နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လက်ကျန်ပွဲစဉ် အားလုံး အာဆင်နယ် အနိုင်ရနိုင်တယ်လို့ ခန့်မှန်းလိုက်တဲ့ ဂယ်ရီ နဗီးလ် | ပရီးမီးယားလိဂ်

မန်ချက်စတာယူနိုက်တက်ရဲ့ ဂန္တဝင် လက်ရှိ ဘောလုံး သုံးသပ်သူ ဂယ်ရီနဗီးလ် ကတော့ အာဆင်နယ် အသင်းက လက်ကျန် ပရီးမီးယားလိဂ် ပွဲစဉ် ၃ ပွဲစလုံးကို အနိုင်ရသွားမယ်လို့ ခန့်မှန်းလိုက်ပါတယ်။

လက်ရှိမှာ အာဆင်နယ်က ပရီးမီးယားလိဂ် လက်ကျန် ပွဲစဉ် ၃ ပွဲ ကစာဖို့ ကျန်ရှိနေပြီးတော့ မန်စီးတီး ကတော့ ၄ ပွဲ ကစားရမှာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဘုန်းမောက်၊ ယူနိုက်တက်၊ အဲဗာတန် တို့နဲ့ ကစားဖို့ ကျန်ရှိနေပြီးတော့ မန်စီးတီး ကတော့ ဝုဗ်၊ ဖူလ်ဟမ်၊ စပါး၊ ဝက်စ်ဟမ်း တို့နဲ့ ကစားရဦးမှာ ဖြစ်ပါတယ်။

လက်ကျန်ပွဲစဉ် အခြေအနေအရ ဆိုရင် မန်စီးတီးက တစ်ပွဲလျော့ ကစားထားသလို ပွဲကျန် အားလုံး ကလည်း သူတို့ အတွက် လွယ်ကူနေတာကြောင့် အများစု ကတော့ မန်စီးတီးပဲ ချန်ပီယံ ဖြစ်မယ်လို့ ခန့်မှန်းနေကြတာပါ။ အာဆင်နယ် ကတော့ ယူနိုက်တက်နဲ့ ပွဲဟာ ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်လာဖို့ ရှိနေတာ ဖြစ်ပါတယ်။

ဂယ်ရီ နဗီးလ်က “အာဆင်နယ်ဟာ မနစ်ကထက် အများကြီး ပိုကောင်းလာပါတယ်။ စိတ်ဓာတ်ပိုင်း ပိုပြီး မာကြောတဲ့ အသင်း ဖြစ်လာခဲ့ပါပြီ။ လူအများစု ကတော့ ခံစစ်က ဆလီဘာ ပြန်လာလို့ ဖြစ်တာကြောင့် ဆိုပြီး ပြောနေကြပေမယ့် တကယ်တော့ ဒီထက်မက ပိုပါတယ်။ အာဆင်နယ်က ခံစစ်ပိုင်းက အာရုံစူးစိုက်မှုတွေ ပိုကောင်းလာပြီး စည်းကမ်းပိုင်းလည်း ပိုကောင်းလာပါတယ်။ ဗီလာနဲ့ ရှုံးပွဲ၊ ချန်ပီယံလိဂ် ရှုံးပွဲတွေက သူတို့ အတွက် ဂယက်ထစေခဲ့ပေမယ့် အချိန်မီ ပြန်ထနိုင်ခဲ့ပါတယ်။ သူတို့ အနေနဲ့ အိုးထရက်ဖို့ဒ်မှာ ကစားရမယ့် ပွဲပဲ ခက်ခဲနိုင်ပေမယ့် ကျနော် ကတော့ ၃ ပွဲစလုံး ရာနှုန်းပြည့် အနိုင်ရသွားမယ် ထင်ပါတယ်”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ တော့တင်ဟမ်ဟော့စပါး ကစားသမားတွေက ကလပ် အသင်း နှစ်ခု အကြား ခြားနားချက်အဖြစ် အာဆင်နယ်၏ စိတ်ဓာတ်ကို မီးမောင်းထိုး ချီးကျုးသွားခဲ့ပါတယ်။ ဒီဂျန် ကူလူဆက်ဗ်စကီးနဲ့ မစ်ကီ ဗန်ဒီဗန် တို့ဟာ တနင်္ဂနွေနေ့က အိမ်ကွင်း ဒါဘီ ပွဲစဉ်မှာ ၃-၂ နဲ့ ရှုံးနိမ့်ပြီးနောက် ၎င်းတို့၏ စိတ်ပျက်မှုကို ဖော်ပြခဲ့ပြီး အထူးသဖြင့် စိတ်ဓာတ်ပိုင်း ဆိုင်ရာ ကွာခြားမှုကို စိတ်ပျက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီပွဲမှာ အာဆင်နယ်က ၂-၃ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ဟွိုက်ဘယက်ဂျ်ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှု၊ ဆာကာရဲ့ သွင်းဂိုး၊ ကိုင်ဟာဗက်ဇ်ရဲ့ ခေါင်းတိုက်ဂိုးတွေနဲ့ ပထမပိုင်းမှာ ၃ ဂိုးပြတ် ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ စပါးက ချေပဂိုး နှစ်ဂိုး ပြန်ရခဲ့ပြီး ရာယာရဲ့ ပေါ့ဆမှုနဲ့ ဆွန်ရဲ့ ပင်နယ်တီ သွင်းဂိုးတွေ ပြန်ရခဲ့တာ ဖြစ်ပါတယ်။

ကူလူဆက်ဗ်စကီးနဲ့ ဗန်ဒီဗန် တို့ဟာ တော့တင်ဟမ်ဟော့စပါးနဲ့ အာဆင်နယ် တို့ အကြားမှာ စွမ်းဆောင်ရည်ပိုင်းအရ ကွာဟမှု မရှိဟု လက်ခံထားကြတာ ဖြစ်ပါတယ်။ စပါးဟာ ဘောလုံး ပိုင်ဆိုင်မှု ၆၂ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး အဆုံးသတ် အားနည်းချက်တွေကြောင့် နစ်နာခဲ့တာ ဖြစ်ပါတယ်။

ဒီနိုင်ပွဲကြောင့် အာဆင်နယ်က ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်မှာ ရမှတ် ၈၀ နဲ့ ဆက်ရှိနေခဲ့ပြီး မန်စီးတီးထက် တစ်ပွဲ ပိုကစား တစ်မှတ် အသာနဲ့ ဦးဆောင်ထားနိုင်ဆဲ ဖြစ်ပါတယ်။ စပါး ကတော့ ပရီးမီးယားလိဂ် အဆင့် ၅ နေရာမှာ ဆက်ရှိနေခဲ့ပေမယ့် ဗီလာနဲ့ တဖြည်းဖြည်း အမှတ်ပြတ်လာတာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ မသေချာတော့ပါဘူး။ စပါး ကတော့ လက်ကျန် ပွဲစဉ်တွေ အဖြစ် ချဲလ်ဆီး၊ လစ်ဗာပူးလ်၊ ဘန်လေ၊ မန်စီးတီး၊ ရှက်ဖီးလ်ယူနိုက်တက် တို့နဲ့ ကစားဖို့ ကျန်ရှိနေပြီး အာဆင်နယ် ကတော့ လက်ကျန် ပွဲစဉ်တွေ အဖြစ် ဘုန်းမောက်၊ ယူနိုက်တက်၊ အဲဗာတန် တို့နဲ့ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်