နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တန်းဆင်းပြီးပြီးချင်းမှာပဲ နောက်ရာသီ အတွက် ပြင်ဆင်မှုတွေ စတင် ပြုလုပ်ဖို့ စိတ်အားထက်သန်နေတဲ့ ကွန်ပနီ | ပရီးမီးယားလိဂ်

ဘန်လေဟာ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ တော့တင်ဟမ်ဟော့စပါးကို ဗန်ဒီဗန်ရဲ့ နောက်ကျဂိုးနဲ့ အရေးနိမ့်ခဲ့ပြီးနောက် တန်းဆင်းရဖို့ သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။ ဘန်လေဟာ ဒီပွဲကို မဖြစ်မနေ အနိုင်ရဖို့ လိုအပ်ခဲ့ပေမယ့် ဥရောပ ဝင်ခွင့် တစ်နေရာ အတွက် အားစိုက်နေတဲ့ စပါးရဲ့ ရုန်းအားကြောင့် ရှုံးနိမ့်ခဲ့ရတာလည်း ဖြစ်ပါတယ်။

ဗင်းန်ဆင့် ကွန်ပနီရဲ့ အသင်းဟာ အစောပိုင်းမှာ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် စပါး အတွက် ပေါ်ရိုနဲ့ ဗန်ဒီဗန် တို့က ချေပဂိုးတွေ သွင်းယူပေးခဲ့တာကြောင့် ၂-၁ ရလဒ်နဲ့ အရေးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဘန်လေက လက်ကျန် ပွဲစဉ် ၁ ပွဲပဲ ကစားဖို့ ကျန်တော့ချိန်မှာ အဆင့် ၁၇ နေရာက အသင်းနဲ့ ၅ မှတ် ပြတ်သွားခဲ့ပြီး လာမယ့် ရာသီ ချန်ပီယံရှစ်မှာ ကစားရဖို့ သေချာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကွန်ပနီ အနေနဲ့ တန်းဆင်းခဲ့ရပြီးနောက် ချက်ချင်းပဲ လာမယ့် ရာသီ အတွက် ပြင်ဆင်မှုတွေ စတင်လုပ်ဆောင်ဖို့ ကြိုးပမ်းနေပြီလို့ သိရပါတယ်။ ဘန်လေဟာ ၂၀၂၁/၂၂ မှာ ပရီးမီးယားလိဂ် အဆင့် ၁၈ နေရာသာ ရခဲ့လို့ တန်းဆင်းခဲ့ရပေမယ့် တစ်ရာသီ အကြာမှာပဲ ချန်ပီယံရှစ် ချန်ပီယံ အဖြစ်နဲ့   ပရီးမီးယားလိဂ် ကို တကျော့ပြန် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီရာသီ   ပရီးမီးယားလိဂ် မှာလည်း ကွန်ပနီရဲ့ အသင်းက ရုန်းကန်ခဲ့ရပြီး ၃၇ ပွဲ ကစားပြီးချိန်မှာ ၅ ပွဲနိုင်၊ ၉ ပွဲ သရေ၊ ၂၃ ပွဲ ရှုံးပြီး ချန်ပီယံရှစ်ဆီ ပြန်သွားခဲ့ရတာပါ။

ကွန်ပနီက စပါးနဲ့ ပွဲပြီး BBC Sport နဲ့ အင်တာဗျူးမှာ အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ “ဒီနေ့ ပရီးမီးယားလိဂ် ပြီးသွားပေမယ့် မနက်ဖြန်မှာတော့ ပရီးမီးယားလိဂ်ကို ပြန်လည် တက်လှမ်းနိုင်ဖို့ တတ်နိုင်သမျှ ကြိုးစားနေတဲ့ နေ့တစ်နေ့ကို စတင်မှာပါ။”

