နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဇီးယက်ဇီးနဲ့ ပုဂ္ဂိုလ်ရေးအရ စကားပြောဆိုမှုတွေ ရှိထားတဲ့ တန်ဟက်ဂ် | ပရီးမီးယားလိဂ်

countdown banner

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် အသင်း ကတော့ ဘိုလော့ဂ်နာ လူငယ် တိုက်စစ် ကြယ်ပွင့် ဂျော်ရွှာ ဇီးယက်ဇီးကို ခေါ်ယူဖို့ အတွက် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ဒီအချိန်မှာ နည်းပြ အဲရစ်ခ် တန်ဟက်ဂ်က နယ်သာလန် တိုက်စစ်မှူးလေးကို အိုးထရက်ဖို့ဒ်ဆီ အရ ခေါ်ယူဖို့ အတွက် ကစားသမားနဲ့ တိုက်ရိုက် ကစားပြောဆိုမှုတွေ ရှိထားတယ်လို့ သိရပါတယ်။

လက်ရှိ အသက် ၂၃ နှစ် အရွယ် ဒီကစားသမားလေးဟာ ဘေယန်မြူးနစ် လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာခဲ့သူလည်း ဖြစ်ပါတယ်။ ဘေယန်မြူးနစ် စီနီယာ အသင်းကြီးနဲ့ ပွဲဦးထွက်ရာသီမှာ ၁၇ ပွဲ ကစားပြီး ၄ ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ဒုတိယအသင်းဆီ ဆင်းကစားခဲ့ရပါတယ်။ အဲ့နောက် ဂျာမန် ကလပ်က ဇီယက်ဇီးကို ပါးမား၊ အန်ဒါလက်ချ် တို့ဆီ အငှားချခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ဩဂုတ်လ မှာတော့ စီးရီးအေ ကလပ် ဘိုလော့ဂ်နာဆီ အပြီးသတ် ပြောင်းရွှေ့ခဲ့တဲ့ ဇီယက်ဇီးဟာ အီတလီမြေမှာတော့ ပတ္တမြား မှန်လို့ နွံမနစ်ကြောင်း ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဇီးယက်ဇီးဟာ ပြီးခဲ့တဲ့ ရာသီက ဘိုလော့ဂ်နာ အတွက် ပြိုင်ပွဲစုံ ၃၇ ပွဲ ပါဝင်ကစားခဲ့ပြီး ၁၁ ဂိုး သွင်းကာ ၄ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒီကစားသမားရဲ့ ခြေစွမ်းကို မျက်စိကျခဲ့တဲ့ ရော်နယ် ကိုးမန်းက နယ်သာလန် လက်ရွေးစင် အသင်းကြီး အတွက် ရွေးချယ်ခဲ့ပေမယ့် ပွဲထွက် ကစားခွင့်တော့ ပေးထားခြင်း မရှိသေးပါဘူး။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့လက အန်တိုနီ မာစီရယ်ကို လက်လွှတ်ပေးခဲ့ရပြီးနောက် ရက်စ်မက်စ် ဟွိုက်ဂျ်လန်း တစ်ဦးတည်းသာ ရှိတော့တဲ့ အထောင်တိုက်စစ်နေရာ အတွက် အားဖြည့်ဖို့ လိုအပ်လာတာ ဖြစ်ပါတယ်။ သတင်းတွေရဲ့ ဖော်ပြချက် အရ ဆိုရင် ဇီယက်ဇီးဟာ အသက်အရွယ် အရရော၊ ခြေစွမ်းအရပါ အဲရစ်ခ် တန်ဟက်ဂ် သဘောကျတဲ့ ကစားသမား ဖြစ်နေတယ်လို့ သိရပါတယ်။

ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ် ကလည်း ဇီးယက်ဇီးကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို အေဂျက်စ်နဲ့ ဂျူဗင်တပ်စ် တို့ကလည်း ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။ ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက် ကတော့ ဇီးယက်ဇီးကို ခေါ်ယူဖို့ ရက်သတ္တပတ်ပေါင်း များစွာ အပြင်းအထန် ချိတ်ဆက်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် နည်းပြ တန်ဟက်ဂ် အနေနဲ့ ကစားသမားကို ပုဂ္ဂိုလ်ရေးအရ တွေ့ဆုံမှု ပြုလုပ်ခဲ့ကြောင်း Sky Sport Germany က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် အနေနဲ့ ဇီယက်ဇီးနဲ့ ဘိုလော့ဂ်နာတို့ အကြားက စာချုပ်ပါ လျော်ကြေးငွေ ယူရို သန်း ၄၀ (ပေါင် ၃၄ သန်း) ပေးချေရန် ဆန္ဒရှိနေတယ်လို့ သိရပြီး ကစားသမားရဲ့ ဆုံးဖြတ်ချက် ကသာ အဓိက ကျနေတယ်လို့ သိရပါတယ်။

ဂျော်ရွှာ ဇီယက်ဇီးရဲ့ နယ်သာလန် အသင်း ကတော့ ယူရို ၂၀၂၄ ကွာတားဖိုင်နယ် အဆင့်ကို ရောက်ရှိနေပြီ ဖြစ်လို့ ကစားသမား အနေနဲ့ ပွဲထွက်ကစားခွင့် မရသေးပေမယ့်လည်း နိုင်ငံအသင်း အတွက်ပဲ အာရုံစိုက်သွာဖို့ ရှိနေတယ်လို့ သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်