မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွါဒီယိုလာ ကတော့ ပရီးမီးယားလိဂ်ရဲ့ ထုတ်ပယ်ခံရမယ့် နည်းပြ ရေပန်းစားမှု စာရင်းမှာ ဒုတိယ နေရာကို ရောက်ရှိလာကြောင်း သိရပါတယ်။ ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာစီးတီး ကတော့ လက်ရှိမှာ ခြေစွမ်းပိုင်း တော်တော်လေး ဆိုးရွားနေပြီး နောက်ဆုံး ၁၁ ပွဲမှာ နိုင်ပွဲ ၁ ပွဲ၊ သရေ၊ ၂ ပွဲ၊ ရှုံးပွဲ ၈ ပွဲ ရှိထားတဲ့ အထိ ရုန်းကန်နေရတာ ဖြစ်ပါတယ်။
နည်းပြ ဖြစ်သူ ပပါ ဂွါဒီယိုလာ ကတော့ ပြီးခဲ့တဲ့ လက မန်စီးတီးနဲ့ သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂွါဒီယိုလာ အနေနဲ့ သက်တမ်းတိုးပြီးချိန်မှာလည်း ရလဒ်တွေ ပြန်လည် ကောင်းမွန်လာအောင် စွမ်းဆောင်ထားနိုင်ခြင်း မရှိတာကြောင့် ရာထူး ကနေ ထုတ်ပယ်ခံရဖို့ ရေပန်းစားမှု မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ် မှာတော့ မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ်၊ လက်စတာစီးတီး နည်းပြ စတိဗ် ကူးပါး၊ ဝုဗ် နည်းပြ ဂယ်ရီ အိုနီးလ်၊ ဆောက်သမ်တန် နည်းပြ ရပ်ဆဲလ် မာတင် တို့ ထုတ်ပယ်ခံထားရပြီး ဖြစ်ပါတယ်။ အခု နောက်ဆုံး မှာတော့ ဝက်စ်ဟမ်း နည်းပြ ဂျူလန် လိုပက်တက်ဂီ ကတော့ ထပ်မံ ထုတ်ပယ်ခံရဖို့ ရေပန်းအစားဆုံး ဖြစ်နေတယ်လို့လည်း သိရပါတယ်။
ဂွါဒီယိုလာ ကိုယ်တိုင် ကလည်း သူ့အနေနဲ့ အသင်းရဲ့ ရလဒ်တွေ တိုးတက်လာခြင်း မရှိရင် ရာထူး ကနေ ထုတ်ပယ်ခံရနိုင်တယ်လို့ ပြောကြားထားခဲ့ပါတယ်။ Sky Sports နဲ့ အင်တာဗျူးမှာ ပပ် ဂွါဒီယိုလာက “ပိုင်ရှင်တွေက အသင်း အခြေအနေ ဆိုးရွားနေတာနဲ့ ရှုံးပွဲတွေ ကြုံနေရတာကို သိပါတယ်။ ဒါကို လက်မခံနိုင်တော့တဲ့အခါ မှာတော့ နောက်လ သို့မဟုတ် နောက် နှစ်လ အတွင်း ကျွန်တော် ဒီမှာ ရှိနေတော့မှာ မဟုတ်ပါဘူး။ အတိတ်မှာ လုပ်ဆောင်ခဲ့တာတွေကို ကြည့်ပြီး လူတွေက ကျွန်တော် ထုတ်ပယ်ခံရမှာ မဟုတ်ဘူးလို့ ထင်ကြပေမယ့် ကျွန်တော် တို့က နေ့စဉ် အကဲဖြတ်ခံနေရတဲ့ နည်းပြတွေ ဖြစ်ပါတယ်။ အသင်းဟာ ဆိုးရွားတဲ့ ရာသီ တစ်ခုနဲ့ ရင်ဆိုင်လိုက်ရတာနဲ့ နည်းပြတွေဟာ ထွက်ခွာသွားရနိုင်ပါတယ်။” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
စပိန်သား နည်းပြ ပပ် ဂွါဒီယိုလာ ကတော့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် မန်ချက်စတာဒါဘီမှာ ရှုံးပွဲ ကြုံခဲ့ရအပြီးမှ ထုတ်ပယ်ခံရဖို့ ဒုတိယမြောက် ရေပန်းအစားဆုံး ဖြစ်လာခဲ့တာပါ။ လိုပက်တက်ဂီနဲ့ ဂွါဒီယိုလာတို့ အပြီး မှာတော့ တော့တင်ဟမ်ဟော့စပါး နည်းပြ အန်ဂျီ ပိုစတီကိုဂလူး၊ အဲဗာတန် နည်းပြ ရှောင် ဒိုက်ခ် တို့က အစဉ်လိုက် ရပ်တည်နေကြောင်း သိရပါတယ်။ ဒီလို အခြေအနေတွေ ရှိနေပေမယ့် မန်စီးတီး တိုက်စစ် ကစားသမား ဖီးလ် ဖိုဒန် ကတော့ သူတို့ ကစားသမားတွေ အနေနဲ့ နည်းပြ ဂွါဒီယိုလာ အပေါ်မှာ ယုံကြည်မှု အပြည့် ရှိနေကြောင်းလည်း ပြောကြားခဲ့ပါတယ်။ ဖီးလ် ဖိုဒန်က “ကျွန်တော်တို့ အသင်းရဲ့ လုပ်ငန်းစဉ်နဲ့ နည်းပြ အပေါ် ယုံကြည်မှု အပြည့် ရှိပါတယ်။ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာမယ် လို့လည်း ယုံကြည်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.