှာ ဆက်ရှိနေခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း အခုနောက်ဆုံး ရရှိတဲ့ သတင်းတွေ အရ ဆိုရင်တော့ အီဒါဆန်ဟာ မန်စီးတီးနဲ့ လမ်းခွဲဖို့ စီစဉ်နေတယ်လို့ သိရပြီးတော့ မန်စီးတီး ကလည်း သူ့ရဲ့ နေရာကို အစားထိုးဖို့ အတွက် ဂိုးသမားသစ် ရှာဖွေနေပြီ ဖြစ်ကြောင်း သိရပါတယ်။ အီဒါဆန်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ဆော်ဒီပရိုလိဂ် ကလပ် အဲလ် အစ်တီဟတ်ကို ပြောင်းရွှေ့ဖို့ တော်တော်လေး နီးစပ်ခဲ့တာလည်း ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီး ကနေ ထွက်ခွာချင်နေတဲ့ အီဒါဆင်

ဒီယိုဂို ကော်စတာ ကတော့ လက်ရှိမှာ အသက် ၂၅ နှစ် အရွယ် ရှိနေပြီ ဖြစ်ပြီးတော့ မန်စီးတီး အနေနဲ့ သူ့ကို ခေါ်ယူဖို့ အတွက်တော့ ပြောင်းရွှေ့ကြေး အနေနဲ့ ပေါင်သန်း ၆၀ ဝန်းကျင် အသုံးပြုရဖွယ် ရှိနေတာလည်း ဖြစ်ပါတယ်။ ပေါ်တို အသင်း အပြင် နိုင်ငံ လက်ရွေးစင် အသင်း အတွက် လက်စွမ်းပြနေတဲ့ ဒီယိုဂို ကော်စတာကို မန်စီးတီး အပြင် ဘာစီလိုနာ ကလည်း အသင်းရဲ့ ဝါရင့် ဂိုးသမား စတီဂျန်ရဲ့ နေရာမှာ ရေရှည် အစားထိုးဖို့ အတွက် ပစ်မှတ်ထားနေတယ်လို့လည်း သိရပါတယ်။

ဗြိတိန် မီဒီယာတွေရဲ့ ဖော်ပြချက် အရ ဆိုရင်တော့ ပရီးမီးယားလိဂ် ကလပ် မန်စီးတီးဟာ ဒီယိုဂို ကော်စတာကို လာမယ့် ၂၀၂၅ နွေရာသီမှာ ကမ်းလှမ်းမှုတွေ ပြုလုပ်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

အီဒါဆင်ဟာ ၂၀၁၇ ခုနှစ်မှာ ဘင်ဖီကာ ကနေ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာစီးတီး အသင်းကို ပြောင်းရွှေ့ခဲ့ပြီး ၇ ရာသီ အတွင်း ပြိုင်ပွဲစုံ ပွဲပေါင်း ၃၃၂ ပွဲ ပါဝင်ကစားထားပါတယ်။ ဒါ့အပြင် အီဒါဆင်ဟာ ပြီးခဲ့တဲ့ ရာသီက မန်စီးတီး မှာ အဆင်မပြေ ဖြစ်ခဲ့ပေမယ့် ၄၃ ပွဲ အထိ ကစားခွင့်ရရှိခဲ့ပါတယ်။ အစောပိုင်းမှာ ရရှိတဲ့ သတင်းတွေ အရ ဆိုရင် မန်စီးတီးက အီဒါဆင် နေရာမှာ အစားထိုးဖို့ အတွက် ပီအက်စ်ဂျီက ဒွန်နာရမ်းမားကို စောင့်ကြည့်နေသလို အေစီမီလန် ဂိုးသမား မိုက်ခ် မိုက်ဂ်နန် ကိုလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်