နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အာဆင်နယ်တို့ ချန်ပီယံ ဖြစ်ဖို့ မလွယ်ကူသေးဘူးလို့ သုံးသပ်လိုက်တဲ့ အွန်နရီ | ပရီးမီးယားလိဂ်

အာဆင်နယ် အနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ မလွယ်ကူသေးဘူးလို့ ဂန္တဝင် တိုက်စစ်မှူးကြီး သီဟာရီ အွန်နရီက သုံးသပ် ပြောဆိုလာခဲ့ပါတယ်။ အွန်နရီက သူ့ရဲ့ ပရီးမီးယားလိဂ် အသင်းဟောင်းက ပြိုင်ဘက် လစ်ဗာပူးလ် ထက်စာရင် ခန့်မှန်းရ လွယ်ကူလွန်းနေတာကြောင့် အမှတ်ပေးချန်ပီယံ ဖြစ်ဖို့ မလွယ်ကူနိုင်ကြောင်း မှတ်ချက်ပေး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်နဲ့ အဲဗာတန် တိုရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် အပြီးမှာ လစ်ဗာပူးလ် ကစားသမားဟောင်း ဂျေမီ ကာရေဂါက အာဆင်နယ်ရဲ့ ဖန်တီးနိုင်မှု အားနည်းချက်တွေကို ထောက်ပြခဲ့တာ ဖြစ်ပါတယ်။ ဒီလို ကာရေဂါရဲ့ ထောက်ပြ သုံးသပ်ချက်ကို အာဆင်နယ် ကစားသမားဟောင်း အွန်နရီက ထောက်ခံခဲ့ပြီးတော့ ချန်ပီယံ ဖြစ်ဖို့ လိုအပ်ချက်တွေ ရှိနေသေးကြောင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိရာသီ မှာလည်း အာဆင်နယ်က ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ ပွဲ ကစားပြီးချိန်မှာ ရှုံးပွဲ ၂ ပွဲသာ ရှိထားပေမယ့် သရေပွဲ ၆ ပွဲ အထိ ရှိနေတာ ဖြစ်ပါတယ်။
ဒီရာသီမှာ သရေပွဲ ၆ ပွဲ အထိ ရှိထားခဲ့တဲ့ အာဆင်နယ်

“သူတို့က တော်တော်လေး ခန့်မှန်းရလွယ်တဲ့ အသင်း တစ်သင်း ဖြစ်နေပါတယ်။ Set-Pieces တွေ ကနေ ဂိုးသွင်းတာ ထူးချွန်နေသလို နောက်ဆုံး လိဂ် ၃ ဂိုး ကလည်း Set-Pieces တွေ ကနေ ရရှိခဲ့တာပါ။ လစ်ဗာပူးလ်ကို ကြည့်လိုက်ရင် သူတို့ အသင်း တိုက်စစ်ဆင်နေချိန်မှာ ဂိုးမက်ဇ်၊ နူညက်ဇ်နဲ့ ဂျိုတာ တို့က ပြေးလွှားနေတာကို မြင်တွေ့နိုင်ပါတယ်။ ဒါပေမယ့် ဆာကာနဲ့ ဆိုရင်တော့ အိုဒီဂတ်နဲ့ ကစားရမယ် ဆိုတာ သိရပါမယ်။ အာဆင်နယ်မှာ ဒုက္ခတွေ ရောက်နေတဲ့အခါ ဘောလုံးတွေက ဆာကာ ဆီကိုပဲ ရောက်နေပါတယ်။ အာဆင်နယ်က ဖန်တီးမှုတွေ လုပ်နိုင်ပေမယ့် မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချမှတ်နိုင်ဖိုတော့ လိုအပ်နေပါတယ်။” လို့ အွန်နရီက ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး “မာတင်နယ်လီ ကလည်း အတွင်းထဲ ဝင်သွားမယ် ဆိုရင် ဖြစ်နိုင်မယ့် အခြေအနေမှာ အပြင်ကို ထွက်သွားပါတယ်။ အခုက အာဆင်နယ် ကစားတာကို ကြည့်လိုက်ရင် သူတို့က Set-Pieces တွေ ကနေပဲ ဂိုးသွင်း နိုင်တော့တယ်လို့ ထင်လာပါတယ်။ မန်ချက်စတာယူနိုက်တက်နဲ့ ကစားခဲ့တဲ့ ပွဲမှာ ဆိုရင်လည်း ဖန်တီးမှု အများကြီး မပြုလုပ်နိုင်ခဲ့ပါဘူး။ ဒါက နည်းပြ ပြဿနာ မဟုတ်ဘူး။ ပရီးမီးယားလိဂ် ဖလား ရယူနိုင်ဖို့ အတွက် အပြောင်းအလဲတွေ အများကြီး လိုအပ်နေပါတယ်။ အဖြေ တစ်ခု ကိုလည်း ရှာဖွေသွားရပါလိမ့်မယ်။” လို့ အွန်နရီက သုံးသပ်သွားခဲ့ပါသေးတယ်။

အာဆင်နယ်ဟာ ၂၀၀၃-၂၀၀၄ ဘောလုံးရာသီက တစ်ရာသီလုံး ရှုံးပွဲ မရှိအောင် ကစားပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီနောက်ပိုင်းက စပြီး ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ လွဲချော်နေခဲ့တာ နှစ်ပေါင်း ၂၀ ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဂန်းနားတွေ အနေနဲ့ ပြီးခဲ့တဲ့ နှစ်ရာသီ ဆက်တိုက် အမှတ်ပေးချန်ပီယံဆုနဲ့ အနီးစပ်ဆုံး အနေအထားကို ရောက်ခဲ့ပေမယ့် ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိရာသီ မှာလည်း အာဆင်နယ်က ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ ပွဲ ကစားပြီးချိန်မှာ ရှုံးပွဲ ၂ ပွဲသာ ရှိထားပေမယ့် သရေပွဲ ၆ ပွဲ အထိ ရှိနေတာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ Set-Piece တွေ ကနေ ဂိုးတွေ ကျွမ်းကျွမ်းကျင်ကျင် သွင်းယူထားနိုင်ပေမယ့် သမားရိုးကျ Open-Play ကနေတော့ ဂိုးရဖို့ ရုန်းကန်နေခဲ့ရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်