နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

မက်တော်မီနေးကို ခေါ်ယူဖို့ ထပ်ပြီး ကြိုးစားတော့မှာ မဟုတ်တဲ့ ဖူလ်ဟမ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် ဖူလ်ဟမ် ကတော့ ယူနိုက်တက် ကွင်းလယ်လူ စကော့တ် မက်တော်မီနေးကို ပေါင် သန်း ၂၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခြင်း ခံခဲ့ရပါတယ်။ ဒါကြောင့် ဖူလ်ဟမ်က ယူနိုက်တက် ကွင်းလယ်လူကို နောက်ထပ် တစ်ကြိမ် ထပ်မံ ကမ်းလှမ်းသွားတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။

မက်တော်မီနေး ကိုတော့ အခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ဥရောပ ကလပ် အများအပြားက စိတ်ဝင်စားလျက် ရှိပြီး တူရကီ ကလပ် ဂါလာတာဆာရေးနဲ့ ဖီနာဘာချီ တို့ကလည်း ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ၂၀၁၇ ခုနှစ်မှာ သူတို့ အသင်းတွေ စတင် ပွဲထွက်ခဲ့ပြီး ပွဲပေါင်း ၂၅၂ ပွဲ အထိ ကစားပေးထားတဲ့ မက်တော်မီနေး အတွက် ပေါင် သန်း ၃၀ ရမှ ရောင်းထုတ်ချင်နေတာ ဖြစ်ပါတယ်။

အစောပိုင်းမှာတော့ The Telegraph ရဲ့ ဖော်ပြချက်အရ ဖူလ်ဟမ်ဟာ မက်တော်မီနေး အတွက် ကနဦး ပေါင်သန်း ၂၀ နဲ့ ကမ်းလှမ်းမှုကို ပယ်ချခံခဲ့ရတာကြောင့် ပထမ တစ်ကြိမ် ကမ်းလှမ်းမှုထက် ပေါင် ၅ သန်း ထပ်တိုးပြီး ကမ်းလှမ်းဖို့ ရှိနေတယ်လို့ သိခဲ့ရတာပါ။ ဒါပေမယ့်လည်း ယူနိုက်တက် ဘက်ကတော့ သူတို့ရဲ့ ကွင်းလယ်လူ အတွက် အနည်းဆုံး ပေါင်သန်း ၃၀ လောက် လိုချင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ ဖူလ်ဟမ်က မက် တော်မီနေးကို ထပ်မံ မကမ်းလှမ်းဖို့ ဆုံးဖြတ်ခဲ့ပြီး တခြား ကစားသမား တစ်ဦး ကိုသာ ပြောင်းလဲ ပစ်မှတ်ထားဖို့ ရှိနေတာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် ဖူလ်ဟမ်ဟာ သူတို့ရဲ့ အဓိက ကွင်းလယ်လူ ယာအို ပေါ်လင်ဟာကို ဘေယန်မြူးနစ် အသင်းထံ လက်လွှတ်ခဲ့ရပြီးနောက် ကွင်းလယ်ပိုင်းကို အားဖြည့်တင်းဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ဖူလ်ဟမ်က ဒီနွေရာသီ အပြောင်းအရွှေ့ မှာတော့ ရွိုင်ယန် ဆက်ဆနွန်၊ အီမိုင်းလ် စမစ် ရိုးဝ်နဲ့ ဂျော့ဂျ် ကူရန်ကာ တို့ ၃ ဦးကိုသာ ခေါ်ယူထားရပါသေးတယ်။

လက်ရှိ ယူနိုက်တက်ရဲ့ ကွင်းလယ်မှာ ကက်စ်မဲရိုး၊ ကိုဘီ မိန်းနူး၊ မေဆန်မောင့်နဲ့ ခရစ္စတီယန် အဲရစ်ခ်ဆင်တို့ ရှိနေပေမယ့် ကွင်းလယ် ကစားသမား တစ်ဦး ထပ်မံ ခေါ်ယူဖို့ ကြိုးပမ်းနေသေးတာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ မက်တော်မီနေးကို ရောင်းထုတ်ပြီး အူဂါတီ၊ ဖိုဖာနာ၊ ဇူဘီမန်ဒီ တို့လို အရည်အသွေးမြင့် ကွင်းလယ်လူ တစ်ဦးနဲ့ ပြန်လည် အစားထိုးဖို့ စီစဉ်ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာ မက်တော်မီနေးရဲ့ အပြောင်းအရွှေ့က အဆင်မပြေတော့တာကြော

တစ်ဖက်မှာလည်း ယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ်က ဘေယန်မြူးနစ် နောက်ခံလူ မားသီးယက်စ် ဒီလစ်ဂျ်နဲ့ နူဆာ မက်ဇရာရီ တို့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဝမ်ဘစ်ဆာခါရဲ့ အပြောင်းအရွှေ့ ကလည်း အဆင်မပြေ ဖြစ်နေပြန်တာကြောင့် ယူနိုက်တက် အတွက် ခေါင်းကိုက်စရာ ပါပဲ။ မက်တော်မီနေးဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် ကလပ် အတွက် ၄၃ ပွဲ ပါဝင်ကစားခဲ့ပြီး ပြိုင်ပွဲစုံ အရပ်ရပ်မှာ ၁၀ ဂိုးသွင်းကာ ဖန်တီးမှု ၃ ကြိမ် ပြုလုပ်ထားပါတယ်။ ဒါ့အပြင် ဒီကစားသမားက ပြီးခဲ့တဲ့ရက်က ကစားသွားတဲ့ ခြေစမ်းပွဲစဉ်တွေမှာလည်း ပါဝင်ကစားပေးခဲ့ပြီး ခြေစွမ်းလည်း ပြနိုင်ခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်