နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဂွာဒီယိုလာနဲ့ စကားပြောဖူးပေမယ့် နယူးကာဆယ်မှာသာ ပျော်ရွှင်နေတယ် ဆိုတဲ့ ဂီမာရေးစ် | ပရီးမီးယားလိဂ်

နယူးကာဆယ် အသင်းခေါင်းဆောင် ဘရာဇီးလ် ကွင်းလယ်လူ ဘရူနို ဂီမာရေးစ် ကိုတော့ ပရီးမီးယားလိဂ် ပြိုင်ဘက် မန်စီးတီး စိတ်ဝင်စားနေခဲ့တာ ဖြစ်ပါတယ်။ ဒီအချိန်မှာ ဘရူနို ဂီမာရေးစ်က သူ့ အနေနဲ့ မန်စီးတီး နည်းပြ ပပ် ဂွါဒီယိုလာနဲ့ စကားပြောဆိုဖူးပေမယ့်လည်း နယူးကာဆယ် မှာသာ ပျော်ရွှင်နေကြောင်း ဖွင့်ဟ ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။ 

လက်ရှိမှာ အသက် ၂၇ နှစ် ရှိပြီ ဖြစ်တဲ့ ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်လူ ဂီမာရေးစ်ဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ လိုင်ယွန် ကနေ ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ်ကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ဂီမာရေးစ်ဟာ နယူးကာဆယ်ကို ရောက်ရှိလာချိန် ကတည်းက ခြေစွမ်းပြနိုင်ခဲ့ပြီး လက်ရှိမှာလည်း အသင်းရဲ့ မရှိမဖြစ် အဓိက ကစားသမားလည်း ဖြစ်နေပါတယ်။

ပရီးမီးယားလိဂ် ၄ နှစ်ဆက် ချန်ပီယံ မန်ချက်စတာစီးတီးဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ကာလ ကတည်းက ဂီမာရေးစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ဖူးပါတယ်။ လက်ရှိမှာ ဂီမာရေးစ်က မန်စီးတီးရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရကြောင်း နောက်ပြီး ပပ် ဂွါဒီယိုလာနဲ့ စကားပြောဖူးကြောင်း ဖွင့်ဟ ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။ 

ဘရူနို ဂီမာရေးစ်က “နယူးကာဆယ်မှာ ကျွန်တော်က စံပြ ကစားသမား ဖြစ်ပြီးတော့ လေးစားခံရသူပါ။ လွန်ခဲ့တဲ့ ၃ နှစ်က ကျွန်တော့်ရဲ့ အိပ်မက်က ပရီးမီးယားလိဂ်မှာ ကစားရဖို့ ဖြစ်ပြီးတော့ အခုဆိုရင်တော့ နယူးကာဆယ်ရဲ့ အသင်း ခေါင်းဆောင် ဖြစ်နေပါပြီ။ နယူးကာဆယ်မှာ ကျွန်တော် အရမ်းကို ပျော်ရွှင်နေပါတယ်။ မန်စီးတီးက ကျွန်တော့်ကို စိတ်ဝင်စားခဲ့တာ အမှန် ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်ဝင်စားတယ် ဆိုတာထက် မပိုပါဘူး။ ဂွါဒီယိုလာနဲ့လည်း တစ်ကြိမ် စကားပြောဖူးခဲ့ပြီး အချင်းချင်း ချီးကျူးခဲ့ကြဖူးပါတယ်။ ဒါပေမယ့် အဲဒီထက် မပိုပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ၄ နှစ်ဆက် ချန်ပီယံ မန်ချက်စတာစီးတီးဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ကာလ ကတည်းက ဂီမာရေးစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ဖူးပါတယ်။
နယူးကာဆယ် မှာသာ ပျော်ရွှင်နေကြောင်း ပြောခဲ့တဲ့ ဂီမာရေးစ်

မန်ချက်စတာစီးတီး အသင်းရဲ့ လက်ရှိ ကွင်းလယ်လူ ဘယ်လွန်ဒေါဆုရှင် ရိုဒရီဟာ ACL ဒဏ်ရာကြောင့် ရာသီကုန်အထိ ကာလရှည်ကြာ အနားယူရဖို့ ရှိနေတာ ဖြစ်ပါတယ်။ ရိုဒရီ မကစားနိုင်ချိန်မှာ မန်စီးတီးရဲ့ အသင်းလိုက် ကစားပုံက သိသိသာသာ ကျဆင်းသွားခဲ့ပြီးတော့ ရလဒ်ပိုင်း ကိုလည်း ထိခိုက်နေစေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် မန်စီးတီးက လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ ထိပ်တန်း ကွင်းလယ် ကစားသမား တစ်ဦး ခေါ်ယူဖို့ အတွက် ပြင်ဆင်နေကြပြီး ကစားသမား အများအပြား ကိုလည်း ပစ်မှတ်ထာနေခဲ့တာ ဖြစ်ပါတယ်။ ဒီအထဲမှာ မာတင် ဇူဘီမန်ဒီ၊ ဘရူနို ဂီမာရေးစ် တို့လို ကစားသမားတွေလည်း ပါဝင်နေပြီး ဘယ်ကစားသမားကို အရခေါ်ယူဖို့ ကြိုးပမ်းမလဲ ဆိုတာတော့ မသိရသေးပါဘူး။

ဘရူနို ဂီမာရေးစ်ဟာ နယူးကာဆယ် အတွက် ပရီးမီယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ၁၂၁ ပွဲ ကစားပြီး ၁၇ ဂိုး သွင်းယူထားပါတယ်။ ဘရာဇီးလ် လက်ရွေးစင် အသင်း အတွက်တော့ ပြိုင်ပွဲစုံ ၃၂ ပွဲ ကစားကာ ၁ ဂိုး သွင်းယူထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်