နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Olympics 2024 Daily Missions July to August – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အမေရိကန် လက်ရွေးစင် အသင်း နည်းပြ ရာထူးကို ပယ်ချသွားတဲ့ ကလော့ပ် | ပရီးမီးယားလိဂ်

အမေရိကန် ဘောလုံးအဖွဲချုပ် ကတော့ သူတို့ရဲ့ အသင်း နည်းပြ ရာထူး အတွက် ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်ရဲ့ နည်းပြဟောင်း ယာဂင် ကလော့ပ်ကို ကမ်းလှမ်းထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကလော့ပ် ကတော့ အမေရိကန် ဘောလုံး အဖွဲ့ချုပ်ရဲ့ ကမ်းလှမ်းချက်ကို ချက်ချင်းဆိုသလိုပဲ ငြင်းဆန် ပယ်ချလိုက်တယ်လို့ သိရပါတယ်။

အသက် ၅၇ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဂျာမန် လူမျိုး ဂန္တဝင် ဘောလုံးနည်းပြကြီး ယာဂင် ကလော့ပ်ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်ကို ကိုင်တွယ်ခဲ့ပါတယ်။ ကလော့ပ်က လစ်ဗာပူးလ် အတွက် ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ ကလပ်ကမ္ဘာ့ဖလား၊ အက်ဖ်အေဖလား၊ ခရာဘောင်ဖလား တို့ကို ရယူပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ယာဂင် ကလော့ပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၃-၂ဝ၂၄ ဘောလုံးရာသီ အကုန်မှာပဲ လစ်ဗာပူးလ်နဲ့ တရားဝင် လမ်းခွဲခဲ့ပြီး လက်ရှိမှာတော့ အသင်း လက်မဲ့ ဖြစ်နေသူပါ။ လက်တလော မှာတော့ အသင်း မရှိသေးတဲ့ ကလော့ပ်ကို နည်းပြ အဖြစ် ခန့်အပ်ဖို့ အတွက် ပစ်မှတ်ထားနေကြပြီး ဒီအထဲမှာတော့ အမေရိကန် လက်ရွေးစင် အသင်းလည်း အပါအဝင် ဖြစ်ပါတယ်။

အမေရိကန် လက်ရွေးစင် အသင်း ကတော့ လက်ရှိ ကျင်းပနေတဲ့ ကိုပါအမေရိက ၂၀၂၄ ကို အိမ်ရှင် အဖြစ် လက်ခံ ကျင်းပနေတာ ဖြစ်ပါတယ်။ ဒီအသင်းဟာ တောင်အမေရိက ထိပ်သီး ဥရုဂွေး၊ ပနားမား ဘိုလစ်ဗီးယား တိုနဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး အုပ်စု အဖွင့်ပွဲမှာ ဘိုလစ်ဗီးယားကို အနိုင်ရခဲ့ပေမယ့် ဒုတိယပွဲမှာ ပနားမားနဲ့ ဥရုဂွေး တိုကို ရှုံးနိမ့်ခဲ့ပြီး အုပ်စုအဆင့်နဲ့ပဲ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ ဒီလို ရလဒ်တွေ ဆိုးရွားခဲ့တာကြောင့် အမေရိကန် ဘောလုံးအဖွဲချုပ် ဘက်က အသင်း နည်းပြ ဘာဟယ်လ်တာကို နည်းပြ ရာထူး ကနေ ထုတ်ပယ်လိုက်ပါတယ်။ နည်းပြသစ် တစ်ဦး ကိုပါ ရှာဖွေနေသလို လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ လီဗာပူးလ် နည်းပြဟောင်းကြီး ယာဂန် ကလော့ပ်ကို ချိတ်ဆက်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကလော့ပ် ကတော့ အမေရိကန် ဘောလုံးအဖွဲချုပ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်သွားခဲ့ပြီး အဓိက ကတော့ ဘောလုံးလောက ကနေ ခေတ္တ အနားယူချင်တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

အသက် ၅၇ နှစ် ရှိပြီ ဖြစ်တဲ့ ဂျာမနီ လူမျိုး နည်းပြ ကလော့ပ်ဟာ မိန့်ဇ် အသင်းနဲ့ အတူ နည်းပြ ဘဝကို စတင်ခဲ့ပြီးနောက် ဒေါ့မန်နဲ့ အတူ လူသိများ ကျော်ကြားလာခဲ့သူ ဖြစ်ပါတယ်။ ကလော့ပ်ဟာ ဒေါ့မန် ကိုတော့ ၂၀၀၈ ခုနှစ် ကနေ ၂၀၁၅ ခုနှစ် အထိ ကိုင်တွယ်ခဲ့ပြီးတော့ ဘွန်ဒက်စ်လီဂါ ဖလား နှစ်ကြိမ်၊ ပိုကယ်ဖလား ၁ ကြိမ်၊ ဒုတိယ ၂ ကြိမ်၊ စူပါဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ် ဒုတိယ ၁ ကြိမ် ရရှိအောင် စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ကိုတော့ ကလော့ပ်က နှစ်ပေါင်း များစွာ ဝေးကွာနေတဲ့ အောင်မြင်မှုတွေ ပြန်လည် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးတော့ ဆုဖလား အားလုံး ရယူပေးခဲ့သူပါ။ လစ်ဗာပူးလ်ဟာ ကလော့ပ် လက်ထက်မှာ ပရီးမီးယားလိဂ် ဖလား၊ အက်ဖ်အေဖလား၊ ခရာဘောင်ဖလား၊ ကွန်မြူနတီဒိုင်း၊ ချန်ပီယံလိဂ်၊ ဥရောပ စူပါဖလား၊ ဖီဖာ ကလပ် ကမ္ဘာ့ဖလားနဲ့ ယူရိုပါလိဂ် ဒုတိယ တစ်ကြိမ် ရရှိခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်