နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယာအို ဖီးလစ်ကို ဂရင်းဝုဒ်နဲ့ အလိုက်ပေးခေါ်မယ့် ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ အက်တလက်တီကိုမက်ဒရစ် တိုက်စစ်မှူး ယာအို ဖီးလစ်ကို ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း စပိန် ကလပ်က လိုချင်နေတဲ့ ပေါ်တူဂီ လက်ရွေးစင် အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကို ယူနိုက်တက် ဘက်က ပေးချေလိုခြင်း မရှိပဲ မေဆန် ဂရင်းဝုဒ်နဲ့ အလိုက်ပေး ကမ်းလှမ်းသွားဖို့ ရှိနေတာ ဖြစ်ပါတယ်။

လက်ရှိ တန်ကြေးအရ ယာအို ဖီးလစ်နဲ့ ဂရင်းဝုဒ် တို့ရဲ့ ပြောင်းရွှေ့ကြေးတွေဟာ ၁၅ သန်းနီးပါးသာ ကွာဟနေပေမယ့် အက်တလက်တီကိုမက်ဒရစ် ဘက်ကတော့ မြင့်မားတဲ့ ကြေးတစ်ရပ် ကမ်းလှမ်းမှသာ လက်ခံချင်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက် ကလည်း သူတို့ရဲ့ အသင်းကို ပြန်ခေါ်ဖို့ မဖြစ်နိုင်သလောက် ရှိနေတဲ့ ဂရင်းဝုဒ်ကို အလိုက်ပေး ကမ်းလှမ်းချင်နေတာ ဖြစ်ပါတယ်။

ယာအို ဖီးလစ်ဟာ တစ်ချိန်က အနာဂတ်မှာ တောက်ပလာမယ့် တိုက်စစ် ကြယ်ပွင့် အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသူ ဖြစ်ပါတယ်။ ဘင်ဖီကာ ကနေ အက်တလက်တီကို မက်ဒရစ်ကို မပြောင်းခင်ကတည်းက ပရီးမီးယားလိဂ် ကလပ်ရဲ့ စိတ်ဝင်စားခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စပိန် ကလပ်က လက်ဦးမှု ရယူက ခေါ်ယူခဲ့နိုင်ခဲ့တာ ဖြစ်ပါတယ်။ အက်တလက်တီကိုမက်ဒရစ် အတွက် အသုံးဝင်တဲ့ တိုက်စစ်မှူး မဖြစ်လာခဲ့တဲ့ ယာအို ဖီးလစ်ဟာ ချဲလ်ဆီးနဲ့ ဘာစီလိုနာ ကိုပါ အငှားတွေနဲ့ သွားရောက် ကစားခဲ့ရပါတယ်။ ယာအို ဖီးလစ်ဟာ အက်တလက်တီကိုမက်ဒရစ်မှာ ၁၃၁ ပွဲ ကစားထားပြီး ၃၄ ဂိုး သွင်းယူထားပါတယ်။

ယူနိုက်တက် အနေနဲ့ တချိန်က သူတို့ စိတ်ဝင်စားခဲ့ဖူးသလို အက်တလက်တီကိုမက်ဒရစ်မှာ အဆင်မပြေပေမယ့် ပရီးမီးယားလိဂ် ကို လာရောက် ကစားစဉ်က ခြေစွမ်းပြခဲ့တဲ့ ဖီးလစ်ကို ခေါ်ယူဖို့ မကြာခင် ကြိုးပမ်းလာဖွယ် ရှိပါတယ်။
အက်တလက်တီကို မက်ဒရစ်မှာ အဆင်မပြေ ဖြစ်နေတဲ့ ယာအို ဖီးလစ်

ယာအို ဖီးလစ်က အက်တလက်တီကိုမက်ဒရစ်မှာ ခြေစွမ်းပြဖို ရုန်းကန်နေရတာထက် အသင်း နည်းပြ ဒီယေဂို ဆီမြွန်နီ အပါအဝင် အသင်းဖော်တွေနဲ့ပါ ဆက်ဆံရေးပိုင်း အဆင်မပြေမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ ဒါကြောင့် အက်တလက်တီကိုက ဖီးလစ် လာမယ့်နွေမှာ အပြီးသတ် ရောင်းထုတ်သွားဖို့ စီစဉ်နေတာလည်း ဖြစ်ပါတယ်။

အက်တလက်တီကိုမက်ဒရစ်ဟာ ယာအို ဖီးလစ်ကို ရောင်းထုတ်ပြီးရင် တောင်ပံ တိုက်စစ် နေရာ အတွက် အင်အားဖြည့်တင်းဖို့ ပြင်ဆင်နေပြီး ဂီတာဖေးနဲ့ အတူ ခြေစွမ်းပြနေတဲ့ မေဆန် ဂရင်းဝုဒ်ကို စိတ်ဝင်စားနေတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ ယူနိုက်တက် ကနေ ဂီတာဖေးဆီ အငှားနဲ့ လာကစားတဲ့ ဂရင်းဝုဒ်က ဒီ ရာသီထဲမှာ ဂီတာဖေး အတွက် လာလီဂါ (၃၃) ပွဲ ကစားပြီး (၈) ဂိုး သွင်း၊ (၆) ဂိုး ဖန်တီးပေးထားပါတယ်။

လက်ရှိ အခြေအနေအရ နှစ်သင်းစလုံးဟာ သူတို့ရဲ့ ကစားသမားတွေကို အနာဂတ် အတွက် မလိုအပ်တော့တာကြောင့် ရှင်းထုတ်သွားဖို့ စီစဉ်နေတာ ဖြစ်လို့ အပြောင်းအရွှေ့ ကလည်း ဖြစ်လာနိုင်တဲ့ အခြေအနေပါ။ ယူနိုက်တက် အနေနဲ့ တချိန်က သူတို့ စိတ်ဝင်စားခဲ့ဖူးသလို အက်တလက်တီကိုမက်ဒရစ်မှာ အဆင်မပြေပေမယ့် ပရီးမီးယားလိဂ် ကို လာရောက် ကစားစဉ်က ခြေစွမ်းပြခဲ့တဲ့ ဖီးလစ်ကို ခေါ်ယူဖို့ မကြာခင် ကြိုးပမ်းလာဖွယ် ရှိပါတယ်။

လက်ရှိမှာ ယာအို ဖီးလစ်ကို ဘာစီလိုနာက အပြီးသတ် မခေါ်ရင်တောင် အငှားသက်တမ်း ထပ်တိုးမြှင့်ဖို ပြင်ဆင်နေပြီး ဂရင်းဝုဒ် ကိုလည်း အက်တလက်တီကိုမက်ဒရစ် ဒေါ့မန် နဲ့ ဂျုဗင်တပ်စ် တို့ကလည်း စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်