နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒီလစ်ဂျ်ကို ခေါ်ယူနိုင်ဖို့ တဖြည်းဖြည်း နီးစပ်လာတဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

countdown banner

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်း ကတော့ နယ်သာလန် ဗဟိုခံစစ်မှူး မားသီးယက်စ် ဒီလစ်ဂျ်ကို ခေါ်ယူနိုင်ဖို့ စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကစားသမား ကိုယ်တိုင် ကလည်း ပရီးမီးယားလိဂ် ထိပ်သီး ကလပ် ယူနိုင်တက်ဆီ ပြောင်းရွှေ့ဖို့ အတွက် တော်တော်လေးကို စိတ်အားထက်သန်နေတယ်လို့ သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။

လက်ရှိ ဘေယန်မြူးနစ် ဗဟိုခံစစ်မှူး ဒီလစ်ဂျ်ဟာ နွေရာသီ အပြောင်းအရွှေ့ ကာလမှာ သူ့ရဲ့ ဆရာဟောင်း အဲရစ်ခ် တန်ဟက်ဂ် ကိုင်တွယ်နေတဲ့ ယူနိုက်တက် ဆီ ပြောင်းရွှေ့ဖို့ အတွက် စိတ်အားထက်သန်နေကြာင်း Sky Sports က အခိုင်အမာ ဖော်ပြလာခဲ့တာ ဖြစ်ပါတယ်။

အသက် (၂၄)နှစ် အရွယ် နယ်သာလန် လက်ရွေးစင် ဗဟိုခံစ စ်ကစားသမား ဒီလစ်ဂျ်ဟာ အေဂျက်စ် အကယ်ဒမီ ကနေ ထွက်ပေါ်လာခဲ့သူ ဖြစ်ပြီး အသက်အရွယ် ငယ်ရွယ်ချိန်မှာတောင် အေဂျက်စ်ရဲ့ အသင်းခေါင်းဆောင် ရာထူး ကိုပါ ရရှိခဲ့သူ ဖြစ်ပါတယ်။ ဒီလစ်ဂျ်ဟာ ဦးဆောင်မှု ကောင်းသူ ဖြစ်ပြီး ကြံခိုင်မှု၊ ဘောလုံးဖြတ်ထုတ်နိုင်မှု၊ အမြင့်ဘော ရှင်းလင်းတာ ကောင်းမွန်မှုနဲ့ ဝင်ရဲ ထွက်ရဲ ရှိမှုတွေကြောင့် ကျော်ကြားတဲ့ ခံစစ်မှူး တစ်ဦး ဖြစ်ပါတယ်။ ဒီလို အေဂျက်စ်နဲ့ အတူ တောက်ပလာခဲ့တဲ့ မားသီးယက်စ် ဒီလစ်ဂျ်ကို ဥရောပ ကလပ် အများစုက တော်တော်များများ စိတ်ဝင်စားခဲ့ပြီး ဂျုဗင်တပ်စ်က လက်ဦးမှု ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း စီးရီးအေ ကလပ်မှာ ၃ ရာသီကြာ ဖြတ်သန်းပြီးနောက် အဆင်မပြေခဲ့တဲ့ ဒီလစ်ဂျ်က ဂျာမန် ကလပ် ဘေယန်မြူးနစ်က ထပ်မံ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ဒီလစ်ဂျ်ဟာ ဘေယန်မြူးနစ်မှာ နည်းပြ အပြောင်းအလဲတွေ အကြား ရုန်းကန်ခဲ့ရပြီး တူချယ် လက်ထက် မှာတော့ ပွဲကစားခွင့် နည်းပါးခဲ့ရပါတယ်။ လက်ရှိ နည်းပြသစ် ဗင်းန်ဆင့် ကွန်ပနီ လက်ထက်မှာလည်း ဘေယန်က စတုဂတ် ခံစစ်မှူး ဟီရိုကီ အီတိုကို ခေါ်ယူထားခဲ့သလို လေဗာကူဆင်က ဂျွန်နသန် တာ့ရ်ကိုလည်း ထပ်မံ ခေါ်ယူဖို့ ရှိတာကြောင့် ဒီလစ်ဂျ်ရဲ့ အနာဂတ်က မသေချာတော့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီလစ်ဂျ် ကိုယ်တိုင် ကလည်း ဆရာဟောင်း ရှိရာ ပရီးမီးယားလိဂ် ကလပ်ဆီ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပြီ ဖြစ်တာကြောင့် မကြာခင် အပြောင်းအရွှေ့ ဖြစ်မြောက်လာဖွယ် ရှိနေပါတယ်။
ဒီလစ်ဂျ် အတွက် ယူရို သန်း ၅၀ ဝန်းကျင် အလိုရှိနေတဲ့ ဘေယန်မြူးနစ်

