ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် နောက်ခံ ဒီယိုဂို ဒါးလော့တ် ကတော့ မန်ချက်စတာဒါဘီ နိုင်ပွဲ အပြီးမှာ အသင်း အောင်မြင်ဖို့ အတွက် ဘာတွေ လိုအပ်နေသလဲ ဆိုတာ ပြောကြားလာခဲ့ပါတယ်။ ဒါးလော့တ်က ယူနိုက်တက် အနေနဲ့ အောင်မြင်မှု တွေ ရယူချင်တယ် ဆိုရင်တော့ ကြိုးစားအားထုတ်မှု၊ ခံနိုင်ရည်ရှိမှုနဲ့ ဒုက္ခခံနိုင်မှုတွေ ရှိရမှာ ဖြစ်ကြောင်း ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။
ဒါးလော့တ်က သူတို့တွေ အနေနဲ့ နည်းပြသစ် အမော်ရင် လက်အောက်မှာ အောင်မြင်မှုတွေ ပြန်လည် ရယူနိုင်ဖို့ အတွက် လုပ်ကို လုပ်ရမယ့် အချက်တွေ ရှိနေတယ်လို့ အခုလိုပဲ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ ဒါးလော့တ်က “ဆိုလိုချင်တာက အစ ကတည်းက ရှင်းလင်းပါတယ်။ ဒီကလပ်မှာ အောင်မြင်ချင်တယ် ဆိုရင်တော့ အလုပ် ကြိုးစားရမယ်။ ဒုက္ခခံနိုင်ရမယ်။ ခံနိုင်ရည် ရှိရမယ်။ ဒီလို လုပ်ဆောင်ဖို အဆင်သင့် ဖြစ်နေပြီ ဆိုရင်တော့ ယူနိုက်တက်က အသင်းကောင်း တစ်သင်း ဖြစ်လာပါလိမ့်မယ်။ အဲ့ဒီလိုမှ မဟုတ်ရင်တော့ ဒီအသင်းမှာ နေရာရှိမှာ မဟုတ်ပါဘူး။ ဒါဟာ ဘောလုံးမှာ သာမကပဲ လူနေမှု ဘဝ မှာလည်း ဒီလို လုပ်ဆောင်ရမှာ။ အောင်မြင်ချင်တယ် ဆိုရင်တော့ ဒုက္ခခံပြီး ကြိုးစားရပါလိမ့်မယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
ဆက်လက်ပြီး ဒါးလော့တ်က “တကယ်တော့ ကျွန်တော် တို့က တစ်ဆင့်ပြီး တစ်ဆင့်ပဲ သွားရမယ်။ နည်းပြသစ် လက်အောက်မှာ ကျွန်တော် တို့က တိုးတက်နေပါပြီ။ ကျွန်တော်တို့ သွားချင်တဲ့ နေရာကို တက်လှမ်းနိုင်ဖို့ အရမ်းကို ကောင်းတဲ့ ခြေလှမ်းတွေနဲ့ စတင် လှမ်းတက်နေပါပြီ။ ဒါပေမယ့် အချိန်တော့ ယူရပါမယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။
ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်က နည်းပြသစ် ရူဘင် အမော်ရင် လက်ထက်မှာ အသင်းတွင်း ပြောင်းလဲမှု များစွာ ဖြစ်ပေါ်နေခဲ့တာပါ။ နည်းပြ အမော်ရင် အနေနဲ့ အသင်း အတွက် အကျိုးမပြုနိုင်မယ့် ကစားသမားတွေကို ရှင်းထုတ်ဖို့ ကြိုးစားနေတာ တွေ့ရပြီးတော့ ခြေစွမ်း ကျဆင်းနေတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ ဂါနာချို တို့ကို အရေးကြီးတဲ့ မန်ချက်စတာ ဒါဘီမှာ လူစာရင်း ကနေ ချန်လှပ်ခဲ့ပါသေးတယ်။ ဒါ့အပြင် ယူနိုက်တက် တာဝန်ရှိသူတွေက ရက်ရှ်ဖို့ဒ်ကို ရောင်းထုတ်မယ့် အစီအစဉ်ကိုလည်း အမော်ရင်က သဘောတူညီထားခဲ့တယ်လို့လည်း သိရပါတယ်။
ဒါပေမယ့်လည်း ပရီးမီးယားလိဂ် ကလပ်က ဂါနာချိုကို အသင်း ကနေ ရှင်းထုတ်သွားဖို့ အစီအစဉ် မရှိပေမယ့်လည်း ခြေစွမ်းပိုင်း တိုးတက်လာ၊ မလာ ကိုတော့ စောင့်ကြည့်သွားဖို့ ရှိနေပါတယ်။ အသက် ၂၇ နှစ် အရွယ် မားကပ်စ် ရက်ရှ်ဖို့ဒ် ကတော့ လာမယ့် ဆောင်းရာသီမှာ အသင်း ကနေ ကျိန်းသေပေါက် ရောင်းထုတ်သွားဖို့ ရှိနေပြီးတော့ သူ့ကို ရောင်းချလို့ ရတဲ့ ငွေနဲ့ ယူနိုက်တက်က ထိပ်တန်း တိုက်စစ်မှူး တစ်ဦး ပြန်လည် ခေါ်ယူ အားဖြည့်သွားဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.