“ကလပ်ကို မျိုးဆက်ပေါင်းများစွာ ကျောထောက် နောက်ခံပေးလာခဲ့တဲ့သူတွေ၊ အလုပ် ကြိုးစားကြတဲ့ ကစားသမားတွေ၊ ဝန်ထမ်းတွေနဲ့ ပရိသတ်တွေရဲ့ ရှိနေတာ၊ ဝန်းရံခံရတာက အရမ်းကို ကံကောင်းပါတယ်။ အဲဒါက ကျွန်တော်တို့ အပတ်စဉ် အပတ်တိုင်း ကြိုးစားနိုင်အောင် တွန်းအားပေးပါတယ်။ ဒီရာသီမှာ တခြား အသင်းတွေ ကစားသလိုမျိုး နည်းနည်းတော့ ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အဆုံးသတ်ပိုင်းတွေ အားနည်းခဲ့ပါတယ်။

“ကျွန်တော် ဒီမှာ ဝမ်းနည်းပြီး ရူးကြောင်ကြောင် ဖြစ်နေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ပွဲစဉ်တိုင်း၊ ရာသီတိုင်း ကနေ အတွေ့အကြုံတွေ ယူရပါမယ်။ ဒါက ပြိုင်ပွဲထဲ ပြန်ရောက်ဖို့ အတွက်က လိုအပ်တဲ့ ခြေလှမ်းတစ်ခုပါ။”

စပါးဟာ ပရီးမီးယားလိဂ်  နောက်ဆုံး ၄ ပွဲဆက် ရှုံးထားပေမယ့် ဗန်ဒီဗန်ရဲ့ အရေးပါတဲ့ နောက်ကျဂိုးကြောင့် ရလဒ်ဆိုးတွေ အောက်ကနေ ရုန်းထွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ စပါးက အက်စတွန်ဗီလာနဲ့ ပွဲတူ သွားပြီး ၄ မှတ် ပြတ်နေဆဲ ဖြစ်ပါတယ်။ လက်ကျန် ပွဲစဉ် ၂ ပွဲမှာ အက်စတွန်ဗီလာက ၂ မှတ် ရရင်တောင် ဂိုးကွာခြားချက် အရ စပါးက ချန်ပီယံလိဂ် ဝင်ခွင့် လွဲချော်မှာ ဖြစ်ပါတယ်။   အကယ်၍ အက်စတွန်ဗီလာက လက်ကျန် ပွဲစဉ် ၂ ပွဲ ရှုံးပြီး စပါးက နှစ်ပွဲစလုံး နိုင်ခဲ့ရင်တော့ စပါးတို့ ချန်ပီယံလိဂ် ဝင်ခွင့်ရမှာပါ။  စပါးဟာ လက်ကျန် နှစ်ပွဲမှာ မန်စီးတီး၊ ရှက်ဖီးလ်ယူနိုက်တက် တို့နဲ့ ကစားဖို့ ကျန်ရှိနေပြီး ဗီလာ ကတော့ လစ်ဗာပူးလ်၊ ပဲလေ့စ် တို့နဲ့ ကျန်ရှိနေလို့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ စပါး နည်းပြ ပိုစတီကိုဂလူးက “ကျွန်တော်တို့ ဒီနေ့ လုံလောက်တဲ့ လွှမ်းမိုးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။ သူတို့ရဲ့ ဂိုးသမားဟာ ဒီနေ့မှာ ထူးချွန်ခဲ့ပြီး ကျွန်တော်တို့လည်း လုံလောက်တဲ့ အခွင့်အရေးတွေ ရခဲ့ပါတယ်။ လေးပွဲ ဆက်တိုက် ရှုံးတဲ့အခါ အမြဲတမ်း ခက်ခဲပါတယ်၊ စိုးရိမ်စိတ် နည်းနည်းနဲ့ ဖိစီးမှု နည်းနည်းတော့ ရှိမှာ သဘာဝပါပဲ။ ကျွန်တော်တို့ ပွဲကို ကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့ပြီး လိုချင်တဲ့ ရလဒ်နဲ့ ပြီးဆုံးခဲ့တယ်လို့ ထင်ပါတယ်။ ပိုပြီး သက်တောင့် သက်သာ ရှိတဲ့ နိုင်ပွဲ တစ်ခု ဖြစ်သင့်တာပါ။ ဒါပေမယ့် အရေးကြီးဆုံး ကတော့ ကျွန်တော်တို့ ပွဲကို အနိုင်ရခဲ့တာပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်