လက်ရှိ မှာတော့ ဆရာဟောင်း အဲရစ်ခ် တန်ဟက်ဂ်ရှိရာ ပရီးမီးယားလိဂ် ကလပ်က စိတ်ဝင်စားနေခဲ့တာကြောင့် ဒီလစ်ဂျ် တစ်ယောက် မကြာခင်မှာ ဆုံးဖြတ်ချက်ချဖို့ ရှိနေတာ ဖြစ်ပါတယ်။ ယူနိုက်တက် ကလည်း လက်ရှိမှာ ဗာရန်း ထွက်ခွာသွားမှုနဲ့ အတူ လင်ဒီလော့ဖ် ကလည်း ဆက်ရှိဖို့ မသေချာတော့တာကြောင့် ဗဟိုခံစစ်မှူး ၂ ဦး အထိ ခေါ်ယူအားဖြည့်သွားချင်နေတာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အစောပိုင်းမှာ အဲဗာတန် လူငယ် ခံစစ်မှူး ဘရန့်ဝိတ်သ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ပေမယ့် ပြောင်းရွှေ့ကြေး မြင့်မားမှုကြောင့် လက်တွန့်ခဲ့ရပြီး နိစ်က တော်ဒီဘိုကို ခေါ်ယူဖို့ ကလည်း ပိုင်ရှင်တူ ဖြစ်နေလို့ ခေါ်ယူဖို့ ခက်ခဲနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် လိုင်လီက လီနီ ယိုရိုကို စိတ်ဝင်စားနေပေမယ့် ကစားသမား ကတော့ ယူနိုက်တက်ထက် ရီးရဲလ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီကို ပိုမို စိတ်ဝင်စားနေပြီး နောက်ဆုံးမှာတော့ ယူနိုက်တက်က ဒီလစ်ဂျ်ကို ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။

သတင်း ဖော်ပြချက်တွေ အရ ဆိုရင် ဘေယန် ဘက်ကလည်း ဒီလစ်ဂျ်ကို နွေဈေးကွက်ထဲမှာပဲ ရောင်းထုတ်သွားဖို အစီအစဉ် ရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီလစ်ဂျ် ကိုယ်တိုင် ကလည်း ဆရာဟောင်း ရှိရာ ပရီးမီးယားလိဂ် ကလပ်ဆီ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပြီ ဖြစ်တာကြောင့် မကြာခင် အပြောင်းအရွှေ့ ဖြစ်မြောက်လာဖွယ် ရှိနေပါတယ်။

ဒါကြောင့် ကလပ် နှစ်ခု အကြား ဒီလစ်ဂျ် အတွက် ပြောင်းရွှေ့ကြေး အပိုင်းမှာသာ ညှိနှိုင်းဖို့ လိုအပ်ပြီး ဂျာမန် ကလပ် ဘက်ကတော့ အနည်းဆုံး ယူရို သန်း ၅၀ လောက် အထိ အလိုရှိနေတယ်လို့ သိရပါတယ်။ ယူနိုက်တက်က ဒီလစ်ဂျ် အတွက် ယူရို သန်း ၄ဝ+ adds onနဲ့ ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်