နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Olympics 2024 Daily Missions July to August – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂရင်းဝုဒ်ကို မာဆေးလ် အသင်းထံ ရောင်းချဖို့ သဘောတူညီမှု ရထားတဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်း ကတော့ မေဆင် ဂရင်းဝုဒ်ကို လီဂူးဝမ်း ကလပ် မာဆေးလ်ထံ ရောင်းချဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။

သရဲနီတွေ အနေနဲ့ ဂရင်းဝုဒ်ကို အမှုကိစ္စတွေ အပြီးမှာ သူတို့ရဲ့ ပထမအသင်း ဖွဲ့စည်းမှုမှာ ပြန်လည် ပေါင်းစည်းဖို့ အတွက် ကနဦး အစီအစဉ်တွေကို ပြောင်းလဲ ဆုံးဖြတ်ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၃/၂၄ ဘောလုံးရာသီမှာ ဂီတာဖေး အသင်းထံ အငှားချခဲ့တာပါ။ ဂရင်းဝုဒ်ဟာ အတူနေ ချစ်သူကို အဓမ္မပြုကျင့်ခဲ့တယ်လို့ သံသယရှိတာကြောင့် ဖမ်းဆီးခံခဲ့ရပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာတော့ ယူနိုက်ကတ် ကစားသမား အဖြစ် ကနေ ရပ်ဆိုင်းခံခဲ့ရပါတယ်။

ဒါပေမယ့်လည်း အင်္ဂလန် ကြယ်ပွင့်လေးဟာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ချိန်မှာတော့ အပြစ်မရှိကြောင်း ထင်ပေါ်ခဲ့တာကြောင့် မြက်ခင်းစိမ်းပေါ် ပြန်လည် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဂရင်းဝုဒ် အနေနဲ့ မြက်ခင်းစိမ်းပေါ် ပြန်လည် ရောက်ရှိချိန်မှာတော့ ဂီတာဖေးနဲ့ အတူ ပတ္တမြားမှန်လို့ နွံမနစ်ကြောင်း ပြသနိုင်ခဲ့ပါတယ်။ ဂရင်းဝုဒ် အနေနဲ့ အငှားချမှု ပြီးဆုံးချိန်မှာတော့ အက်တလက်တီကိုမက်ဒရစ်၊ ဒေါ့မန်နဲ့ လာဇီယို အပါအဝင် ဥရောပ ထိပ်သီး ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်လာခဲ့သူပါ။ ဒီကြားထဲမှာ ဂရင်းဝုဒ်ကို စီးရီးအေ ကလပ် ဂျူဗင်တပ်စ် ကလည်း‌ ခေါ်ယူချင်ခဲ့ပြီး ဖက်ဒရီကို ခီယေဇာ ကိုပါ အလိုက်ပေး ကမ်းလှမ်းဖို့ စဉ်းစားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက် ကလည်း ယာအို ဖီးလစ်ကို ခေါ်ယူဖို့ အတွက် ဂရင်းဝုဒ်ကို အလိုက်ပေး အသုံးချဖို့ စဉ်းစားခဲ့ပါသေးတယ်။

ဂရင်းဝုဒ် အနေနဲ့ မာဆေးလ်ကို ပြောင်းရွှေ့ဖို့ အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု မရရှိသေးပေမယ့် ပရီးမီးယားလိဂ် ကလပ် အနေနဲ့ ရောင်းချဖို့ စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။
ဂရင်းဝုဒ်ကို အသင်းထံ ပြန်ခေါ်ဖို့ လုံးဝ အစီအစဉ် မရှိတဲ့ ယူနိုက်တက်

လက်ရှိ မှာတော့ The Athletic သတင်းထောက် ဒေးဗစ် အွန်စတိန်းရဲ့ ဖော်ပြချက်အရ ပြင်သစ် လီဂူးဝမ်း ကလပ် မာဆေးလ်က ဂရင်းဝုဒ်ကို ပေါင် ၂၆.၇ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ မာဆေးလ်ဟာ ဂရင်းဝုဒ် အတွက် ကနဦး ပေါင် ၂၃.၃ သန်း+အပိုဆုကြေး ပေါင် ၃.၄ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်တယ်လို့လည်း သိရပါသည်။ ဂရင်းဝုဒ် အနေနဲ့ မာဆေးလ်ကို ပြောင်းရွှေ့ဖို့ အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု မရရှိသေးပေမယ့် ပရီးမီးယားလိဂ် ကလပ် အနေနဲ့ ရောင်းချဖို့ စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။

ဂရင်းဝုဒ်ဟာ ယခုသီတင်း အပတ် အစောပိုင်းမှာ ယူနိုက်တက်ရဲ့ ကာရင်တန် လေ့ကျင့်ရေးစခန်းကို ပြန်လည် ရောက်ရှိလာပြီး သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ကလပ် ဘက်ကတော့ ဂရင်းဝုဒ်ကို အသင်းဆီ ပြန်လည် ခေါ်ယူဖို့ထက် ရောင်းချဖို့သာ ရည်ရွယ်ချက်ရှိကြောင်း အသိပေးခဲ့ခြင်းသာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ ဂရင်းဝုဒ်ကို လေ့ကျင့်ခွင့် ပေးဖို့ အစီအစဉ်မရှိကြောင်းလည်း အသိပေးထားခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ် ကလပ် မာဆေးလ်ဟာ ဘရိုက်တန် နည်းပြဟောင်း ရော်ဘတ်တို ဒီဇာဘီကို နည်းပြသစ် အဖြစ် ခန့်အပ်ကြောင်း မကြာသေးခင်က တရားဝင် ထုတ်ပြန် ကြေညာထားခဲ့ပါတယ်။ မာဆေးလ်ဟာ ပြီးခဲ့တဲ့ရာသီ လီဂူးဝမ်းမှာ အဆင့် ၈ နေရာနဲ့ ရာသီသိမ်းခဲ့တဲ့ အသင်းလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်