နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အသင်းကြီးတွေကို အထုပ်တွေ ဖြည်ခဲ့ပြန်တဲ့ မော်ရင်ဟို | ပရီးမီးယားလိဂ်

ဒီရက်ပိုင်းမှာ ရိုးမား အသင်း နည်းပြ မော်ရင်ဟိုရဲ့ သီးသန့် အင်တာဗျူးထဲက အကြောင်းအရာ တချို့ဟာ မီဒီယာတွေ ထက်မှာ တော်တော်လေး ရေပန်းစားနေပါတယ်။ မော်ရင်ဟိုက သူဖြတ်သန်းခဲ့ရာ ချဲလ်ဆီး၊ ယူနိုက်တက်၊ စပါး တို့လို ပရီးမီးယားလိဂ် ကလပ်တွေ အပြင် ရီးရဲလ်မက်ဒရစ်လို အသင်းကြီးမှာ ကြုံတွေ့ခဲ့ရတာတွေ၊ မျက်မှောက်မှာ ဖြစ်ပျက်နေတာတွေကို ဖြေပေးထားပါတယ်။ 

မီဒီယာတွေနဲ့ ပတ်သက်လာရင် ဘယ်လို ကိုင်တွယ်ရမယ်ဆိုတာကို ကောင်းကောင်း သိထားတဲ့ မော်ရင်ဟိုဆီက ဒီလို အင်တာဗျူးမျိုးကို မြင်ရ၊ ဖတ်ရတာ အနှစ်သာ ရရှိပါတယ်။ မော်ရင်ဟိုက ကျားအို တစ်ကောင်လို ဖြစ်သွားပေမယ့် သူ့မှာ အစွယ်မကျိုးသေးတာကို မြင်ခဲ့ရတယ်။ 

ပရီးမီးယားလိဂ် ကလပ် စပါးကို ကိုင်တွယ်ခဲ့တုန်းက ဖြစ်ရပ် အကြောင်းအရာတွေကို ပြန်ပြောချိန်မှာတော့ ရယ်ရခက်၊ ငိုရခက်ပါပဲ။
စီးရီးအေ ကလပ် ရိုးမားကို အကောင်းဆုံး ကိုင်တွယ်ထားနိုင်တဲ့ မော်ရင်ဟို

ပရီးမီးယားလိဂ် ကလပ် စပါးကို ကိုင်တွယ်ခဲ့တုန်းက ဖြစ်ရပ် အကြောင်းအရာတွေကို ပြန်ပြောချိန်မှာတော့ ရယ်ရခက်၊ ငိုရခက်ပါပဲ။ “စပါးက သူတို့ရဲ့ ဆုဖလားပြခန်းထဲမှာ ဆုဖလား တစ်လုံးမှ မရှိဘူး လုပ်ပါတယ်။ ဒါပေမယ့် ဗိုလ်လုပွဲ မကန်ခင် နှစ်ရက် အလိုလည်း ရောက်ရော ကျွန်တော့်ကို ထုတ်လိုက်ပါတယ်” လို့ မော်ရင်ဟိုက ပြောပါတယ်။ 

အဲ့ဒီတုန်းက ပြည်တွင်းဖလားမှာ စပါးတို့ ချန်ပီယံဖြစ်ဖို့ အနီးစပ်ဆုံး အနေအထားကို ရောက်ခဲ့ပါတယ်။ ဒါပေမယ့် မထင်မှတ်ဘဲ မော်ရင်ဟိုရဲ့ နေရာမှာ ယာယီနည်းပြ ရိုင်ယန် မေဆန်နဲ့ အစားထိုးခဲ့ပြီး ဗိုလ်လုပွဲ မှာလည်း ရှုံးနိမ့်ကာ ဆုဖလားနဲ့ လွဲသွားခဲ့ပါတယ်။ 

ယူနိုက်တက်မှာ သူတော်တော်လေး ပြဿနာတက်ခဲ့တာကို အားလုံး အသိပါ။ မော်ရင်ဟိုဟာ ကွန်ဆာဗေးတစ် တစ်ယောက်လို့လည်း ပြောရခက်၊ မော်ဒန်ဆန်တဲ့ နည်းပြ အဖြစ်လည်း သတ်မှတ်ရ ခက်သူပါ။ ဒါပေမယ့် အခုချိန်မှာ မော်ရင်ဟို ပြောခဲ့ဖူးတဲ့ စကား တော်တော်များများက မှန်ကန်ခဲ့တာ ကိုလည်း အားလုံး လက်ခံရပါလိမ့်မယ်။ 

လက်ရှိ ယူနိုက်တက် ဝန်ထမ်းတွေနဲ့ ကစားသမားတွေ ထဲမှာ အသင်း အတွက် ကစားပေးဖို့၊ အလုပ်လုပ်ဖို့ မလုံလောက်တဲ့သူတွေ ရှိနေပါသေးတယ်လို့ မော်ရင်ဟိုက ဆိုပါတယ်။ ဒါက သူ့လက်ထက်ကတည်းက ပြဿနာ ဖြစ်ပြီး အခုချိန်ထိလည်း ဒါကို ကုစားနိုင်ခြင်း ရှိပုံ မရပါဘူး။ ပိုင်ရှင် အပြောင်းအလဲတောင်မှ သို့လော၊ သို့လော ဖြစ်နေချိန်မှာ ဒီလိုမျိုး ပြုပြင်ပြောင်းလဲမှုတွေကို မြင်တွေ့ရဖို့ ကလည်း ခက်လှပါတယ်။ 

ပရီးမီးယားလိဂ်
တော့တင်ဟမ် ဟော့စပါး
အဲဗာတန်
1X2 သရေ @ 3.61
အဲဗာတန် အာရှ ဟန်းဒီးကပ် +0.50 @ 2.08
ဂိုးပေါ် 3.00 @ 1.91
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပရီးမီးယားလိဂ် ချန်ပီယံဆု အကြောင်း ပြောတော့လည်း မော်ရင်ဟိုရဲ့ ပြောစကားက အာဆင်နယ် ပရိသတ်တွေ အတွက် ယမ်းပုံမီးကျစရာပါပဲ။ “ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ဖို့ မန်စီးတီးက (၅၁) ရာခိုင်နှုန်း၊ လစ်ဗာပူးလ်က (၄၉) ရာခိုင်နှုန်းပါ။ အာဆင်နယ် အတွက်တော့ အခွင့်အရေးမရှိပါဘူး” လို့ ပြောကြားခဲ့ပါတယ်။ 

လက်ရှိ အနေအထားအရ အာဆင်နယ်က အမှတ်ပေးဇယားကို ဦးဆောင်နေပြီး မန်စီးတီး ကလည်း တည်ငြိမ်တဲ့ ခြေစွမ်းပြသဖို့ ကိုတောင် ရုန်းကန်နေရတာပါ။ ဒီတော့ မော်ရင်ဟိုရဲ့ ပြောစကားက အာဆင်နယ် ပရိသတ်တွေ အတွက် မခံချင်စရာကောင်းပါတယ်။ မော်ရင်ဟို ဆိုတာ ကလည်း ချဲလ်ဆီး နည်းပြဘဝမှာ အာဆင်နယ်ကို တဒီးဒီး အနိုင်ယူခဲ့တော့ အာဆင်နယ် ပရိသတ်တွေ အတွက် အင်တာဗျူးရဲ့ ဒီအပိုင်းကို ရောက်လာချိန်မှာ တော်တော်လေး ခံရခက်သွားမှာ အသေအချာပါပဲ။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်