နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ် ရှုံးပွဲ မရှိ စံချိန် ရပ်တန့်ခဲ့တာက ဒဏ်ရာပြသနာတွေကြောင့်လို့ ပြောလာတဲ့ ဂွာဒီယိုလာ | ပရီးမီးယားလိဂ်

မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွာဒီယိုလာ ကတော့ သည် ပရီးမီးယားလိဂ် ရှုံးပွဲ မရှိစံချိန် ရပ်တန့်ခဲ့ရတာက ဒဏ်ရာ ပြဿနာတွေကြောင့် ဖြစ်တယ်လို့ ပြစ်တင် ပြောကြားလာခဲ့ပါတယ်။ မန်ချက်စတာစီးတီး ဟာ ပရီးမီးယားလိဂ် ပွဲစဉ် (၁၀) အဖြစ် အောက်တိုဘာ ၂ ရက်က ဘုန်းမောက်နဲ့ အဝေးကွင်း ပွဲစဉ် ယှဉ်ပြိုင်ကစားခဲ့ရာမှာ ၂-၁ ရလဒ်နဲ့ ရှုံးနိမ့်ပြီးတော့ ရှုံးပွဲ မရှိ စံချိန် ရပ်တန့်ခဲ့ရတာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ကနေ စတင်ပြီး ပြီးခဲ့တဲ့ တစ်ပတ် ဆောက်သမ်တန်နဲ့ ပွဲအထိ ပရီးမီးယားလိဂ် ပွဲစဉ် ၃၂ ပွဲ ဆက်တိုက် ရှုံးပွဲမရှိခဲ့တာ ဖြစ်ပါတယ်။ မန်စီးတီး အနေနဲ့ အသင်း သမိုင်းတလျှောက် စံချိန်တင်ထားသလို ပြိုင်ပွဲ သမိုင်းမှာလည်း အာဆင်နယ် (၄၉ ပွဲ)၊ လစ်ဗာပူးလ် (၄၄ ပွဲ)၊ ချယ်လ်ဆီး (ပွဲ ၄၀) ပြီးရင် စတုတ္ထနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

မန်စီးတီးဟာ ဘုန်းမောက်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် အတွက် စီနီယာ ကစားသမား ၁၁ ဦးနဲ့ ပွဲထွက်ခဲ့ရတာပါ။ ကြံ့ခိုင်မှု မပြည့်ဝတဲ့ ဗဟို ခံစစ် ကစားသမား အာကန်ဂျီနဲ့ နေသန် အေခီ တို့နဲ့လည်း ပွဲထုတ် ကစားစေခဲ့ရပါတယ်။ ဒါ့အပြင် ဒဏ်ရာ ပြဿနာကြောင့် သုံးပတ်ကြာ အနားယူနေခဲ့ရတဲ့ အသင်းခေါင်းဆောင် ကိုင်လီ ဝေါလ်ကာ အနေနဲ့လည်း ၆ မိနစ်သာ လေ့ကျင့်မှု ပြုလုပ်ခဲ့ပြီး ပွဲချိန်ပြည့် ပါဝင်ကစားခဲ့ရတာ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ကနေ စတင်ပြီး ပြီးခဲ့တဲ့ တစ်ပတ် ဆောက်သမ်တန်နဲ့ ပွဲအထိ ပရီးမီးယားလိဂ် ပွဲစဉ် ၃၂ ပွဲ ဆက်တိုက် ရှုံးပွဲမရှိခဲ့တာ ဖြစ်ပါတယ်။
ရှုံးပွဲမရှိစံချိန်ကောင်း တစ်ခု ရပ်တန့်သွားတဲ့ မန်စီးတီး

ဒီအခြေအနေနဲ့ ပတ်သတ်လို့ ဂွါဒီယိုလာက “ဘယ်လို ဖြစ်သွားလဲ ကျွန်တော် မသိပါဘူး။ ဒီကစားသမားတွေသာ ဒဏ်ရာ မရနေဘူး ဆိုရင် ကျွန်တော်တို့ အနိုင်ရမလားတောင် မသိပါဘူး။ သူတို့တွေက အစွမ်းကုန် ပေးဆပ်ခဲ့တာပါ။ ဒါပေမယ့် ဒီအခိုက်အတန့်မှာ အဲဒီ အသင်းနဲ့ ယှဉ်ပြိုင်ဖို့ မလုံလောက်ခဲ့ပါဘူး။ သူတို့ ပေါက်ကွဲအားကို ကျွန်တော်တို့ မယှဉ်နိုင်ခဲ့ပါဘူး။ အဝေးဘော အခြေအနေ အားလုံးမှာ ကျွန်တော်တို့ အနိုင်မရခဲ့ဘူး။ ဆီမီညိုနဲ့ တခြားသူတွေဆီ အဲဒီလို ဘောလုံးတွေ ရောက်သွားတဲ့အခါမှာ ကျွန်တော်တို့ မယှဉ်နိုင်ခဲ့ဘူး။ ကျွန်တော်တို့ရဲ့ ဗဟိုခံစစ်ကစားသမားတွေနဲ့ တိုက်စစ်မှူးတွေက ကာကွယ်မှုတွေ ပိုပြီး လုပ်ရပါမယ်။ ကျွန်တော် တို့ဆီမှာ ဟန်ချက်ညီနေတဲ့ ကစားသမားတွေ ရှိသလို ဟန်ချက် အားနည်းတဲ့ တခြားသော ကစားသမားတွေလည်း ရှိနေပါတယ်။ ဘာလို့လဲ ဆိုတော့ ဒဏ်ရာတွေကြောင့် ကျွန်တော်တို့ လေ့ကျင့်မှုတွေ မလုပ်နိုင်လို့ပါ။ အဲဒါကို ကျွန်တော်တို့ သိပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဒဏ်ရာ ကနေ ပြန်လည် သက်သာလာတဲ့ အဓိက ကွင်းလယ်လူ ကီဗင် ဒီဘရွန်းနား ကတော့ အရန်လူစာရင်းမှာ ပြန်လည် ပါဝင်လာခဲ့ပေမယ့်လည်း ဗဟိုခံစစ်မှူး ရူဘင် ဒီးရာ့စ်နဲ့ ဂျွန် စတုန်းစ် ကတော့ အချိန်ကာလ အနည်းငယ်ကြာ အနားယူရဦးမယ်လို့ ဂွါဒီယိုလာက အတည်ပြု ပြောကြားခဲ့ပါတယ်။ ဒါကြောင့် ဒီကစားသမား နှစ်ဦး ကတော့ စပို့တင်းလစ္စဘွန်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်ကို လွဲချော်မှာလည်း ဖြစ်ပါတယ်။

ဆက်လက်ပြီး ဂွာဒီယိုလာက “မန်နူရယ် (အကန်ဂျီ) က စပါးနဲ့ ပွဲမှာ မကစားနိုင်ခဲ့ဘူး။ နေသန် (အေခီ) ကလည်း အကောင်းဆုံး ပုံစံ မရနေခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော် တို့မှာ တခြား ရွေးချယ်စရာ မရှိခဲ့ပါဘူး။ ဂျွန် (စတုန်းစ်) နဲ့ ရူဘင် (ဒီးရာ့စ်) က အချိန် အနည်းငယ်လောက် ကစားနိုင်ဦးမှာ မဟုတ်ပါဘူး။” လို့ ဂွါဒီယိုလာက ပြောကြားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်