နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အာနိုးလ်ကို စာချုပ်သစ် ချုပ်ဖို့ ကြန့်ကြာနေတဲ့ လစ်ဗာပူးလ် | ပရီးမီးယားလိဂ်

အာဆင်နယ် ဂန္ထဝင် အီယန် ရိုက်နဲ့ ယူနိုက်တက် ဂန္ထဝင် ရွိင် ကင်းန် တို့က ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် အနေနဲ့ အာနိုးလ်ကို စာချုပ်သစ် ချုပ်ဆိုဖို့ မလုပ်ဆောင်နိုင်သေးတဲ့ အခြေအနေကို ဝေဖန်မှုတွေ ပြုလုပ်လာခဲ့ကြပါတယ်။ အာနိုးလ် ကိုတော့ လာလီဂါ ထိပ်သီး ကလပ် ရီးရဲလ်မက်ဒရစ်က ခေါ်ယူဖို့ ပစ်မှတ်ထားနေခဲ့တာ ဖြစ်ပြီးတော့ လစ်ဗာပူးလ် ဘက်ကလည်း သူတို့ရဲ့ ကစားသမားကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

လက်ရှိမှာ အသက် ၂၆ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အာနိုးလ်က လစ်ဗာပူးလ် အကယ်ဒမီထွက် ကစားသမား တစ်ဦး ဖြစ်ပြီးတော့ ပရိုကစားသမားဘဝ တစ်လျှောက်လုံး လစ်ဗာပူးလ် တစ်သင်းတည်းမှာသာ ကစားနေခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်နဲ့ ချုပ်ဆိုထားတဲ့ အာနိုးလ်ရဲ့ လက်ရှိ စာချုပ် သက်တမ်းက လာမယ့် ရာသီအကုန်မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ ဒါကြောင့် အာနိုးလ် အနေနဲ့ လာမယ့် ဇန်နဝါရီလမှ စတင်ကာ ပြည်ပ ကလပ် အသင်းတွေနဲ့ အပြောင်းအရွှေ့ ကိစ္စရပ်တွေ အတွက် တရားဝင် ဆွေးနွေးနိုင်မှာလည်း ဖြစ်ပါတယ်။ ဒီအခြေအနေကို စပိန်ထိပ်သီး ရီးရဲလ်မက်ဒရစ်က အာနိုးလ်ကို ခေါ်ယူဖို့ ဆန္ဒပြင်းပြနေပြီး လာမည့် ဇန်နဝါရီမှာ ကြိုတင် သဘောတူညီမှု ရယူဖို့ ပြင်ဆင်နေကြောင်း စပိန်မီဒီယာတွေက ဖော်ပြလျက် ရှိနေပါတယ်။

အာနိုးလ် ကတော့ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်နဲ့ အတူ ၂၀၁၆ ခုနှစ်မှာ ပရိုကစားသမားဘဝကို စတင်ခဲ့သူ ဖြစ်ပြီးတော့ ပြိုင်ပွဲစုံ ၃၁၉ ပွဲ ကစားထားသလို အသင်းနဲ့ အတူ ဆုဖလား အားလုံး နီးပါးကို ရရှိထားသူပါ။
လစ်ဗာပူးလ်နဲ့ ပြိုင်ပွဲစုံ ၃၁၉ ပွဲ ကစားထားတဲ့ အာနိုးလ်

အာနိုးလ် ကတော့ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်နဲ့ အတူ ၂၀၁၆ ခုနှစ်မှာ ပရိုကစားသမားဘဝကို စတင်ခဲ့သူ ဖြစ်ပြီးတော့ ပြိုင်ပွဲစုံ ၃၁၉ ပွဲ ကစားထားသလို အသင်းနဲ့ အတူ ဆုဖလား အားလုံး နီးပါးကို ရရှိထားသူပါ။ အာနိုးလ်က နည်းပြဟောင်း ယာဂန် ကလော့ပ် လက်ထက် ကတည်းက လစ်ဗာပူးလ် အသင်းရဲ့ အဓိက ကစားသမား ဖြစ်လာခဲ့ပြီးတော့ လက်ရှိ နည်းပြ အာနေး ဆလော့တ် လက်ထက်မှာလည်း အဓိက ကစားသမား အဖြစ် ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။ ဒါကြောင့် အီယန်ရိုက်နဲ့ ရွိင်းကင်းန် တို့က အာနိုးလ်ကို အခုလို အခြေအနေမျိုး ရောက်အောင်ထားခဲ့တဲ့ လစ်ဗာပူးလ် အသင်းကို ပြစ်တင် ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

အီယန် ရိုက်က “ဇန်နဝါရီမှာ ဘာမဆို ဖြစ်နိုင်ပါတယ်။ ဒီရာသီမှာ အာနိုးလ် လုပ်ပြနေတာတွေက အရမ်း ကောင်းပါတယ်။ အာနိုးလ်ဟာ လစ်ဗာပူးလ်နဲ့ အတူ ဆုဖလားအားလုံး ရထားတာပါ။ အဲဒီလို ကစားသမားမျိုးကို စာချုပ် နောက်ဆုံးနှစ် ရောက်အောင် ထား,ထားတဲ့ လစ်ဗာပူးလ်နဲ့ FSG ရဲ့ လုပ်ရပ်က ရူးသွပ်ရာကျပါတယ်။” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက် ဂန္ထဝင် ရွိင်း ကင်းန် ကလည်း “အခု အာနိုးလ်က အရာအားလုံးကို ဆုံးဖြတ်ခွင့် ရှိနေပါတယ်။ လစ်ဗာပူးလ် အနေနဲ့ သူ့ကို စာချုပ်သစ်ချုပ်ဆိုဖို့ အတွက် အစွမ်းကုန် ကြိုးစားရတော့မှာပါ။ ဒီလိုမှ မဟုတ်ဘူး ဆိုရင်တော့ လစ်ဗာပူးလ် ကနေ သူ ထွက်သွားပါလိမ့်မယ်။ ရီးရဲလ်မက်ဒရစ်က သူ့ အတွက် ရွေးချယ်လို့ ကောင်းတဲ့ အခွင့်အရေး တစ်ခုပါပဲ။” လို့ သုံးသပ်သွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်