နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယာအို ပီဒရိုကို ခေါ်ယူဖို့ အာဆင်နယ်၊ ချဲလ်ဆီး တို့နဲ့ အပြိုင် ကြိုးပမ်းမယ့် လစ်ဗာပူးလ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ကတော့ လာမယ့် နွေရာသီမှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းဖို့ ရှိနေတာ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ လစ်ဗာပူးလ်က ဘရိုက်တန်ရဲ့ ဘရာဇီးလ် တိုက်စစ်မှူး ယာအို ပီဒရိုကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလ ကမှ ဝက်ဖို့ဒ်ကို ပြောင်းရွှေ့လာခဲ့တဲ့ ယာအို ပီဒရိုဟာ ဥရောပ ဘောလုံးနယ်ပယ်မှာ တဖြည်းဖြည်းချင်း တောက်ပလာခဲ့သူ ဖြစ်ပါတယ်။ ယာအို ပီဒရိုက ဝက်ဖို့ဒ်မှာ ၃ ရာသီခွဲ ကစားခဲ့ပြီးချိန် မှာတော့ ဘရိုက်တန်ကို ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် သန်း ၃၀ နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ ဘရိုက်တန် ကစားသမား ဘဝ ပွဲဦးထွက် ရာသီမှာ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ သွင်း ဂိုး ၂ဝ အထိ သွင်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်။

နည်းပြဟောင်း ရော်ဘတ်တို ဒီဇာဘီ လက်ထက်မှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ ယာအို ပီဒရိုက နည်းပြသစ် ဟက်ဇ်လာ လက်ထက် မှာလည်း အသင်းရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်နေခဲ့သူပါ။ အသက် ၂၃ နှစ်သာ ရှိသေးတဲ့ ဘရာဇီးလ် တိုက်စစ်မှူးက နောက်ချန် တိုက်စစ်။ အထောင် တိုက်စစ်နဲ့ ကွင်းလယ် တိုက်စစ် နေရာမှာပါ ကစားနိုင်သူ ဖြစ်ပါတယ်။

လစ်ဗာပူးလ်ရဲ့ လက်ရှိ တိုက်စစ်ပိုင်းမှာ မိုဟာမက် ဆာလာ၊ ဒီယိုဂို ဂျိုတာ၊ လူးဝစ္စ ဒီးယက်ဇ်၊ ဒါဝင် နူညက်ဇ်၊ ကိုဒီ ဂက်ခ်ပို တို့ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒါဝင် နူညက်ဇ်ရဲ့ ခြေစွမ်းပိုင်းက သိပ်ပြီး အားရစရာ အခြေအနေမှာ ရှိမနေခဲ့သလို ဆာလာရဲ့ စာချုပ် အနေအထား ကလည်း လက်ရှိအချိန်ထိ မသေချာသေးတာကြောင့် တိုက်စစ် ကစားသမား တစ်ဦးခန့်လောက် အားဖြည့်သွားချင်နေတာ ဖြစ်ပါတယ်။ လစ်ဗာပူးလ်က ပစ်မှတ်ထားနေတဲ့ တိုက်စစ် ကစားသမားတွေ အထဲ မှာတော့ ဘရိုက်တန် တိုက်စစ် ကစားသမား ယာအို ပက်ဒရိုက သတင်း အထွက်ဆုံး ဖြစ်နေပြီး အရ ခေါ်ယူဖို့ ကြိုးပမ်းဖွယ်လည်း ရှိနေတာ ဖြစ်ပါတယ်။ လက်ရှိမှာ ဖလူမီးနီးစ်နဲ့ ဝက်ဖို့ဒ် ကစားသမားဟောင်း က လက်ရှိ ရာသီမှာ ဘရိုက်တန် အတွက် ၄ ဂိုး သွင်းကာ ၃ ဂိုး ဖန်တီးပေးထားပါတယ်။

ဒီလို နေရာ အစုံမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနေတဲ့ ယာအို ပီဒရို ကိုတော့ ပရီးမီးယားလိဂ် ထိပ်သီး အာဆင်နယ်နဲ့ လစ်ဗာပူးလ် တို့က အပြိုင်အဆိုင် စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ သတင်းတွေ အရ ဆိုရင်တော့ လစ်ဗာပူးလ်က လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့ ဆောင်းဈေးကွက် ဖွင့်တာနဲ့ ယာအို ပီဒရိုကို ခေါ်ယူဖို့ ဘရိုက်တန် အသင်း ဘက်ကို ချိတ်ဆက် ဆွေးနွေးမှုတွေ စတင် လုပ်ဆောင်သွားဖို့လည်း ရှိနေတယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်