နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လစ်ဗာပူးလ်ထက် ယူနိုက်တက်ကို ပိုမိုပြောင်းရွှေ့လိုနေတယ်လို့ သတင်းကြီးနေတဲ့ ကာကက်ဇ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်နဲ့ လစ်ဗာပူးလ် တို့ကတော့ ဘယ်ခြမ်း ခံစစ်ကို အင်အား ဖြည့်တင်းဖို့ ရည်ရွယ်နေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ အသင်းရဲ့ ဘယ်ခြမ်း ခံစစ်ပိုင်း အတွက် ဘုန်းမောက်က မီလို့စ် ကာကက်ဇ်ကို အပြိုင်အဆိုင် ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ကာကက်ဇ် ကိုယ်တိုင် ကတော့ ယူနိုက်တက် ဆီကို ပြောင်းရွှေ့ဖို့သာ စိတ်အားထက်သန်နေကြောင်း သတင်းတွေက ဖော်ပြနေပါတယ်။

နှစ်သင်းစလုံးက ဘယ်ခြမ်း ခံစစ် အတွက် ကစားသမားသစ် ခေါ်ယူ အားဖြည့်ဖို့ စီစဉ်ထားခဲ့ကြ ပြီးတော့ ပရီးမီးယားလိဂ် ဘယ်နောက်ခံလူတွေ အပြင် ဥရောပ ထိပ်တန်း ဘယ်နောက်ခံလူတွေ ကိုပါ ချိန်ရွယ်နေကြတာ ဖြစ်ပါတယ်။ အဲဒီအထဲ မှာတော့ အသက် ၂၁ နှစ် အရွယ်သာ ရှိနေသေးတဲ့ ဘုန်းမောက် ဘယ်နောက်ခံလူ ကာကက်ဇ်လည်း ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။ ကကက်ဇ်ဟာ နယ်သာလန် ကလပ် အေဇက်ခ် အယ်လ်ခမာ ကနေ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ဘုန်းမောက်ကို ရောက်ရှိချိန်ကတည်းက စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်ပါတယ်။ ဒါကြောင့် ကာကက်ဇ်က အချိန်တို အတွင်း မှာပဲ ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်လာခဲ့တာပါ။

သတင်းတွေ အရ ဆိုရင်တော့ ကာကက်ဇ်ကို ယူနိုက်တက်နဲ့ လစ်ဗာပူးလ် အပြင် ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တိုင်းက အလိုရှိနေကြတယ်လို့ သိရပါတယ်။
လာမယ့် နွေရာသီမှာ အသင်းကြီး တစ်သင်းထံ ပြောင်းရွှေ့ဖို့ ရှိနေတဲ့ ကာကက်ဇ်

သတင်းတွေ အရ ဆိုရင်တော့ ကာကက်ဇ်ကို ယူနိုက်တက်နဲ့ လစ်ဗာပူးလ် အပြင် ပရီးမီးယားလိဂ် ထိပ်တန်း ကလပ်တိုင်းက အလိုရှိနေကြတယ်လို့ သိရပါတယ်။ ဘုန်းမောက် ကတော့ သူတို့ အသင်း အတွက် ခြေစွမ်းပြနေတဲ့ ကာကက်ဇ်ကို အလွယ်တကူ လက်လွှတ်လိုခြင်း မရှိပေမယ့်လည်း ထိုက်တန်တဲ့ ပြောင်းရွှေ့ကြေး ရရှိရင်တော့ ရောင်းထုတ်သွားဖွယ် ရှိနေပါတယ်။ ဒါကြောင့် ကာကက်ဇ် အနေနဲ့ ဇန်နဝါရီ မဟုတ်ရင်တောင် လာမယ့် နွေရာသီ အပြောင်းအရွှေ့ ရောက်ရင် အသင်းကြီး တစ်သင်းဆီ ကျိန်းသေပေါက် ပြောင်းရွှေ့သွားဖွယ် ရှိနေပါတယ်။

အခုလော‌လောဆယ် မှာတော့ ကာကက်ဇ်ကို လစ်ဗာပူးလ်ထက် ပိုပြီး ယူနိုက်တက်က စောင့်ကြည့်နေသလို လက်ဦးမှု ရယူ ခေါ်ယူသွားနိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ကာကက်ဇ်ဟာ သူရဲ့ မိသားစုဝင်တွေ ကနေ တဆင့် ယူနိုက်တက်နဲ့ ပုဂ္ဂိုလ်ရေး အရ ချိတ်ဆက်မှုတွေပါ ရှိထားပြီး ဖြစ်ကြောင်း နာမည်ကျော် သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဖော်ပြထားပါတယ်။ ဒါ့အပြင် ကာကက်ဇ်က သူရဲ့ အင်စတာဂရမ်မှာ ကက်စ်မဲရိုးရဲ့ ဂျာစီ ပါဝင်တဲ့ ဓာတ်ပုံကို တင်ထားတာကြောင့် အများစုက ယူနိုက်တက် ကစားသမားသစ် ဖြစ်လာနိုင်ဖွယ် ရှိကြောင်း ထင်ကြေးပေး သုံးသပ်နေကြပါတယ်။

ယူနိုက်တက်ဟာ မကြာခဏ ဆိုသလို ဒဏ်ရာကြောင့် အနားယူနေရတဲ့ လုခ် ရှောနဲ့ တိုင်ရဲလ် မလာစီယာ တို့ရဲ့ ဘယ်ခြမ်း ခံစစ်နေရာကို ပြင်ဆင်ဖို့ ကြိုးစားနေတာ ကြာခဲ့ပါပြီ။ ယူနိုက်တက်ရဲ့ ဘယ်ခြမ်း ခံစစ် အတွက် ပစ်မှတ် ကစားသမားတွေထဲမှာ ဘေယန်မြူးနစ်က အဲလ်ဖွန်ဆို ဒေးဗီးစ် လို ကစားသမားတောင် ပါဝင်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒေးဗီးစ်ဟာ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့သာ စိတ်အားထက်သန်နေတာကြောင့် ယူနိုက်တက်တို့ ကြားဖြတ် ခေါ်ယူဖို့ ကြိုးစားရာမှာ အခက်အခဲ ရှိလာနိုင်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်