နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တန်ဟက်ဂ်ရဲ့ လုပ်ရပ်ကို ထောက်ပြ ဝေဖန်သွားတဲ့ ကလော့ပ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ကနေ ထွက်ခွာသွားတဲ့ ယာဂင် ကလော့ပ်က မန်ချက်စတာယူနိုက်တက် နည်းပြ တန်ဟက်ဂ်ရဲ့ လုပ်ရပ်ကို ထောက်ပြ ဝေဖန်သွားခဲ့ပါတယ်။ ကလော့ပ်က အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ လစ်ဗာပူးလ်နဲ့ နောက်ဆုံး နှုတ်ဆက်ပွဲ၊ အမေးအမြန်း ကဏ္ဉမှာ အခုလိုပဲ မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ်ရဲ့ လုပ်ရပ်ကို ရည်ညွှန်း ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

ကလော့ပ်က “ကစားသမား တစ်ယောက်ကို တစ်ကမ္ဘာလုံးက ယုံကြည်မှုတွေ စိတ်ချမှုတွေ ပျက်ပြယ်သွားခဲ့ရင်တောင်မှ သူ့ရဲ့ မန်နေဂျာ ကတော့ အဲဒီ ကစားသမားရဲ့ နောက်မှာ အပြည့်အဝ ရပ်တည်ပေးဖို့ လိုအပ်ပါတယ်။ ဒီကစားသမား ကတော့ သုံးမရပါဘူးကွာ ဆိုတဲ့ ခပ်လွယ်လွယ် တွေးပြီး သတ်မှတ်ကြတဲ့ ကလပ်တွေကို ကျွန်တော်ဖြင့် ဘယ်လိုမှကိ နားလည်ပေးလို့ မရပါဘူး။ ကစားသမား တစ်ယောက်ကို ပေါင် သန်း ၈၀ လောက်သုံးခေါ်တယ်။ ပြီးတော့မှ အငှား ပြန်ထုတ်တာ မျိုးတွေပေါ့။” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ မန်ချက်စတာယူနိုက်တက်က ဈေးကြီးပေး ခေါ်ယူခဲ့တဲ့ အင်္ဂလန် တောင်ပံ တိုက်စစ်ကစားသမား ဂျေဒန် ဆန်ချိုနဲ့ တန်ဟက်ဂ်ရဲ့ လုပ်ရပ်ကို ရည်ညွှန်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဂျေဒန် ဆန်ချိုကို ၂၀၂၁ ခုနှစ်မှာ ဒေါ့မန် ကနေ ပေါင် ၇၃ သန်းနဲ့ ခေါ်ယူခဲ့ပြီးတော့ တန်ဟက်ဂ် လက်ထက် မှာတော့ အဆင်မပြေမှုတွေ ရှိခဲ့တာပါ။ ဒါကြောင့် ယူနိုက်တက်က ဆန်ချိုကို အသင်းဟောင်း ဒေါ့မန်ထံ အငှားနဲ့ ပြန်လည် စေလွှတ်ခဲ့ရပါတယ်။ ဆန်ချိုကို ယူနိုက်တက်တို့ မခေါ်ယူခင်က ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ကလည်း လိုချင်ခဲ့သေးတာ ဖြစ်ပါတယ်။

ဆန်ချိုကို ယူနိုက်တက်တို့ မခေါ်ယူခင်က ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ကလည်း လိုချင်ခဲ့သေးတာ ဖြစ်ပါတယ်။
ဒေါ့မန်မှာ ခြေစွမ်းကောင်းတွေ ပြန်ရနေတဲ့ ဂျေဒန် ဆန်ချို

ဆန်ချိုဟာ ယူနိုက်တက်ကို စတင် ရောက်ရှိချိန်မှာ ပုံစံကောင်း ပျောက်ဆုံးနေတာ ဖြစ်ပြီး နည်းပြ အဲရစ်ခ် တန်ဟက်ဂ်က လေ့ကျင့်ရေးကွင်းမှာ ဆန်ချို အနေနဲ့ အပြည့်အဝ အားမစိုက်ဘူးလို့ ယူဆတာကြောင့် ပွဲထွက်ကစားသမား အဖြစ် အသုံးမပြုခဲ့ပါဘူး။ ဒါကြောင့် အချိန်ကြာလာတဲ့ အခါမှာတော့ ဆန်ချိုနဲ့ သဘောနဲ့ ကွဲလွဲပြီး အသင်း ပြောင်းစေခဲ့တာ ဖြစ်ပါတယ်။ ဆန်ချိုဟာ ယူနိုက်တက်မှာ ရုန်းကန်ခဲ့ရပေမယ့် အသင်းဟောင်း ဒေါ့မန် မှာတော့ တဖန် ပြန်လည် ခြေစွမ်းပြနိုင်ခဲ့ပြီး စိတ်သစ်လူသစ်နဲ့လည်း မြင်တွေ့နေရပါတယ်။

ဒီအင်္ဂလန် ကစားသမားဟာ သူ ၅ ရာသီကြာ ဖြတ်သန်းခဲ့ဖူးတဲ့ ဘွန်ဒက်စ်လီဂါ ကလပ်ကို ပြန်လည် ရောက်ရှိချိန်မှာ ပွဲပေါင်း ၂၀ ပါဝင် ကစားပေးထားပြီး ၃ ဂိုးသွင်းကာ ၂ ဂိုး ဖန်တီးပေးထားပါတယ်။ ဒေါ့မန်တို့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်လှမ်းနိုင်ရေး အတွက် အဓိက ပံ့ပိုးပေးခဲ့တဲ့ ကစားသမားလည်း ဖြစ်ခဲ့ပြီး အခုဆိုရင်တော့ အောင်မြင်မှုကြီး တစ်ခုနဲ့ လက်တကမ်း အကွာကို ရောက်ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

၂၀၀၀ ခုနှစ်ဖွား အသက် ၂၄ နှစ် အရွယ် ဆန်ချိုဟာ ယူနိုက်တက်မှာ ၂ ရာသီခွဲလောက် အတွင်း ၈၂ ပွဲ ပါဝင်ကစားရာမှာ ၁၂ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ၂၀၁၇ ကနေ ၂၀၂၁ ခုနှစ် အထိ ဖြတ်သန်းခဲ့တဲ့ ဒေါ့မန် မှာတော့ ၁၃၇ ပွဲ ကစားရာမှာ ဂိုး ၅၀ သွင်းခဲ့သလို ဂိုးဖန်တီးမှုလည်း ၅၇ ကြိမ် အထိ ပြုလုပ်ခဲ့သူ ဖြစ်ပါတယ်။ လက်ရှိမှာ ဆန်ချို အနေနဲ့ ဒေါ့မန်နဲ့ ၆လ အငှား စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ ပရီးမီးယားလိဂ် ကလပ်ဆီ ပြန်ဖို့ စိတ်ကူးမရှိဘူးလို့ သိရပါတယ်။ ဒေါ့မန် ကလည်း သူတို့ရဲ့ ကစားသမားဟောင်းကို အပြီးသတ် ပြန်ခေါ်ယူဖို့ စီစဉ်နေပြီး ယူနိုက်တက်ရဲ့ အပယ်ခံ မေဆန် ဂရင်းဝုဒ်ကိုပါ အငှားနဲ့ ခေါ်ယူဖို့ ကြိုးပမ်းသွားဖွယ် ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်