လစ်ဗာပူးလ် – ချဲလ်ဆီး
အခုတစ်ပတ် နားရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ် ၂၁ ကို ပုံမှန်အတိုင်း ဆက်လက် ကစားမှာ ဖြစ်ပါတယ်။ ဖလားပွဲတွေ ကြားရက်မှာ ကစားထားရတဲ့ အသင်းတွေ ကတော့ ပွဲပန်းနေမှာ ဖြစ်ပြီး ဒီတပတ်လည်း အကြိတ်အနယ် ရှိမယ့် ပွဲစဉ်တွေ အဖြစ် ရှုစားရဦးမှာပါ။
ဒီတစ်ပတ် စနေနေ့ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ပွဲစဉ် ဖြစ်တဲ့ လစ်ဗာပူးလ်-ချဲလ်ဆီး ပွဲကို ချဉ်းကပ်ကြည့်ရမယ် ဆိုရင်တော့…
လစ်ဗာပူးလ်က ပရီးမီးယားလိဂ်မှာ ဘရိုက်တန်ကို အရေးနိမ့်ခဲ့ပြီးနောက် အက်ဖ်အေဖလားပွဲမှာ ၀ုဗ်ကို ပြန်လည် အနိုင်ယူခဲ့ပါတယ်။ ချဲလ်ဆီး ကလည်း ပရီးမီးယားလိဂ်မှာ နိုင်ပွဲ ပြန်ရခဲ့လို့ နှစ်သင်းစလုံး ဖိအားတွေ အောက်ကနေ အတန်အသင့် ရုန်းထွက်ထားနိုင်ပါတယ်။ ခြေစွမ်းပိုင်းအရတော့ ယာဂင် ကလော့ပ်ရဲ့ အသင်းရော၊ ဂရေဟမ် ပေါ်တာရဲ့ အသင်းရော အားရစရာ လုံးဝ မရှိသေးတဲ့ အပြင် ပြင်ဆင် ဖာထေးရမှာတွေ များစွာ ရှိနေပါသေးတယ်။
အသင်းကြီး နှစ်သင်း ဖြစ်ပေပမယ့် ဒီရာသီမှာ ခြေစွမ်း ကျဆင်းနေကျလို့ အရမ်းကြီး မြိုင်ဆိုင်တဲ့ ပွဲကောင်း တစ်ပွဲ အဖြစ်တော့ မြင်တွေ့ရဦးမှာ မဟုတ်ပါဘူး။
လက်တလော မှာလည်း နှစ်သင်းစလုံး ဒဏ်ရာရ ကစားသမားတွေ ကိုယ်စီ ရှိနေကြပြီး အကောင်းဆုံး လူစာရင်းတွေနဲ့ ပွဲထွက်နိုင်ဦးမယ့် အခြေအနေမှာတော့ ရှိမနေပါဘူး။ ချဲလ်ဆီးမှာ ယာအို ဖီးလစ် ပွဲပယ်ခံထားရပြီး ယူရို သန်း ၁၀၀ တန် မီခိုင်လို မူဒရစ်ခ် ကိုလည်း အရန်လူစာရင်းမှာပဲ ထည့်သွင်းလာဖို့တော့ ရှိပါတယ်။ လစ်ဗာပူးလ် ကတော့ ဂက်ခ်ပိုကို စတင်အသုံးပြုနေပေမယ့် ပရီးမီးယားလိဂ်နဲ့ အသားကျဖို့ ကြိုးစားနေရဆဲ ဖြစ်ပေမယ့် ကလော့ပ် အနေနဲ့ ပထမ ပွဲထွက် ကစားသမား အဖြစ် အသုံးပြုလာနိုင်ပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
လစ်ဗာပူးလ် – အယ်လစ်ဆန်၊ အာနိးလ်၊ မာတစ်၊ ကိုနာတေး၊ ရောဘတ်ဆန်၊ ဟန်ဒါဆန်၊ ဖာဘင်ဟို၊ သီယာဂို၊ ဆာလာ၊ နူနက်ဇ်၊ ဂက်ခ်ပို
ချဲလ်ဆီး – ကီပါ၊ ချာလိုဘက်၊ သီယာဂိုဆေးလ်ဗား၊ ဘာဒီယာရှီလီ၊ ဟေးလ်၊ ဂျော်ဂျင်ဟို၊ ဂယ်လန်ဂါ၊ မေဆန်မောင့်၊ ချူ၀ူမီကာ၊ ဇီယက်ချ်၊ ကိုင်ဟာဗက်ဇ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
သူတို့ နှစ်သင်း နောက်ဆုံး တွေ့ခဲ့တဲ့ အမှတ်ပေးပွဲ ၅ ပွဲမှာ လစ်ဗာပူးလ်က ၂ ပွဲ နိုင်၊ ချဲလ်ဆီးက ၁ ပွဲ နိုင်ပြီး ၂ ပွဲ သရေကျခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီ ကတော့ အိမ်ကွင်းရော အဝေးကွင်းရော သရေတွေ ကျခဲ့ပါတယ်။ နောက်ဆုံး ၅ ပွဲ ရလဒ်မှာတော့ လစ်ဗာပူးလ် တို့ ၃ ပွဲ နိုင်၊ ၂ ပွဲ ရှုံးပြီး နောက်ဆုံး အမှတ်ပေးပွဲ ၂ ပွဲ ဆက်တိုက် တစ်ပွဲကို ၃ ဂိုး ပေးပြီး အရေးနိမ့်ခဲ့ပါတယ်။ ချဲလ်ဆီးက ၂ ပွဲ နိုင်ခဲ့ပြီး ၂ ပွဲရှုံးကာ ၁ပွဲ သရေကျခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
1X2 မှာတော့ လစ်ဗာပူးလ် နိုင်ရင် ၁.၇၃ ဆ၊ ချဲလ်ဆီး နိုင်ရင် ၄.၅ ဆ အထိရမှာပါ။ Handicap မှာ လစ်ဗာပူးလ်က သရေ အရှုံးပေးထားပြီး ဂိုးပေါင်း ကတော့ ၂ လုံး အရှုံး/ ၃လုံး သရေ ဖြစ်နေပါတယ်။ လက်ရှိမှာ ၂ သင်း စလုံးက အမှတ်လိုနေကြလို့ အနိုင်ကစားဖို့ အားထည့်လာမှာ ဖြစ်ပေမယ့် တိုက်စစ်ပိုင်းအရ လစ်ဗာပူးလ်က နည်းနည်းသာပါတယ်။ အိမ်ကွင်းမှာ ကစားရမှာလည်း ဖြစ်လို့ လစ်ဗာပူးလ် ကိုပဲ ရွေးချယ်ချင်ပါတယ်။
ခန့်မှန်းရလဒ်
လစ်ဗာပူးလ် ၁-၀ ချဲလ်ဆီး
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.