နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အာဆင်နယ်ရဲ့ အပြောင်းအရွှေ့ ကိစ္စတွေနဲ့ ပတ်သတ်လို့ ဖွင့်ဟလာတဲ့ အက်ဒူး | ပရီးမီးယားလိဂ်

ပရီးယားလိဂ် ကလပ် အာဆင်နယ်ဟာ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် အတွက် ပြင်ဆင်နေပြီး နည်းပြ မီခဲလ် အာတေးတား အနေနဲ့ သူ့ရဲ့ အသင်းကို ကြီးကြီးမားမား ပြင်ဆင်မှု ပြုလုပ်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။

ဂန်းနားတွေဟာ ဒီရာသီ ပရီးမီးယားလိဂ် မှာ ပုံစံကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် မန်စီးတီးနဲ့ ၂ မှတ် အကွာ အဆင့် ၂ နေရာမှာ ရပ်တည်ပြီး ချန်ပီယံဆုနဲ့ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အာတေးတားက လာမယ့် ရာသီသစ်မှာ အသင်းကို ပိုကောင်းတဲ့ အခြေအနေမှာ ရှိနေအောင် ကစားသမားသစ် ခေါ်ယူ အားဖြည့်မှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

လက်ရှိမှာ ကွင်းလယ်လူ တစ်ဦး ဖြစ်တဲ့ အဲလ်ဘတ် ဆမ်ဘီ လိုကွန်ဂါဟာ အသင်း ကနေ ထွက်ခွာဖို့ ရှိနေသလို အခြားသော ကစားသမား တချို့ကလည်း လာမယ့် နွေရာသီမှာ အသင်းပြောင်းရွှေ့ဖွယ် ရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ် အနေနဲ့ ပရီးမီးယားလိဂ် ရာသီသစ် အတွက် မဖြစ်မနေ ကစားသမားသစ်တွေ ခေါ်ယူရတော့မှာ ဖြစ်သလို လက်ရှိမှာလည်း ပစ်မှတ်ထားတဲ့ ကစားသမား စာရင်းလည်း ထွက်ပေါ်နေပြီ ဖြစ်ပါတယ်။

ဒါကြောင့် အာဆင်နယ် အနေနဲ့ ပရီးမီးယားလိဂ် ရာသီသစ် အတွက် မဖြစ်မနေ ကစားသမားသစ်တွေ ခေါ်ယူရတော့မှာ ဖြစ်သလို လက်ရှိမှာလည်း ပစ်မှတ်ထားတဲ့ ကစားသမား စာရင်းလည်း ထွက်ပေါ်နေပြီ ဖြစ်ပါတယ်။
ကစားသမား တော်တော်များများကို ပစ်မှတ်ထား စောင့်ကြည့်နေတဲ့ အာဆင်နယ်

အာဆင်နယ်ဟာ တိုက်စစ်ပိုင်း အတွက် မန်ချက်စတာယူနိုက်တက်က မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ စကားပြောဆိုမှုတွေ ရှိထားတယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေသလို နယူးကာဆယ်က အိဆက်ခ် ကိုလည်း ချိတ်ဆက်နေပါတယ်။ ဘိုလော့ဂ်နာက လူငယ်ကြယ်ပွင့် ဇီယက်ခ်ဇီး ကိုလည်း စိတ်ဝင်စားကြောင်း ပြသထားပေမယ့် ကစားသမား ကတော့ စီးရီးအေ ကလပ်မှာပဲ ဆက်ရှိနေပုံ ပေါ်နေပါတယ်။

နယ်သာလန် ကြယ်ပွင့်ဟာ သူ့ရဲ့ အသင်း အနေနဲ့ လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိထားတာကြောင့် အသင်း ပြောင်းရွှေ့လိုခြင်း မရှိပဲ ဘိုလော့ဂ်နာနဲ့ အတူ ဆက်လက် တိုက်ပွဲဝင်ချင်နေတာ ဖြစ်ပါတယ်။ ဇီးယက်ခ်ဇီးက “လောလောဆယ်တော့ ကျွန်တော့် စိတ်က ဘိုလော့ဂ်နာမှာပဲ ရှိတယ်။ ဒဏ်ရာ ကနေ ပြန်သက်သာချင်တယ်၊ ငယ်သူငယ်ချင်းတွေနဲ့ အမေရိကားမှာ ပျော်စရာကောင်းတဲ့ အားလပ်ရက်တွေ ဖြတ်သန်းပြီး ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာ စောင့်ကြည့်မယ်။ ကလပ် အတွက် အကောင်းဆုံး ဖြစ်နိုင်မယ့် အရာကို ရွေးချယ်မှာပါ။ ကျွန်တော့် နှလုံးသားထဲမှာ အဓိပ္ပါယ်ရှိတဲ့ အရာ ကိုပဲ လုပ်ဆောင်မှာပါ” လို့ Corriere di Bologna ကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒီလာမယ့် နွေရာသီ အာဆင်နယ်ရဲ့ ကစားသမား အပြောင်းအရွှေ့ကို အက်ဒူး ကပဲ ဆက်လက် ကိုင်တွယ်သွားမှာ ဖြစ်ပြီး သူလက်ရှိ လုပ်ဆောင်နေတဲ့ ကိစ္စတွေနဲ့ ပတ်သတ်လို့လည်း အခုလိုပဲ ဖွင့်ဟလာခဲ့ပါတယ်။

အက်ဒူးက “ကစားသမား အပြောင်းအရွှေ့တွေဟာ ရက်သတ္တပတ်များစွာ ကြာတဲ့ ကိစ္စပါ။ ကျွန်တော့်စားပွဲမှာ ကစားသမား တစ်ယောက် အတွက် စာမျက်နှာ ၁၈၀ ကျော်ရှိတဲ့ အစီရင်ခံစာတွေ ရှိတယ်။ အဲဒါက တကယ်ကို အသေးစိတ် အချက်အလက်တွေ ပါရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာ၊ နည်းစနစ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ပရိုဖိုင်တွေ၊ သူတို့မှာ ပရီးမီးယားလိဂ် အတွေ့အကြုံ ရှိမရှိ၊ လိုက်လျောညီထွေမှု ရှိအောင် ကစားနိုင်၊ မကစားနိုင် ဆိုတဲ့ အရာတွေကို စဉ်းစား အကဲဖြတ်ရပါတယ်။” “ကျွန်တော်တို့တွေ အားသာချက်၊ အားနည်းချက်တွေနဲ့ အတူ ဘယ်လိုမျိုး တိုးတက်နိုင်မလဲ ဘယ်လိုမျုး ရင်းနှီးမြှုပ်နှံနိုင်မလဲ ဆိုတာကို ခွဲခြမ်းစိတ်ဖြာပြီးတော့ ကစားသမားသစ်တွေကို ရှာဖွေနေပါတယ်။ ဇန်နဝါရီကတည်းက ကျွန်တော်တို့ ဘာလုပ်မယ် ဆိုတာကို ဆွေးနွေးနေပါတယ်။ ဒါက ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက် မဟုတ်သလို မီခဲလ်ရဲ့ ဆုံးဖြတ်ချက်လည်း မဟုတ်ပါဘူး။ ဒါဟာ ဘုတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။” လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်